Friday 8 May 2015

မောတောင်-ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ် အဆင့်မြှင့်တင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆွေးနွေး

Photo Caption: မောတောင်-ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ်ကိစ္စ ဆွေးနွေး နေစဉ် Photo: ဒီမိုသွေး(မြိတ်)
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်ချင်း ဆက်သွယ် ထားသော မော တောင်- ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ်အား အဆင့်မြှင့်ခြင်း နှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေ ပွဲကို မေ ၆ရက် ညနေ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဦး မြတ်ကိုက နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးဂိတ်ဖြစ်သော မောတောင်ဂိတ်ကို မိမိတို့ဘက်မှ ဖွင့်လှစ်ပေးထားပြီး နှစ်နိုင်ငံချစ်ကြည်ရေးတည်ထောင် ထားပြီးဖြစ်၍ အဆွေတော်တို့ဘက် မှ ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ်ကို အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ရန်လို အပ်ကြောင်းဆွေးနွေးပြောကြားခဲ့ရာ ပရာကျွတ်ကရီခံ ခရိုင် ခရိုင်ဝန် Mr, Weera SrthanatraKoon ကလည်း ထိုင်းနိုင်ငံ ပရာကျွတ်ကရီခံခရိုင် ဝန်နှင့် မြိတ်ခရိုင်တို့ကို မောင်နှမမြို့ တော်များအဖြစ် နှစ်နိုင်ငံတာဝန်ရှိ သူများနားလည်မှု စာချွန်လွှာလက်မှတ် ရေးထိုး ထားပြီး၊ ပရာကျွတ်က ရီခံခရိုင် ဒန်စီခွန်းနယ်စပ်ဂိတ်အား ယခုလမေလအတွင်း ဖွင့်လှစ်နိုင် တော့မည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပြောကြားသွားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်ဖက် ကိုယ်စား လှယ်နှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများက သက်ဆိုင်ရာဌာနအ လိုက် တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့်နှင့်ကုန်သွယ်မှုလမ်းကြောင်းကိစ္စ ရပ်များအား အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့သည်။

DMT
Democracytoday‬

No comments:

Post a Comment