ပွဲစားမှ အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံအတွင်း လိမ်လည်ခေါ်ဆောင်၍ မဟာချိုင်ဈေးအနီး တစ်ဝိုက်တွင် ထားခဲ့ခြင်း ခံခဲ့ရ သည့် အသက် ၂ဝအရွယ်ရှိ မြန်မာအမျိုးသမီး ငယ်တစ်ဦးအား ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အ ရေး ကွန်ရက်(MWRN) တို့၏အကူ အညီဖြင့် မြန်မာ နိုင်ငံသို့ပြန် လည် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Friday, 8 May 2015
မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန် ကျိုင်းတုံမြို့သို့ရောက်ရှိ

ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွှေပြားသင်္ကန်းကပ်လှူနေစဉ်
မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့ နယ်သို့ ရောက်ရှိနေကြောင်း သိရသည်။
မောတောင်-ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ် အဆင့်မြှင့်တင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆွေးနွေး

Photo Caption: မောတောင်-ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ်ကိစ္စ ဆွေးနွေး နေစဉ် Photo: ဒီမိုသွေး(မြိတ်)
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်ချင်း ဆက်သွယ် ထားသော မော တောင်- ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ်အား အဆင့်မြှင့်ခြင်း နှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေ ပွဲကို မေ ၆ရက် ညနေ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ကျန်းမာရေးစောင့်ရှောက်မှု အာမခံအမျိုးအစား တစ်ယူနစ်လျှင် ကျပ်ငါးသောင်းဖြင့် ဇွန် ၁ရက်၌ စတင်ရောင်းချမည်
ကျန်းမာရေးစောင့်ရှောက်မှုအာမခံအမျိုးအစားကို တစ်ယူနစ်လျှင်ငွေကျပ် ငါးသောင်း ဖြင့် ဇွန် ၁ရက်မှ စတင်ကာ ရောင်းချ နိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသတင်းရရှိသည်။
မြစ်ကြီးနားအကျဉ်းထောင်အတွင်းတရုတ်နိုင်ငံသားအကျဉ်းသားနှင့် မြန်မာနိုင်ငံ သား အကျဉ်းသားအချို့ ရန်ဖြစ်ရာမှ ထောင်ဝန်ထမ်းများ ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး အကျဉ်းသား ၁၀ ဦး ဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်အတွင်း မေ ၆ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသား အကျဉ်း သားများနှင့် မြန်မာနိုင်ငံသား အကျဉ်းသားအချို့ ခိုက်ရန်ဖြစ်ပွားရာ ထောင်လုံခြုံရေးများ ၀င်ရောက် ထိန်း သိမ်းပြီးနောက် အကျဉ်းသား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြာင်း ပြည်နယ်ရဲဌာ နနှင့် ပြည်နယ် အစိုးရဌာနများမှ သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များ ယနေ့တွေ့မည်
သမ္မတဦးသိန်းစိန်နှင့် ‘၀’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (မိုင်းလား) ခေါင်းဆောင်များ ယနေ့ မေလ ၈ ရက်တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံ ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
KIA ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲပြီး ဒဏ်ရာ ရရှိ ခဲ့သော ဒေသခံများ မိုင်းလျော်ကြေး ပေးဆောင်ရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အတွင်းရှိ ဒေသခံလူငယ် ၂ ဦးသည် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် KIA အဖွဲ့ဝင်များမှ ပျက်စီးဆုံးရှုံးသွားသော မိုင်းတစ်လုံးတန်ဖိုးအား လာရောက် တောင်းရမ်း သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ပန်ဆန်း နိုင်ငံရေးအမြတ်ထုတ်ပွဲနှင့် အသုံးချခံလိုက်ရသော တိုင်းရင်းသားခေါင်းဆောင်များ

မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်း အဝေးကြီး မနေ့က ပြီးဆုံးသွား ပါပြီ။ ပန်ဆန်းအစည်းအဝေးက နိုင်ငံတော်အတွက် ဘာတွေရလိုက်သလဲ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ဘာတွေရလိုက်သလဲ။ ပြည်သူတွေ ဘာရလိုက်သလဲ။ ခြုံငုံသုံးသပ်ကြည့်ရင် နိုင်ငံအတွက်၊ ပြည်သူ အတွက် ထူးထူးခြားခြားရလိုက်တာ တစ်ခုမှမရှိပါဘူး။ တိုင်းရင်းသားပြဿနာနဲ့ ငြိမ်းချမ်းရေးပြဿနာ အတွက် ရလဒ်ကောင်းတွေလည်း မရရှိလိုက်ပါဘူး။ မူးယစ်ဆေးဝါးထုတ်လုပ်မှုကိစ္စ လျှော့ချရေးပြဿနာ မဆွေးနွေးခဲ့ရပါဘူး။ ဒါပေမယ့် “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အတွက် ပန်ဆန်း အစည်းအဝေးက အများကြီး အမြတ်ကျန်ခဲ့ ပါတယ်။ ပြည်နယ်ခွဲထွက်ခွင့်ကို ထိပ်သီး တိုင်းရင်းသား ခေါင်းဆောင် အားလုံးရှေ့မှာ တောင်းဆိုနိုင်ခဲ့ပါတယ်။ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) ဘက်က အဖွဲ့ဝင်အဖြစ် ဝင်မထားတဲ့ NCCT အဖွဲ့ကို ပြိုကွဲအောင်လုပ်နိုင်ခဲ့တဲ့အပြင် လက်မှတ် ထိုးထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ခိုင်းခြင်းဖြင့် NCCT ခေါင်းဆောင်တွေကို အရှက်ရစေ ခဲ့ပါ တယ်။ နောက်ဆုံးတစ်ချက်ကတော့ ကမ္ဘာမှာ ဒုတိယအများဆုံး ဘိန်းထုတ် လုပ်နေမှုနဲ့ နာမည်ပျက် နေခြင်းကို ဖုံးကွယ်နိုင်ခဲ့ပါတယ်။
"ဝ" ပြည်နယ်တောင်းခံမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)က တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်ကို ၂၀၁၅ခုနှစ် မေလ ၁ရက်မှ ၆ရက်အထိ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့တွင် အများစုက ထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
"ဝ" ပြည်နယ် တောင်းခံမှုကို UWSA၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက အစည်းအဝေး ပထမနေ့ မေ ၁ရက်က တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ် အတွင်းရှိ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ် နှင့် ပန်ဝိုင်မြို့နယ် ခြောက်မြို့နယ်အား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
"ဝ" အဖွဲ့က ယခုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တောင်းခံမှုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာသူ အချို့၏ အမြင်များကို မဇ္ဈိမက စုစည်း တင်ပြလိုက်သည်။

မိုးနောက်ကျ၍ ဒလမြို့နယ်တွင် နွေရာသီ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ
နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့နေရသည့် ဒလမြို့နယ်၏ ရေပြတ်လပ်မှု ပြဿနာမှာ ယခုနှစ်တွင်လည်း မပြေလည်သေးဘဲ မိုးဦးကျ နောက်ကျနေသည့်အတွက် ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာသည်ဟု ဒလမြို့နေ ဒေသခံများ ထံမှ သိရသည်။
ဒလဒေသခံ တစ်ဦးဖြစ်သည့် ကိုအေးကျော်က “ ဒီနှစ်ကတော့ ပိုဆိုးတယ်လို့ဆိုရမယ်။ မိုးရေလှောင် ကန်တွေ ထဲမှာ ရေကျန်မရှိတော့သလောက်ပဲ။ ကန်တွေထဲမှာ ရေက တစ်ထွာလောက်ပဲ ကျန်တော့တယ်။ အနည်တွေနဲ့ ဘယ်လိုမှ သုံးမရတာမျိုး ဖြစ်လာပြီ။ ရေလာလှူတာကိုပဲ သုံးနေကြရတယ်။ ပေရှစ်ရာကျော် အထိရေကန် တူးဖူးတယ်၊ ရေချိုမထွက်ဘူး”ဟုဆိုသည်။

