Tuesday, 12 May 2015

အင်ဒိုနီးရှားသို့ ရောက်လာသည့် ဘင်္ဂလီဒုက္ခသည်များကို ပင်လယ်တွင်းသို့ ပြန်ဆွဲချ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လှေဖြင့် ဝင်ရောက်လာသည့် ရာပေါင်းများစွာသော ဒုက္ခသည်များကို အင်ဒိုနီးရှားနိုင်ငံက ၎င်းရေပိုင်နက်ပြင်သို့ ပြန်လည်ဆွဲပို့ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မေ ၁၂ ရက်က ပြောသည်။

ဗုဒ္ဓဘာသာဝင်မိန်းမများအား ဘာသာကူးပြောင်းစေပါက ချမှတ်မည့် ထောင်ဒဏ် လျှော့ချရန် လွှတ်တော်သို့ အစီရင်ခံစာတင်

ဗုဒ္ဓဘာသာဝင် မိန်းများအား ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မှုကို စွန့်လွှတ်စေပြီး အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုစေရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက် မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက်မပိုသောထောင်ဒဏ်သို့ လျှော့ချပြင်ဆင်ရန် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက မေလ ၁၁ ရက်တွင် အမျိုးသား လွှတ်တော်သို့ အစီရင်ခံစာတင် သွင်းသည်။
မျိုးစောင့်ဥပဒေများဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းတွင်ပါရှိ သော ပြစ်ဒဏ်များလျှော့ချသည့်အစီရင်ခံစာကို မေလ ၁၁ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အား နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကိုစွန့်လွှတ်စေပြီး အခြားဘာသာတစ်မျိုးမျိုးသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက် မပိုသော ထောင်ဒဏ်သို့လျှော့ချပြင်ဆင်ရန် မေလ ၁၁ ရက်က အမျိုးသားလွှတ်တော်သို့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ တင်သွင်းသော အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင်ပါရှိသည်။

ဂျရတ်၏ အန်ဖီးလ်ကွင်း နောက်ဆုံးနှုတ်ဆက်ပွဲ လက်မှတ်ဈေးနှုန်း ပေါင် ၂၀၀၀ ထိမြင့်တက်

လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ အန်ဖီးလ်ကွင်း နောက်ဆုံး နှုတ်ဆက်ပွဲစဉ် လက်မှတ် ဈေးနှုန်းမှာ မှောင်ခိုဈေးကွက် တွင် ပေါင် ၂၀၀၀ အထိ မြင့်တက်လျက်ရှိသည်။

ဆော်ဒီအာရေဗျ ဦးဆောင်သော မဟာမိတ်တို့ ယီမင်တွင် လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်ဟု အီရန်စွပ်စွဲ

ယီမင်နိုင်ငံရှိ ဟော်တီသူပုန် ပစ်မှတ်များကို ဆော်ဒီအာရေဗျ ဦးဆောင်သော အာရပ်မဟာမိတ် အုပ်စု၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု တစ်ရပ်ပင် ဖြစ်သည်ဟု အီရန်နိုင်ငံက ပြစ်တင် ရှုတ်ချ လိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

မန္တလေးနှင့် စစ်ကိုင်းတွင် မိုးခေါင်ပြီး အပူရှိန်မြင့်မားသဖြင့် သောက်ရေအခက်အခဲ ဖြစ်ပေါ်နေ

စစ်ကိုင်းမြို့နယ် ဆည်လေးကျေးရွာတွင် သုံးရေခပ်နေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးရှိ ကျေးရွာများ တွင် မိုးခေါင်ပြီး အပူရှိန်မြင့်မား မှုကြောင့် ရေကန်များ ခန်းခြောက် ကာ သောက်ရေအခက်အခဲဖြစ် ပေါ်နေကြောင်း သတင်းရရှိသည်။မန္တလေးတိုင်းဒေသကြီးရှိ တောင်သာ၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့ နယ်တို့ရှိ ကျေးရွာ ခြောက်ရွာတွင် သောက်ရေ ကန်များ ခန်းခြောက် နေသည့်အတွက် ရေကားများဖြင့် ပို့ဆောင်ပေးနေပြီး စက်မောင်း၍ ရေပေးဝေ မှုလည်း ပြုလုပ်နေ ကြောင်း တိုင်းဒေသကြီး ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးနိုင် အောင်က ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်း အဆင့် မဖြစ်သေးသော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ မိုးတိမ်တောင် အန္တ ရာယ် ရှိနေသေးကြောင်း မိုးလေ၀သ နှင့်ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသည်။

