
၂၀၁၆ ခုနှစ်တွင် မှတ်တမ်း၌ အပြင်းထန်ဆုံး အယ်လ်နီညို ကြောင့် လူဆယ်သန်းခန့် ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဝေဒနာများ တိုးမြင့်ခံစားရနိုင်ဖွယ်ရှိကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောသည်။ အစွန်းရောက် ရာသီဥတုဖြစ်စဉ်ကြောင့် အချို့ဒေသများတွင် မိုးခေါင်မှုနှင့် အချို့ဒေသများတွင် ရေကြီးမှုများ မြင့်တက်လာနိုင်စေသည်။