Thursday, 7 May 2015
နီပေါငလျင် သေဆုံးသူပေါင်း ၈၄၃၁ ရှိပြီ
နီပေါငလျင်ကြောင့် သေဆုံးသူပေါင်း ၈၄၃၁ ဦး ရှိလာပြီဟု နီပေါကြက်ခြေနီက ပြောသည်။ ထိခိုက်ဒဏ်ရာရသူ ၁၇၅၆၇ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၆၀ ဦး ရှိကြောင်း ယနေ့ထုတ်ပြန်သည်။ ငလျင်လေ့လာရေး ပညာရှင်များ၊ နိုင်ငံရေး သမားများနှင့် မြို့တော် ခတ္တမန္ဒူ မြို့ခံများမှာ ပြင်း ထန်သော ငလျင်တခု ဖြစ်ပွားလာမည်ကို စိုးရိမ်နေခဲ့ ကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အကြောင်းမှာ နှစ်သန်းပေါင်း များစွာ ဖြစ်တည်လာသော တိုက်ကြီး ၂ တိုက်တွန်းတိုက်မှုကြီးကြောင့် ဖြစ်သည်။
လပွတ္တာ နာဂစ်ဒုက္ခသည်များ အမြန်ဆုံး ဖယ်ရှားရန် သတိပေးစာထုတ်
လပွတ္တာမြို့ အနီးရှိ ၃ မိုင်မြို့သစ်တွင် တဲအိမ်များ ဆောက်လုပ် နေထိုင်ကြသည့် နာဂစ် ဒုက္ခသည်များ၏ နေအိမ်များအား အမြန်ဆုံး ဖယ်ရှားပေးရန် လပွတ္တာမြို့နယ် အုပ်ချုပ်ရေးရုံးက မေ ၆ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“သတိပေးစာကို မနေ့က ညနေပိုင်းမှာ ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းနဲ့ ရဲတချို့က လာပေးသွားတယ်။ အိမ်တွေမှာလည်း စာတွေ ကပ်သွားတယ်” ဟု ထိုကျုးကျော်တဲများတွင် နေထိုင်သည့် နာဂစ်ဒုက္ခသည် ကိုဆန်းဦးက ဧရာဝတီကို ပြောသည်။
“၀” က ပြည်နယ်လိုချင်သတဲ့လား ?
ပန်ဆန်းညီလာခံကျင်းပပေးခြင်းရဲ့ အဓိကရည်ရွယ်ချက်က တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကိစ္စကို တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့လို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် တကယ်တမ်းလက်တွေ့ အကောင်အထည် ဖော်ချင်တာက “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုရေးကိစ္စဖြစ်နေတာကို တွေ့ရပါတယ်။ “၀” ခေါင်းဆောင်တွေရဲ့ အကြံအစည် အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့လုံး အရူးလုပ်ခံလိုက်ရတာပါပဲ။ ဒါပေါ့ဗျာ…လူဆိုတာ ကိုယ့်အကျိုးစီးပွား မရဘဲနဲ့ သူတစ်ပါး အကျိုးစီးပွားကို အလကားမကူညီဘူးဆိုတာလေ။ “၀” က သူ့အကျိုးစီးပွားအတွက် တိုင်းရင်းသား ညီလာခံကို အသုံးချလိုက်တာလို့ ပြောချင်ပါတယ်။
ကန်ဒေါ်လာတန်ဖိုးမြင့်ချိန်တွင် ပုဂ္ဂလိကဘဏ်များ ဒေါ်လာထိန်းရောင်း
အမေရိကန်ဒေါ်လာ တန်ဖိုးဆက်တိုက်မြင့်တက်လာ ချိန်တွင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များက လူတစ်ဦးချင်းအ လိုက် ဒေါ်လာရောင်းချမှုကို ပမာ ဏများစွာ လျှော့ချထားကြောင်း သတင်းရရှိသည်။
‘‘ဗဟိုဘဏ်က ခွင့်ပြုတဲ့ဈေး နဲ့အပြင်ဈေးက အရမ်းကွာလာ တော့ ဘဏ်တွေက ထိန်းတဲ့သ ဘောပါ’’ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဗဟို ဘဏ်သည် ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို အမေရိကန်ဒေါ်လာ ကျပ်ငွေလဲနှုန်းအားဒေါ်လာတစ် ယူနစ်လျှင် ကျပ် ၁,၀၈၀ သာ သတ်မှတ်ပေးသည်။ ဗဟိုဘဏ် ၏ ခွင့်ပြုချက်တွင် သတ်မှတ်ထား သောနှုန်းထားမှ ရှစ်ကျပ်ခန့်အ တိုးအလျှော့လုပ်ခွင့်ပေးထားသ ဖြင့် ပုဂ္ဂလိကဘဏ်များမှ အများဆုံး ရောင်းချနိုင်သည့် ကန်တစ်ဒေါ်လာတန်ဖိုးမှာ ဈေး ၁,၀၈၈ ကျပ်ခန့်သာရှိသည်။