လွှမ်းပိုင်နှင့် ထိုင်းမင်းသမီး ကရဗီတို့ ဗီဒီယိုရိုက်မည်

Bo Bo Film Production က အဆိုတော် လွှမ်းပိုင်နှင့် မြန်မာနိုင်ငံတွင် ပြသခဲ့သည့် ‘ဘယ်လို အချစ်မျိုးလဲ’ ထိုင်း-မြန်မာ ရုပ်ရှင် ဇာတ်ကားထဲမှ ထိုင်းမင်းသမီး ကရဗီ (Korravee) တို့နှင့် မေလတွင် ဗီဒီယို ဇာတ်ကား ရိုက်ကူးရန် စီစဉ် ထားကြောင်း Bo Bo Film Production မှ ကိုဘိုဆန်းက မဇ္ဈိမကို ပြောသည်။ ထိုဇာတ် ကားကို 67 Plaza ဟု အမည်ပေးထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် သည်ခေတ်နေက ရိုက်ကူးပုံဖော်မည် ဖြစ်သည်။ သရုပ်ဆောင်များအဖြစ် အဆိုတော် လွှမ်းပိုင်၊ ထိုင်း မင်းသမီး ကရဗီတို့ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

အလှပြင်ဆိုင်အမည်ခံ အနှိပ်ခန်း မန်နေဂျာနှင့် အမျိုးသမီး အနှိပ်ဝန်ထမ်း များကို ထောင်ဒဏ်ချမှတ်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် တရားမဝင် အနှိပ်ခန်းများမှ မန်နေဂျာနှင့် အနှိပ်ဝန်ထမ်း အမျိုးသမီးများကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

RCSS/SSA အဖွဲ့မှ ဒေသခံရွာသားများအား သစ်၊၀ါးများခုတ်ပါက ဆက်ကြေး ငွေပေးရန် ခြိမ်းခြောက်တောင်းခံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ၀မ်ဆစ်ကျေးရွာအုပ်စု၊ ဟိုက်ကွေ့ကျေးရွာအုပ်စုနှင့် နောင်လုံ ကျေးရွာ အုပ်စုများမှ ဒေသခံရွာသားများအား မေ ၉ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ သစ်ဝါးများ ခုတ်ပါက ဆက်ကြေးငွေ ပေးရန် ခြိမ်းခြောက်ထားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

သစ်မှောင်ခိုမှု KIA ပါသည့် သံသယကြောင့် စစ်တပ် ထိုးစစ်ဆင်ခြင်းဖြစ်နိုင်

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံbက် ခိုးထုတ်တဲ့ သစ်မှောင်ခိုမှုတွေ မှာ ဒေသခံ KIA တပ်တွေ ပါဝင် ပတ် သက် နေတယ်လို့ မြန်မာအစိုးရဘက်က သံသယ၀င်နေတာကြောင့် KIA တပ်တွေကို အစိုးရတပ် တွေက လာရောက် တိုက်ခိုက်တဲ့ သဘောဖြစ်တယ်လို့ ယူဆကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့က ပြောပါတယ်။ KIA တပ်bက်ကတော့ သစ်မှောင်ခိုမှုမှာ သူတို့ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆို ထားပါ တယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

လူနာများ၏ ဆေးကုသစရိတ် ထက်ဝက်နီးပါးခန့် လျှော့ချခြင်းကြောင့် အစိုးရဆေးရုံများကို ပြည်သူများ ပိုမိုအားထားလာ

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး၊ အထူးကုပြင်ပ လူနာဌာနသို့ လာရောက်ကြသူများအား မေ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အစိုးရသစ်လက်ထက် ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်ခဲ့ပြီး လူနာများ ဆေး ကုသမှု အတွက် ငွေကြေးကုန်ကျမှု ထက်ဝက်နီးပါးခန့် လျှော့ချပေးခဲ့ခြင်းကြောင့် ပြည်သူ့ဆေးရုံများတွင် ဆေးကုသရသည့် လူနာဦးရေ သိသိသာသာ မြင့်တက်လာကြောင်း ပြည်သူ့ဆေးရုံကြီးများမှ သိရသည်။

ဖားသားလင်းန် ကုမ္ပဏီပိုင်ရှင်ကို ဗဟန်းတရားရုံးတွင် လိမ်လည်မှု လေးမှုဖြင့် ထပ်မံ တရားစွဲဆို

လိမ်လည်မှုများဖြင့် အမှု ရင်ဆိုင်နေရသော Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု လေးမှုဖြင့် မေ ၁၁ ရက်က ဗဟန်းမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ထားသည်ဟု အဆိုပါ တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လူမှောင်ခို ကွန်ယက်ကို ဖြိုဖျက်ဖို့ အီးယူ တောင်းဆို

မြေထဲပင်လယ်ကို ဖြတ်ကူးလာနေတဲ့ ဒုက္ခသည်တန်းကို အင်အားသုံးပြီး တားဆီးခွင့်ပြုတဲ့ အစီအစဉ်ကို ထောက်ခံဖို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖယ်ဒရီကာ မိုဂါရီးနီက ကုလ သမဂ္ဂ မှာ တောင်းဆိုခဲ့ပါတယ်။

KIA အဖွဲ့မှ ဒေသခံရွာသားများအား ဖမ်းဆီးကာ တိုက်ပွဲအတွင်း အသုံးချနေ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်လင်းပါကျေးရွာအုပ်စုအတွင်းရှိ လွေဆိုင်းနှင့် ဒုံခုံကျေးရွာ ပတ်ဝန်းကျင် တွင် နေထိုင်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက်ကာ ပေါ်တာဆွဲ သွား ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။ 

