Thursday 7 May 2015

ယာဉ်ပိုင်ရှင် အမည်ပေါက် ပြောင်းလျှောက်ရာတွင် အခွန်စိမ်းမလိုတော့

မော်တော်ယာဉ်ဝယ်ယူ ပြီး ကညန၌ ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာတွင် လိုအပ်သည့် အခွန်ပုံစံ(၁) အစိမ်း(အခွန်စိမ်း) အထောက်အထားကို ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်းရရှိ သည်။အခွန်စိမ်းပုံစံ(၁) ဆိုသည် မှာ ယခင်ယာဉ်ပိုင်ရှင်ဟောင်းက အခွန်ဆောင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးသည့် စာရွက်ဖြစ်ပြီး ယခု နောက်ပိုင်းတင်သွင်းလာသည့် ယာဉ်သစ်များမှာ ပြည်ပမှ တင် သွင်း၍ ဆိပ်ကမ်းကထုတ်ယူပြီး အသုံးပြုနေသည့် ယာဉ်များဖြစ် သည်။ ထို့ကြောင့် အခွန်ဆောင် ထားသည့် အထောက်အထားမရှိ သောကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက ပယ်ဖျက်ပေးခြင်းဖြစ်သည်။  အဆိုပါ သတ်မှတ်ချက်မှာ လွန်ခဲ့သည် ၁၉၉၈-၁၉၉၉ က ယာဉ် အရောင်းအ၀ယ်ပြုလုပ်ခဲ့ သူများအတွက် ပြုလုပ်ခဲ့သည့် စီ မံချက်ဖြစ်ပြီး ၂၀၁၁ တွင် ယာဉ် တင်သွင်းမှု မူဝါဒပြောင်းလဲအပြီး အမည်ပြောင်းလျှောက်ထားသူ နည်းသွားကြောင်း တစ်နိုင်တစ် ပိုင် ကားတင်သွင်းသူ ကိုမြတ်မင်း ချစ်က ဆိုသည်။

‘‘ကားဝယ်တဲ့သူတော်တော် များများက နာမည်မပြောင်းဘဲ ဒီ အတိုင်းဆက်စီးနေကြတာ’’ဟု ကိုမြတ်မင်းချစ်က ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာ နက အခွန်စိမ်းကို ပယ်ဖျက်လိုက် ရခြင်းမှာ လက်ရှိ မန္တလေးမြို့တွင် ရန်ကုန်အမည်ပေါက်ယာဉ်များ မှာ မြို့ဝင်ကြေးပေးဆောင်ရမည့် အခြေအနေနှင့် သက်ဆိုင်သည်။

မန္တလေးမှ ယာဉ်ပိုင်ရှင်က ရန်ကုန်အမည်ဖြင့် ယာဉ်ဝယ် ယူထားသောကြောင့် ရန်ကုန်အ မည်ဖြင့် ဆက်လက်အသုံးပြုပါ က မြို့ဝင်ကြေး ပေးဆောင်ရ တော့မည်ဖြစ်သည်။ ထို့ကြောင့် မြို့ဝင်ကြေး ကင်းလွတ်စေရန် ရန်ကုန်မှ မန္တလေးအမည်ပေါက် သို့ ပြောင်းလဲရာတွင် အခွန်စိမ်း လိုအပ်သောကြောင့် အခွန်စိမ်း မပါရှိသဖြင့် ယာဉ်ပိုင်ရှင်များ အ ခက်တွေ့ခဲ့ရသည်။

 ထို့ကြောင့် မြို့ဝင်ကြေး ကောက်ခံသည့် အစီအစဉ်ကို ခေ တ္တရပ်ဆိုင်းထားပြီး မန္တလေးအ မည်ပေါက်ပြောင်းလဲလိုသော ယာဉ်များအားလုံးအတွက် အချိန် ပေးလိုက်ခြင်းဖြစ်သည်။ ယခုကဲ့ သို့ အမည်ပြောင်းလဲရာတွင် လို အပ်သည့် အခွန်စိမ်းကို ပယ်ဖျက် ပေးလိုက်သဖြင့် များစွာအဆင် ပြေသွားပြီဟု ယာဉ်ပိုင်ရှင်များက ဆိုသည်။

‘‘ကားကိုတင်သွင်းလာတုန်း က ကာစတန်မှာ အခွန်ဆောင် တယ်။ ကညနမှာ အခွန်ဆောင် တယ်။ အဲဒါတွေကို မှန်မှန်ကန် ကန် လုပ်ခဲ့လို့ အုံနာဘုတ်ထွက် လာတာလေ။ အဲဒါ ကျွန်တော်တို့ ကို အခွန်မဆောင်လို့ အမည်မပြောင်းပေးဘူးဆိုပြီး ပြဿနာ တွေတက်ခဲ့တာ။ အခုလို ဖြေလျှော့ပေးတယ်ဆိုရင်တော့ တော်တော် အဆင်ပြေသွားပြီ’’ဟု မန္တလေးမြို့မှ ရန်ကုန်အမည်ပေါက်ယာဉ်ဝယ်ယူလာသူတစ်ဦးက ပြောသည်။

အခွန်စိမ်းကို ပယ်ဖျက်လိုက် သော်လည်း ယာဉ်ပိုင်ရှင်အမည် ပြောင်းလဲရာတွင် လိုအပ်သည့် အခြားအထောက်အထားစာရွက် စာတမ်းများအားလုံး လိုအပ်မည် ဖြစ်ပြီး အမြန်ဆုံး အမည်ပေါက်ရ ရှိမည်ဖြစ်ကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန ညွှန်ကြားရေး မှူးတစ်ဦးက ပြောသည်။

ယာဉ်ပိုင်ရှင်အများစုက ရန် ကုန်အမည်ပေါက်ယာဉ်များမှာ ပြန်လည် ရောင်းချပါက ဈေး ကောင်းရရှိသောကြောင့် အမည် မပြောင်းဘဲ ဆက်လက်စီးနင်းနေ ကြသည်။
7 day

No comments:

Post a Comment