တက္ကသိုလ်ပေါင်းစုံ နှီးနှောဖလှယ်ပွဲ မေလလယ်တွင် ပြုလုပ်မည်
လာမည့်ပညာသင်နှစ် တွင် စတင်မည့် တက္ကသိုလ်ဝင်ခွင့် ပုံစံ ရွေးချယ်မှုအပါအ၀င် အဆင့် မြင့် ပညာကဏ္ဍ တက္ကသိုလ်ပေါင်း စုံ နှီးနှောဖလှယ်ပွဲကို မေလလယ် တွင် ရန်ကုန်မြို့ စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သတင်းရရှိသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ တွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ် မှု ပုံစံများ၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည့်အ ခါ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို မေ ၂၂ မှ ၂၅ ရက်အထိ လေးရက်ကြာ ဆွေး နွေးကြမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

ရာသီဥတုပူပြင်းသောကြောင့် မီးပွိုင့်မိသူများ အပူသက်သာရန် အချိန်လျှော့ပေး
ရာသီဥတုပူပြင်းနေ၍မီးပွိုင့်မိသူများ အပူဒဏ် သက်သာစေရန် အချိန်လျှော့ချထိန်းညှိပေးနေကြောင်းသတင်းရရှိသည်။
မန္တလေးမြို့ရှိ မီးပွိုင့်များကို စည်းကမ်းချက်ညီ မီးပွိုင့်စနစ်အ ဖြစ်စက်က ထိန်းညှိပေးသည့်စနစ် အသုံးပြုနေရာ ယာဉ်ကြောရှုပ် ထွေးသည့်နေရာများတွင်အများ ဆုံးစက္ကန့် ၉၀ခန့်ထိထားပေးရကြောင်း၊ နံနက်နှင့်ညတွင် ယာဉ်ကြောရှုပ်ထွေးတတ်သဖြင့် မီးပွိုင့်ကြာချိန်ကို ပုံသေသတ်မှတ်လျှော့ချရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မီးပွိုင့်ကြာချိန်လျှော့ချရန်ယာဉ်ထိန်းများက ခလုတ်ကိုင်ကာ ထိန်းညှိပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်းကိုကို ကပြောကြားသည်။

