Friday 8 May 2015

ထိုင်းနိုင်ငံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ မဟာချိုင်ဈေးအတွင်း ထားရစ်ခံခဲ့ရသည့် မြန်မာအမျိုးသမီးငယ် တစ်ဦး သံရုံးနှင့် MWRN တို့၏အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်

ပွဲစားမှ အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံအတွင်း လိမ်လည်ခေါ်ဆောင်၍ မဟာချိုင်ဈေးအနီး တစ်ဝိုက်တွင် ထားခဲ့ခြင်း ခံခဲ့ရ သည့် အသက် ၂ဝအရွယ်ရှိ မြန်မာအမျိုးသမီး ငယ်တစ်ဦးအား ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အ ရေး ကွန်ရက်(MWRN) တို့၏အကူ အညီဖြင့် မြန်မာ နိုင်ငံသို့ပြန် လည် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ လူပွဲစားအ မျိုးသားတစ်ဦးသည် ပဲခူးမြို့မှ မြဝတီ မြို့သို့လာရောက်အလုပ်လုပ်ကိုင်နေ သည့် အသက် ၂ဝအရွယ်အမျိုးသမီး ငယ်တစ်ဦးကို ထိုင်းနိုင်ငံတွင် အလုပ် ကောင်းကောင်းရမည်၊ အလုပ်သွင်း ပေးမည်ဟုဆိုကာ ထိုင်းငွေဘတ် ၈၅၀၀ တောင်းခံ၍ မေ ၄ရက်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လိမ်ညာခေါ်ဆောင်ခဲ့ပြီး ၎င်းအား မဟာချိုင်ဈေးအနီးတစ်ဝိုက်တွင် ထားခဲ့ခြင်းဖြစ်ကာ မေ ရရက်တွင် မြန်မာ နိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ ခြင်းဖြစ်ကြောင်း MWRN မှ ဒီမို ကရေစီတူဒေးသို့ ပြောသည်။

''ကောင်မလေးက မြဝတီမှာ အလုပ်လုပ်နေတာပါ။ အဲဒီလိုအ လုပ်လုပ်နေ တာကို ပွဲစားက အလုပ် ကောင်းကောင်းရမယ်ဆိုပြီး ပိုက်ဆံ ယူပြီး ထိုင်းဘက် ကိုပို့လိုက်တယ်။ ထိုင်းဘက်ကပွဲစားက တာဝန်မယူ ဘဲ မဟာ ချိုင်ဈေး ထဲကိုပို့လိုက်တယ်။ အခုလောလောဆယ် သူ့ကို မြဝတီ က သူအလုပ် လုပ်တဲ့နေရာကို ပြန် ပို့ပေးထားတယ်''ဟု MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ဆိုသည်။

အဆိုပါထားရစ်ခံခဲ့ရသည့် မြန်မာအမျိုးသမီးငယ်သည် ထိုင်းနိုင်ငံ ရောက် မြန်မာ လူငယ်တစ်ဦးအား အကူအညီတောင်း ခံခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါတာဝန်သိ မြန်မာ လူငယ်မှ MWRN ရုံးသို့ပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ MWRN နှင့် HRDF မဟာချိုင်တို့မှ လိုအပ် သလိုကူညီဆောင်ရွက်မှုများပေး ပြီး မြန်မာသံရုံးသို့ ဆက်သွယ် အ ကြောင်းကြားကာ တရားဝင်ခရီး သွားလာခွင့်ထောက်ခံ စာရရှိရေး တောင်း ဆိုပေးခဲ့ကြောင်း MWRN မှ သိရသည်။

ထိုသို့တောင်းဆိုမှုကြောင့် မြန်မာသံရုံးမှ အလုပ်သမားသံအရာ ရှိများမှ ခရီးသွားထောက်ခံစာနှင့် အတူ ခရီးသွားစရိတ်အတွက် ထိုင်း ငွေဘတ် ၃၀၀ဝတို့ကို မေ ၆ရက်တွင် လာပေးခဲ့ကြောင်း သိရသည်။

ZCH
Democracytoday‬

No comments:

Post a Comment