Tuesday, 5 May 2015

၂ဝ၁၅ ရွေးကောက်ပွဲသည်နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဓိကကျ သည့်အလှည့်အပြောင်းကြီးဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် နိုင်ငံရေးအင်အားစုများနှင့် ပြည်သူများဝိုင်းဝန်း ကြိုးစားကြရန် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြား

၂ဝ၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲသည် နိုင်ငံ၏ဒီ မိုကရေစီအသွင် ကူးပြောင်းရေး အဓိကကျသည့် အလှည့်အပြောင်း ကြီးဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေး အင်အားစု များနှင့် ပြည်သူများဝိုင်း ဝန်းကြိုးစားကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

ဘော်စတွန် မာရသွန်ပွဲတွင် ဗုံးဖောက်ခွဲသူ တရားရုံးတွင် ငိုကြွေးကာ ဆောက်တည်ရာမဲ့ဖြစ်

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုတွင် အပြစ်ရှိကြောင်း စီရင်ချက်ချထားသူ ဒဇိုခါတာဆာနဗ်က တရားရုံး စစ်ဆေးမှုတွင် ဆွေမျိုးများက သူ့အား သေမိန့်မှ ကင်းလွတ်ခွင့်ပေး၍ အသက်ချမ်းသာပေးရန် ဂျုရီလူကြီးကို တောင်းဆိုတိုက်တွန်းချိန်တွင် ဒဇိုခါက ရှားရှားပါးပါးစိတ်လှုပ်ရှားမှုဖြစ်ကာ တရားရုံးတွင်း ငိုကြွေးသွားခဲ့ သည်။

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု တာဝန်ရှိသူကို အရေးယူရန် ပျက်ကွက် ဟု ပြည်နယ်လွှတ်တော် ဝေဖန်

နစ်မြုပ်အောင်တံခွန်သင်္ဘောမှ ခရီးသည်အချို့ကို ကယ်ဆယ်လာပြီး စစ်တွေဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) 
အောင်တံခွန်သင်္ဘော တိမ်းမှောက်မှုကြောင့် ပို့ဆောင်ရေး ဝန်ထမ်းအချို့ကို အရေးယူခဲ့သော်လည်း တာ ဝန် ရှိသူအချို့ကို အရေးယူရန် ပျက်ကွက်ခဲ့သည် ဟု ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းထားသော် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကဝေဖန်လိုက်သည်။

ရန်ကုန်မြို့တွင် ကားတင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျဆင်းသွားဟု ၀န်ကြီးချုပ်ပြော

ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းသော စီမံကိန်းစတင်သည့်အချိန်မှစ၍ ရန်ကုန်မြို့တွင် ကားအစီးရေ ပိုမို များပြား လာပြီး ယာဉ်ကြောကျပ်တည်းမှုသည် ရန်ကုန်မြို့၏ အဓိကပြဿနာဖြစ်လာသည်။ (ဓာတ်ပုံ − နစ်ကီ)
ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန်နေရာရှိမှသာ ကားတင်သွင်းရန် သတ်မှတ်လိုက်ပြီးနောက် ယခင်က တစ်လလျှင် အစီးရေ ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြား ၀င်ရောက်နေရာမှ ယခု ကားအစီးရေ ၁,၅၀၀ မှ ၂,၀၀၀ ကြားသာ ၀င်ရောက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

စာတော်၊ စိတ်ထားကောင်း၊ ကယ်ဆယ်တတ်သူ ဖိလစ်ပိုင်လူငယ်လေး

Ishwor Ghimire လို့ အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ်လေး တစ်ယောက် မြေငလျင်လှုပ်တဲ့ နေ့မှာ အလုပ်များနေခဲ့တယ်။ အကြောင်းကတော့ သူဟာ မြို့ထဲက မြေငလျင် လှုပ်လှုပ်ယက်ယက် ဖြစ်နေ တဲ့ မြို့ထဲမှာ ကလေးတွေ ကျန်လို့ကျန်ညား လိုက်လံ ရှာဖွေ ကယ်ဆယ်နေလို့ ဖြစ်ပါတယ်။ ကြောက်လွန်း လို့ အိမ်ထဲကနေ ထွက်မလာရဲတဲ့ ကလေးတွေ၊ အပျက်အဆီးတွေ ကြားထဲ ကူသူမယ့်နေတဲ့ ကလေးငယ် များ ကို သူတစ်ယောက်တည်း အားနဲ့ ကယ်ထုတ် ပါတယ်။

