Thursday 7 May 2015

ဒေသအနှံ့တွင် အပူချိန်များ ဆက်လက်မြင့်တက်နိုင်

 မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် နေ့အပူချိန်များ မြင့်တက်နေပြီး လာမည့်ရက် များ၌လည်း ဆက်လက်မြင့်တက်နေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေးသည်။
‘‘မေလမှာ နှစ်စဉ်ရင်ဆိုင်နေရတဲ့ အပူချိန်ဆိုပေမယ့် အရင်ရက်က မိုးရွာခဲ့ပြီး ဒီရက်တွေ နေပြန်ပူတာကြောင့် အပူချိန်က ရုတ်တရက်မြင့်တက်လာတာမျိုးဖြစ်တာ။ တာ။ နောက်ရက်တွေမှာ အပူ ချိန်ဆက်မြင့်နေနိုင်တာကြောင့် သတိထားဖို့ လိုတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။
မေလ ၆ ရက်က မြန်မာနိုင်ငံ ဒေသအနှံ့တွင် မေလတစ်လလုံး ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ် ထိ မြင့်မားခဲ့ကာ မြန်မာနိုင်ငံအ ထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ များ ဖြစ်သည့် မြင်းခြံ၊ ချောက်၊ မကွေး၊ မုံရွာ၊ ရေဦးနှင့် မင်းဘူး မြို့တို့တွင် အမြင့်ဆုံးဖြစ်ခဲ့ ကြောင်း မိုး/ဇလဌာနက သတင်း ထုတ်ပြန်ထားသည်။

မန္တလေးမြို့မှ ဒေသခံ ကိုထွန်းမင်းက မေလဆန်းမှ စတင်ကာ အပူချိန်သိသိသာသာ ခံစားနေရပြီး ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ရေဒီယို၊ ရုပ်/သံ များမှ သတိပေးနေသည်ထက် မြေပြင်တွင် ကွင်းဆင်းကာ လက် တွေ့ပညာပေးသင့်သည့် အခြေ အနေသို့ ရောက်ရှိနေကြောင်း အကြံပြုသည်။

‘‘ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ ကြားနေရတယ်။ ဦးနှောက် သွေးကြောပြတ်လို့တို့၊ နှလုံးခုန် တာ ရုတ်တရက်ရပ်ပြီး သေတာ တို့။ နေပူထဲက ပြန်လာတာနဲ့ အိမ်ရောက်တဲ့အချိန် သေဆုံး သွားတာတို့။ အပူချိန်ကလည်း နေ့ရော ညပါနေလို့ မရအောင် ပူနေတာ။ အပူဒဏ်ကြောင့် ဆောင်ရန် ရှောင်ရန်တွေကို လူ တွေ သတိထားမိအောင် ကျန်း မာရေးဝန်ကြီးဌာနက လုပ်ပေးစေ ချင်တယ်’’ဟု ကိုထွန်းမင်းက ပြောသည်။

ယခုရက်ပိုင်း ရင်ဆိုင်နေရ သည့် အပူချိန်မှာ မြင့်နေသော ကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာ ရေးအတွက် သာမန်အချိန်ထက် ပို၍ ဂရုစိုက်သင့်ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး မှ လက်ထောက်ဆရာဝန်တစ်ဦး က မေလ ၆ ရက်တွင် ပြောသည်။

‘‘ဒီလို ရာသီဥတု အခြေအ နေမှာ သတိပြုလိုက်နာရမယ့် အ ချက်တွေကို ရေဒီယို၊ ရုပ်သံနဲ့ သတင်းစာတွေကနေ သတိပေး ထားတယ်။ ကလေးငယ်တွေ၊ သွေးတိုးရောဂါရှိတဲ့သူ၊ အရက်၊ သောက်စားတတ်သူတွေ အပူ ဒဏ်ကို ပိုပြီး သတိထားနေထိုင် သင့်ပါတယ်’’ဟု ၎င်းကပြော သည်။
7 day

No comments:

Post a Comment