ဒေသအနှံ့တွင် အပူချိန်များ ဆက်လက်မြင့်တက်နိုင်
မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် နေ့အပူချိန်များ မြင့်တက်နေပြီး လာမည့်ရက် များ၌လည်း ဆက်လက်မြင့်တက်နေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေးသည်။
‘‘မေလမှာ နှစ်စဉ်ရင်ဆိုင်နေရတဲ့ အပူချိန်ဆိုပေမယ့် အရင်ရက်က မိုးရွာခဲ့ပြီး ဒီရက်တွေ နေပြန်ပူတာကြောင့် အပူချိန်က ရုတ်တရက်မြင့်တက်လာတာမျိုးဖြစ်တာ။ တာ။ နောက်ရက်တွေမှာ အပူ ချိန်ဆက်မြင့်နေနိုင်တာကြောင့် သတိထားဖို့ လိုတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။
မေလ ၆ ရက်က မြန်မာနိုင်ငံ ဒေသအနှံ့တွင် မေလတစ်လလုံး ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ် ထိ မြင့်မားခဲ့ကာ မြန်မာနိုင်ငံအ ထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ များ ဖြစ်သည့် မြင်းခြံ၊ ချောက်၊ မကွေး၊ မုံရွာ၊ ရေဦးနှင့် မင်းဘူး မြို့တို့တွင် အမြင့်ဆုံးဖြစ်ခဲ့ ကြောင်း မိုး/ဇလဌာနက သတင်း ထုတ်ပြန်ထားသည်။

ယာဉ်ပိုင်ရှင် အမည်ပေါက် ပြောင်းလျှောက်ရာတွင် အခွန်စိမ်းမလိုတော့
မော်တော်ယာဉ်ဝယ်ယူ ပြီး ကညန၌ ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာတွင် လိုအပ်သည့် အခွန်ပုံစံ(၁) အစိမ်း(အခွန်စိမ်း) အထောက်အထားကို ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်းရရှိ သည်။အခွန်စိမ်းပုံစံ(၁) ဆိုသည် မှာ ယခင်ယာဉ်ပိုင်ရှင်ဟောင်းက အခွန်ဆောင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးသည့် စာရွက်ဖြစ်ပြီး ယခု နောက်ပိုင်းတင်သွင်းလာသည့် ယာဉ်သစ်များမှာ ပြည်ပမှ တင် သွင်း၍ ဆိပ်ကမ်းကထုတ်ယူပြီး အသုံးပြုနေသည့် ယာဉ်များဖြစ် သည်။ ထို့ကြောင့် အခွန်ဆောင် ထားသည့် အထောက်အထားမရှိ သောကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက ပယ်ဖျက်ပေးခြင်းဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်မှာ လွန်ခဲ့သည် ၁၉၉၈-၁၉၉၉ က ယာဉ် အရောင်းအ၀ယ်ပြုလုပ်ခဲ့ သူများအတွက် ပြုလုပ်ခဲ့သည့် စီ မံချက်ဖြစ်ပြီး ၂၀၁၁ တွင် ယာဉ် တင်သွင်းမှု မူဝါဒပြောင်းလဲအပြီး အမည်ပြောင်းလျှောက်ထားသူ နည်းသွားကြောင်း တစ်နိုင်တစ် ပိုင် ကားတင်သွင်းသူ ကိုမြတ်မင်း ချစ်က ဆိုသည်။
ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား ‘၀’ ဒေသ မိုင်းမော မြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများ လိုက်လံပြသ

‘၀’ ဒေသ မိုင်းမောမြို့နယ်ရှိ လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေသူ များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ရှမ်းပြည်နယ် ပန်ဆန်း(ပန်ခမ်း) မြို့၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီး ခေါင်းဆောင် များ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင် များအား အိမ်ရှင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) က မေ ၅ ရက်တွင် ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများအား လိုက်လံပြသခဲ့သည်။
မြန်မာနိုင်ငံ အလယ်ပိုင်း မြို့နယ် ငါးခုတွင် အပူချိန် မြင့်မားဒေသခံများ သောက်သုံးရေ ပြဿနာ ရှိနေ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ဖြစ်သည့် မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မကွေးတိုင်း မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တို့တွင် အပူချိန် မြင့်မားလျက်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိကို ပြောသည်။
Subscribe to:
Posts (Atom)