Friday 8 May 2015

မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန် ကျိုင်းတုံမြို့သို့ရောက်ရှိ

ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွှေပြားသင်္ကန်းကပ်လှူနေစဉ် 
မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့ နယ်သို့ ရောက်ရှိနေကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် မြန် မာ-လာအို ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မေ ရ ရက်က ကျိုင်းတုံမြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့်အတူ ပြည်ထဲရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်းအောင်၊ လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်ရီ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းရှိန်၊ ဆောက် လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး ကျော်လွင်နှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်း ဌေးတို့ လိုက်ပါလာကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများအပြင် ဒေသခံပလောင်၊ ရှမ်း၊ အာခါ၊ လားဟူ၊ လီဆူးနှင့် လွယ် တိုင်း ရင်းသားများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက လာရောက်ကြိုဆိုခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့ကိုရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် ကျိုင်းတုံမြို့ ရှိ သာသနာ့ဗိမာန်တွင် သံဃာတော် များ ကို ဖူးမြော်ကြည်ညိုခြင်း၊ မဟာမြတ် မုနိဘုရားနှင့် ရပ်တော်မူဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး လွယ် မွေရှိ စတုရဋ္ဌသုမင်္ဂလညောင်ပင်ကို ကိုယ် တိုင်စိုက်ပျိုးခဲ့သည့်အပြင် ကျိုင်းတုံ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် ကျိုင်းတုံတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုခဲ့သည်။

YM, KTLP
Democracytoday‬

No comments:

Post a Comment