နေအိမ်တွင် အိပ်ပျော်နေသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

တာချီလိတ်မြို့ ကျေး ရွာတစ်ရွာတွင် ဟိုင်းလတ်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်ကို ဝင်ရောက် တိုက်မိခဲ့ရာ အိမ်ထဲ၌ အိပ်ပျော်နေသော အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်း မဇ္ဈိမလူမှု ကူညီရေး အသင်းမှ သတင်းရရှိသည်။

ဗုံးသီးဟောင်းထမ်းလာစဉ် ပြုတ်ကျ ပေါက်ကွဲ၍ လူတစ်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသ ကြီးတွင် ဗုံးသီးဟောင်းတစ်လုံး တွေ့သဖြင့် အမျိုးသားနှစ်ဦးထမ်း လာစဉ် ပြုတ်ကျပြီး ပေါက်ကွဲ သွားရာတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဗုဒ္ဓဘာသာဝင်မိန်းမများအား ဘာသာကူးပြောင်းစေပါက ချမှတ်မည့် ထောင်ဒဏ်လျှော့ချရန် လွှတ်တော်သို့ အစီရင်ခံစာတင်

ဗုဒ္ဓဘာသာဝင် မိန်းများအား ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မှုကို စွန့်လွှတ်စေပြီး အခြားဘာသာသို့ ကူးပြောင်းကိုး ကွယ်စေမှုမပြုစေရဆိုသည့်ပုဒ်မ ကိုကျူးလွန်ပါက ငါးနှစ်ထက် မပိုသောထောင်ဒဏ်အစား ၂ နှစ်ထက်မပိုသောထောင်ဒဏ်သို့ လျှော့ချပြင်ဆင်ရန်အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက မေလ ၁၁ ရက်တွင် အမျိုးသား လွှတ်တော်သို့ အစီရင်ခံစာတင် သွင်းသည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် သမ္မတနှင့် တရုတ်နိုင်ငံတော်ကောင်စီအထွေထွေအတွင်းရေးမှူး တွေ့ဆုံ

သမ္မတဦးသိန်းစိန်နှင့်တရုတ်နိုင်ငံကောင်စီ အထွေထွေအတွင်းရေးမှူး နေပြည်တော်၌တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ−MOI)
မြန်မာ-တရုတ်နှစ်နိုင်ငံ ကြား ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး နှင့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB)တွင် ပူးပေါင်းဆောင်ရွက်ရေးတရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အထွေ ထွေအတွင်းရေးမှူး မစ္စတာ ယန်ကျင်းသည် နေပြည်တော်တွင် မေလ ၁၁ ရက်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အင်ဒိုနီးရှားရှိ မြန်မာရေလုပ်သား ဒုက္ခသည်တစ်ရာကျော်ကို မြန်မာ့လေကြောင်းက အခမဲ့ခေါ်ဆောင်ပေးမည်

မေလ ၉ ရက်က ပထမဆုံးအသုတ်အဖြစ် မြန်မာရေလုပ်သား ၁၅ ဦး ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အင်ဒိုနီးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ရောက်ရှိနေ သော မြန်မာရေလုပ်သားများအနက် လူတစ်ရာကျော် ကို မေလ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) က လေယာဉ်တစ်စီးဖြင့် ပြည် တွင်းသို့ အခမဲ့ပြန်လည်ခေါ်ဆောင်ပေး မည်ဖြစ်ကြောင်း ကမ္ဘောဇလုပ်ငန်းစုက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင် ဦးခင်လှိုင် (ဇောတိက) က ဦးရဲထွဋ် ထံ သို့ အကြောင်းပြန်စာတွင် ပါရှိသည့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က အများပြည်သူ အပန်းဖြေမည့်နေရာအား ဗိုလ်မှူးဝဏ္ဏ(ငြိမ်း) ဆိုသူကို မတန်တဆ ဈေးနှုန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ဟု သိရ

ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း ဧရိယာအတွင်းရှိ ငှားရမ်းထားသော နေရာအား တွေ့ရစဉ် 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၇)ဖြစ်သူ ဦးခင်လှိုင်(ဇောတိက)က ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာမှတစ်ဆင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံသို့ ဗိုလ်တထောင်ဆိပ်ကမ်းရှိ အမှိုက် များ၊ ခွေးလေခွေးလွင့်များကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်စာတွင် “ဦးရဲထွဋ် နှာစေးနေသည့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဆိပ်ကမ်းနယ်မြေရှိ ပြည်သူများ အပန်းဖြေမည့်နေရာအား တစ်လ ကျပ်ငါးသိန်းဖြင့် တပ်မတော်အရာရှိ တစ်ဦးကို  ၁၀ နှစ်ငှားရမ်းပေးရန် စီမံဆောင်ရွက်ထားသော အဆောက် အအုံဓာတ်ပုံ” ကို ထည့်သွင်းဖော်ပြခဲ့ရာ ယင်းသို့ ငှားရမ်းထားခြင်းမှာ ဗိုလ်မှူးဝဏ္ဏ(ငြိမ်း) ဆိုသူ (စာရေးဆရာမာဂျေ) အား ဖြစ်ကြောင်း သိရသည်။