ဗုဒ္ဓဘာသာဝင် မိန်းများအား ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မှုကို စွန့်လွှတ်စေပြီး အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုစေရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက် မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက်မပိုသောထောင်ဒဏ်သို့ လျှော့ချပြင်ဆင်ရန် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက မေလ ၁၁ ရက်တွင် အမျိုးသား လွှတ်တော်သို့ အစီရင်ခံစာတင် သွင်းသည်။
မျိုးစောင့်ဥပဒေများဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းတွင်ပါရှိ သော ပြစ်ဒဏ်များလျှော့ချသည့်အစီရင်ခံစာကို မေလ ၁၁ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အား နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကိုစွန့်လွှတ်စေပြီး အခြားဘာသာတစ်မျိုးမျိုးသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက် မပိုသော ထောင်ဒဏ်သို့လျှော့ချပြင်ဆင်ရန် မေလ ၁၁ ရက်က အမျိုးသားလွှတ်တော်သို့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ တင်သွင်းသော အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင်ပါရှိသည်။