Friday 8 May 2015

မြစ်ကြီးနားအကျဉ်းထောင်အတွင်းတရုတ်နိုင်ငံသားအကျဉ်းသားနှင့် မြန်မာနိုင်ငံ သား အကျဉ်းသားအချို့ ရန်ဖြစ်ရာမှ ထောင်ဝန်ထမ်းများ ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး အကျဉ်းသား ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်အတွင်း မေ ၆ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသား အကျဉ်း သားများနှင့် မြန်မာနိုင်ငံသား အကျဉ်းသားအချို့ ခိုက်ရန်ဖြစ်ပွားရာ ထောင်လုံခြုံရေးများ ၀င်ရောက် ထိန်း သိမ်းပြီးနောက် အကျဉ်းသား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြာင်း ပြည်နယ်ရဲဌာ နနှင့် ပြည်နယ် အစိုးရဌာနများမှ သတင်းရရှိသည်။ 

ဒဏ်ရာရရှိသော တရုတ်နိုင်ငံသားများသည် သစ်ခိုးထုတ်မှုဖြင့် အကျဉ်းကျနေ သူများဖြစ်ပြီး သောကြာနေ့ တွင် ရုံးထုတ်မည့် တရုတ်နိုင်ငံသားများ ပါဝင်နေကြောင်း သိရသည်။ 

ဖြစ်စဉ်အရ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင် အိပ်ဆောင်(၆)အပေါ်ထပ်တွင် နံနက် တန်းဖွင့်တန်းစီ လူစစ်ဆေးနိုင်ရေး အတွက်အကျဉ်းသား/အချုပ်သားများအား အိပ်ရာသိမ်း ဆောင်ရွက်နေ စဉ် မြန်မာနိုင်ငံသား အချုပ်သားတစ်ဦးနှင့် တရုတ်နိုင်ငံသား အချုပ်သား တစ်ဦးတို့ အိပ်ရာခင်း နင်းမိသည့် ဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံသားလေးဦးက ယင်းအချုပ်သားအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သောကြောင့် တာဝန်ကျ ၀န်ထမ်းများက ဖျန်ဖြေပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ကျ ၀န်ထမ်းများက အိပ်ဆောင်များ ဖွင့်လှစ်ရန် အကျဉ်းသားများအား တန်းစီထိုင်ခိုင်းစဉ် တရုတ်နိုင်ငံသား အကျဉ်းသားများက အခန်းလူကြီးနှင့် စည်းကမ်းထိန်းများအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များအား ထောင်ဝန်ထမ်းများက သွားရောက်ထိန်းသိမ်းရာ မချေမငံ ပြန်လည် ပြောဆို ခြင်း၊ စည်းကမ်းမလိုက်နာခြင်း၊ မခန့်လေးစား အမူအရာပြုလုပ်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ရန် ကြိုး စားခြင်းကြောင့် ထောင်ဝန်ထမ်းများက ၀ိုင်းဝန်းထိန်းသိမ်းလူစုခွဲရာ ယင်းအိပ်ဆောင် အပေါ်ထပ်ရှိ တရုတ်နိုင်ငံသား ၂၃ ဦးအနက် ခုနစ်ဦးမှာ ဒဏ်ရာအသီးသီးရရှိပြီး ထောင်ဆေးရုံသို့လည်းကောင်း၊ ကျန်လူ များကို အခြားအဆောင်သို့လည်းကောင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသား အကျဉ်းသား တစ်ဦးမှာ ဦးခေါင်းတွင် ခြောက်ချက်ချုပ်ရ ဒဏ်ရာ၊ နှစ်ဦးမှာ ငါးချက်ချုပ်ရဒဏ်ရာ၊ တစ်ဦးမှာ တစ်ချက်ချုပ်ရဒဏ်ရာနှင့် သုံးဦးမှာ ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး မြန်မာနိုင်ငံသား အချုပ်သားများ မှာ နှာခေါင်းကွဲဒဏ်ရာ ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနား အကျဉ်းထောင်မှူးကြီး ဦးဝင်းနိုင်လင်းက “မနေ့ကထောင် အတွင်းမှာ စကားများရန်ဖြစ်ကြတာ သိရပါတယ်။ အခြေအနေက ထိန်းသိမ်းနိုင်ပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေ မရှိပါဘူး။ အားလုံး ကို ကောင်းကောင်း မွန်မွန် လုပ်ပေးထားပါတယ်။ ဒဏ်ရာရသူတွေကိုလည်း ဆရာဝန်နဲ့ ပြုစုနေပါတယ်။ မစိုးရိမ်ရပါဘူး။ မြစ်ကြီးနား အကျဉ်းထောင်မှာတော့ တရုတ်နိုင်ငံသား ၁၅၅ ဦးကို ထိန်းသိမ်းထားပါတယ်။ ဘာမှပြင်းပြင်းထန်ထန် မဖြစ်တော့ ဘယ်ကိုမှလည်း အကြောင်းကြား ထားတာ မရှိပါဘူး။ ကျွန်တော် ကတော့ တာဝန်နဲ့ ခရီးလွန်နေပါတယ်” ဟုဆိုသည်။

၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်အတွင်း ဖမ်းမိသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားအားလုံးကို လ၀က အက်ဥပဒေ ၁၃/၁ အရ သစ်ခိုးထုတ်သူအားလုံး ၁၅၅ ဦးကို ထောင်ဒဏ်ခြောက်လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ် တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ် နိုင်သော အပက -၃ ဖြင့် ဧပြီ ၂၂ ရက် နောက်ပိုင်းမှ စတင်ကာ နေ့စဉ် ခရိုင်တရားရုံးတွင် စစ်ဆေး နေခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment