Friday 8 May 2015

သမ္မတဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များ ယနေ့တွေ့မည်

သမ္မတဦးသိန်းစိန်နှင့် ‘၀’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (မိုင်းလား) ခေါင်းဆောင်များ ယနေ့ မေလ ၈ ရက်တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံ ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပန်ဆန်းထိပ်သီးအစည်းအ ဝေး ဆွေးနွေးပွဲအပြီး နှစ်ရက်အ ကြာတွင် ယင်းကဲ့သို့ တွေ့ဆုံခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် တံတားဖွင့်ပွဲသို့လာရောက်ရင်း ယခုကဲ့သို့ တိုင်းရင်းသားခေါင်း ဆောင်များနှင့် တွေ့ဆုံခြင်းဖြစ် သည်။ ငြိမ်းချမ်းရေးအပါအ၀င်ဖွံ့ ဖြိုးရေးကိစ္စများ ဆွေးနွေးကြမည် ဟု မိုင်းလားအဖွဲ့ ခေါင်းဆောင် များက ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် မေလ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ ကျိုင်းတုံမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

UWSP နှင့် မိုင်းလားအဖွဲ့တို့ သည် အပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးထားပြီး အစိုးရနှင့်ဆက်ဆံရေး ကောင်းမွန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည်။

သမ္မတနှင့် UWSP ၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇန်န၀ါရီအတွင်းကနေပြည် တော်၌ နောက်ဆုံး တွေ့ဆုံခဲ့သည်။

UWSP ကကြီးမှူး၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ညီလာခံကို ကျင်းပပြီးနောက် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ‘၀’ အမျိုးသားပြည်နယ်အဆင့် တောင်းဆိုမှုကို တက်ရောက်လာသော လက် နက်ကိုင်အဖွဲ့များက နားလည်၊ ထောက်ခံကြောင်း၊ တိုင်းရင်းသားများသည် ဖက်ဒရယ်ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ကြောင်း စသည့် အချက်များအပါအ၀င် အချက်(၁၂)ချက်ပါသော ထုတ် ပြန် ကြေညာ ချက်ကို အစည်းအဝေးက မေလ ၆ ရက်တွင် ထုတ်ပြန်သည်။

7Day DAILY 

No comments:

Post a Comment