Friday 8 May 2015

ကျန်းမာရေးစောင့်ရှောက်မှု အာမခံအမျိုးအစား တစ်ယူနစ်လျှင် ကျပ်ငါးသောင်းဖြင့် ဇွန် ၁ရက်၌ စတင်ရောင်းချမည်

ကျန်းမာရေးစောင့်ရှောက်မှုအာမခံအမျိုးအစားကို တစ်ယူနစ်လျှင်ငွေကျပ် ငါးသောင်း ဖြင့် ဇွန် ၁ရက်မှ စတင်ကာ ရောင်းချ နိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသတင်းရရှိသည်။

မြန်မာ့အာမခံလုပ်ငန်းမှကျန်း မာရေးစောင့်ရှောက်မှုအာမခံအမျိုး အစားအကောင်အထည်ဖော်နိုင်ရန် အစိုးရအဖွဲ့၏ခွင့်ပြုချက်ကိုရရှိပြီ ဖြစ်ခြင်းကြောင့် ဆေးရုံများနှင့်ချိတ် ဆက်ကာ တစ်နှစ်သတ်မှတ်ပြီး ဇွန် ၁ရက်တွင် တစ်ယူနစ်လျှင် ငွေကျပ် ငါးသောင်းဖြင့် စတင်ရောင်းချနိုင် ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ သိရသည်။

မြန်မာ့အာမခံလုပ်ငန်းမှ ဦး ဆောင်ညွှန်ကြားရေးမှူးဦးအေးမင်း သိန်းက ''ကမ္ဘာမှာထွက်နေတဲ့ကျန်းမာရေး စောင့်ရှောက်မှုအာမခံအမျိုး အစားတွေက အများကြီးရှိတယ်။ အဲဒီ အမျိုးအစားတွေကို တစ်ဆင့်ပြီး တစ်ဆင့် တက်နိုင်အောင် လုပ်ဆောင် သွားမှာပါ။ အခုစစချင်းမှာတော့ရိုး ရိုးလေးပဲ ကျန်းမာရေး စောင့်ရှောက် မှုအာမခံကို လုပ်ဆောင်သွားမယ်။ အစိုးရ အဖွဲ့ရဲ့ခွင့်ပြုချက်လဲ ရပြီ။ ဇွန် ၁ရက်နေ့မှာ ပိုင်းလော့ပရော ဂျက်အနေနဲ့ ရန်ကုန်မှာဖြစ်ဖြစ် မန္တလေးမှာဖြစ်ဖြစ် နှစ်ခုလုံးမှာဖြစ်ဖြစ် စတင်လုပ်သွား မယ်လို့စီစဉ်ထားတယ်။ ပိုင်းလော့ပရောဂျက်က အများဆုံး တစ်နှစ်ကြာမယ်။ ချို့ယွင်းချက်မရှိ အောင်တော့ ပြင်ထားတယ်။ လက် တွေ့မှာ ပြင်ဆင်သင့်တာထက် ပြင် ပြီး တစ်နိုင်ငံလုံးမှာရောင်းချလို့ရပါ ပြီ''ဟု ပြောသည်။

ယင်းအာမခံအမျိုးအစားကို ရောင်းချရာတွင် လူတစ်ဦးလျှင်အ များဆုံး ငါးယူနစ်အထိရောင်းချပေး သွား မည် ဖြစ်ပြီး ဆေးရုံတက်စရိတ်ကို တစ်ရက်လျှင် ကျပ် ၁၅၀၀၀ ဖြင့် ရက် သုံးဆယ်အထိ အကျိုးခံစားခွင့်ရရှိ မည်ဖြစ်ပြီး တစ်စုံတစ်ခုကြောင့် သေ ဆုံးခဲ့ပါက ငွေကျပ်ဆယ်သိန်းပေး လျော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးအေးမင်းသိန်းက''လူတစ်ဦး ကို အများဆုံး၅ယူနစ်အထိ ဝယ်လို့ရ တယ်။ တစ်ယူနစ်ကို တစ်စုံတစ်ခု ဖြစ်လို့ သေဆုံးသွားရင်ငွေဆယ်သိန်း ပေးလျော်မယ်။ ဆေးရုံတက်တဲ့အခါ မှာတစ်ရက်တစ်သောင်းခွဲနဲ့ ရက်ပေါင်း ၃ဝအထိ ဆေးရုံတက်လို့ရမယ်။ ရိုးရိုးဆေးရုံတက်ပြီး သုံးရက်မကြာ ဘဲ ပြန်ဆင်းတာတွေရှိတော့ ပထမ သုံးရက်ကိုတော့ မလျော်ပေးဘူး။ ဒါပေမဲ့ အက်ဆီးဒင့်ဖြစ်လို့ ဆေးရုံ တက်ရရင်တော့ ချက်ချင်း လျော်ပေး မယ်''ဟု ပြောသည်။

အဆိုပါကျန်းမာရေးအာမခံ အမျိုးအစားကို ဆေးရုံများနှင့်ချိတ်ဆက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်း အာမခံ အမျိုးအစားကို၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

TEEP
Democracytoday‬

No comments:

Post a Comment