Thursday 7 May 2015

ရာသီဥတုပူပြင်းသောကြောင့် မီးပွိုင့်မိသူများ အပူသက်သာရန် အချိန်လျှော့ပေး

ရာသီဥတုပူပြင်းနေ၍မီးပွိုင့်မိသူများ  အပူဒဏ် သက်သာစေရန် အချိန်လျှော့ချထိန်းညှိပေးနေကြောင်းသတင်းရရှိသည်။
မန္တလေးမြို့ရှိ မီးပွိုင့်များကို စည်းကမ်းချက်ညီ မီးပွိုင့်စနစ်အ ဖြစ်စက်က ထိန်းညှိပေးသည့်စနစ် အသုံးပြုနေရာ  ယာဉ်ကြောရှုပ် ထွေးသည့်နေရာများတွင်အများ ဆုံးစက္ကန့် ၉၀ခန့်ထိထားပေးရကြောင်း၊ နံနက်နှင့်ညတွင် ယာဉ်ကြောရှုပ်ထွေးတတ်သဖြင့် မီးပွိုင့်ကြာချိန်ကို ပုံသေသတ်မှတ်လျှော့ချရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မီးပွိုင့်ကြာချိန်လျှော့ချရန်ယာဉ်ထိန်းများက ခလုတ်ကိုင်ကာ ထိန်းညှိပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး   ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်းကိုကို ကပြောကြားသည်။


‘‘ရာသီဥတုကြောင့် လူနဲ့ပဲ ခလုတ်ကို အပိတ်၊အဖွင့်လုပ်ပြီးတော့ ထိန်းပေးနေပါတယ်။ စက္ကန့်၉၀ထားပေမယ့် အဲဒီဘက်မှာ ယာဉ်တန်းက သိပ်မများဘူးဆို ရင် ခလုတ်ကိုနှိပ် နီပစ်လိုက်တော့တာပေါ့။ ဟိုဘက်ကိုတန်းစိမ်း ပေးလိုက်တာပေါ့။ အဲဒီစနစ် တော့ကျင့်သုံးပေးပါတယ်’’ဟု ရဲ မှူးကပြောသည်။

မီးပွိုင့်စောင့်ရသည့်အချိန် ကြာမြင့်၍ ရာသီဥတုကြောင့် ကတ္တရာလမ်းများမှအပူငွေ့များရိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံး မီးကင်ထားသကဲ့သို့ ပူကြောင်း၊ ထို့အပြင် ယာဉ်များမှ ထွက်သည့်အပူငွေ့ကြောင့် မူးလဲမတတ်ခံစားရကြောင်း မန္တလေးဒေသခံအချို့ကပြောသည်။

‘‘အချိန်လျှော့ချပေးတာ တော့ကောင်းပါတယ်။ ပြီးတော့ လမ်းပေါ်မှာ ယာဉ်ကြောရှင်းပေး နေတဲ့ ယာဉ်ထိန်းရဲတွေအတွက် လည်း တစ်ခုခုလုပ်ပေးသင့် တယ်။ သူတို့က နေပူထဲလုပ်ရ တာဆိုတော့’’ဟု မဟာအောင်မြေ မြို့နယ်နေ ကိုစည်သူအောင်က ပြောသည်။ နေပူထဲတွင် တာဝန် ထမ်းဆောင်နေရသည့် ယာဉ်ထိန်း ရဲများ မျက်စိအန္တရာယ်မဖြစ်စေ ရန် နေကာမျက်မှန်များထုတ်ပေး ကာ တပ်ဆင်ခွင့်ပေးထားသည်ဟု ရဲမှူးသိန်းကိုကိုကဆိုသည်။

မေလ ၆ရက်နေ့လယ်ကအသက်(၄၅)နှစ်အရွယ် ဆိုက်ကားနင်းသူ   အမျိုးသားတစ်ဦး လမ်းဘေး၌လဲနေသည်ဟုဆိုကာ မန္တလေးဆေးရုံကြီးတွင် လူမှုကူညီရေးအသင်းတစ်ခုက လာရောက်ပို့ဆောင်ပေးခဲ့ပြီးအပူဒဏ်ကြောင့်သေဆုံးသည်ဟု အများက ထင်မှတ်ခဲ့ကြကြောင်း၊ သို့သော်ယင်းလူနာမှာ ဆေးရုံရောက်ရှိချိန်ကတည်းက အသက်မပါလာတော့သဖြင့် အပူဒဏ်ကြောင့် သေဆုံးသည်ဟုသတ်မှတ်၍မရကြောင်း မန္တလေးဆေးရုံကြီးအရေးပေါ်လူနာကုသဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မေလ ၆ရက်တွင် မန္တလေး တိုင်းဒေသကြီး၏ အမြင့်ဆုံးအပူ ချိန်မှာ ၄၂ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိနေပြီးမေလ၏ ပျမ်းမျှအ ပူချိန်ထက် ၃ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိပိုကြောင်း၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် မနက်ဖြန်ညနေအထိခန့်မှန်းချက် မှာနေရာကွက်ကျားမိုးထစ်ချုန်း ရွာဖွယ်ရာရှိပြီး ရွာရန်ရာနှုန်း ၄၀ ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ် ပြန်သည်။
7 day

No comments:

Post a Comment