မန္တလေးတိုင်းမှတ်ပုံတင်မဟုတ်သော ယာဉ်များကို မြို့ဝင်ကြေးကောက်ခံခြင်း ခေတ္တဆိုင်းငံ့

မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်မဟုတ်သည့် ယာဉ်များကို စည်ပင်ကမြို့ဝင်ကြေး ကောက်ခံနေမှု အား မေလ ၄ ရက်မှစတင်၍ မေလကုန် အထိ ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ သတင်းရရှိသည်။

သပိတ်ကျင်းတွင် ရွှေတူးဖော်ရေး ကုမ္ပဏီသုံးခု ထွက်ခွာရေး ဆန္ဒပြမည်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက် ကျေးရွာအုပ်စုရှိ ရွှေတူးဖော်ရေး ကုမ္ပဏီ သုံးခုကို အရေးယူ ပေးရန်နှင့် ထွက်ခွာပေးရန် မေလ ၁၂ ရက်တွင် ဒေသခံ ၅၀၀ က နံနက် ၇နာရီတွင် ရေထွက် ကျေးရွာမှ သပိတ်ကျင်းမြို့အထိ မိုင် ၂၀ ကျော် ချီတက် ဆန္ဒပြမည်ဟု ဦးဆောင်သူ ရေထွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကံဌေးက မဇ္ဈိမကို ပြောသည်။

မန္တလေးကျုံးရေ သန့်ရှင်းရေး မှော်ဆယ်ယာဉ် ခုနစ်စီးသုံးကာ သန့်စင်မည်

မန္တလေးကျုံးရေ သန့်ရှင်းရေးအတွက် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက နေ့စဉ် နံနက် ၆ နာရီမှ ၁၁ နာရီအထိ မှော်ဆယ်ယာဉ် ခုနစ်စီးဖြင့် သန့်ရှင်းရေး လုပ်ပေးမည်ဟု ပန်းဥယျာဉ်နှင့် ကစားကွင်း ဌာနမှူး၊ ကျုံးတာဝန်ခံ ဦးလှမြင့်က ပြောသည်။

အစိုးရအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၏ ညီလာခံရလဒ်ကို စောင့်ဆိုင်းနေကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ၌ သမ္မတဦးသိန်းစိန် ဆွေးနွေးစဉ်
အစိုးရအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၏ ညီလာခံမှ ထွက်ပေါ်လာမည့်ရလဒ်ကို စောင့်ဆိုင်း နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေ ၄ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။

သင်ဟာ တစ်ဖက်လူအတွက် နားထောင်ပေးသူကောင်း တစ်ယောက်ဖြစ်မဖြစ်ဆိုတာ

လူတစ်ဖက်သားပြောတာကို နားထောင်ပေးတာဟာ သူပြောနေတာကို ကိုယ်ကကြားနေရုံသာ မဟုတ်ပါ ဘူး။ ပြီးတော့ လူအများထင်ကြသလို နားထောင်တတ်တာဟာ သဘာဝအရ သူ့အလို အလျောက် တုန့် ပြန်မှု တစ်ခုလည်းမဟုတ်ပါ။ တကယ်တော့ ကျွန်တော်တို့ဟာ လူတစ်ဖက်သားပြောတာကို နားထောင်ပေး တဲ့ အခါမှာ အမှားတွေ လုပ်နေကြပါတယ်။

NCCT မှ နုတ်ထွက်မည်ဆိုသော လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို ပြန်စဉ်းစား ရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ တိုက်တွန်း

UWSA မှ စစ်ဦးစီးချုပ် ဦးပေါက်ယူချန်နှင့် NCA မှ နုတ်ထွက်မည်ဆိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့မှ ခေါင်းဆောင်အချို့ကို တွေ့ရစဉ်
ပန်ဆန်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး အစည်းအဝေး စတုတ္ထနေ့တွင် မြန်မာ့တပ်မတော် နှင့် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့ သုံးဖွဲ့က တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) မှ နုတ်ထွက်ရန် ဆွေးနွေးတင်ပြခဲ့ပြီး ‘၀’ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ခေါင်း ဆောင်များက ပြန်လည်စဉ်းစား ရန် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်မနေပြင်ဆင်ရန် လက်နက်ကိုင် အဖွဲ့အချို့ ပန်ဆန်းညီလာခံတွင် စာတမ်းတင်သွင်း

ပန်ဆန်းတွင်ပြုလုပ်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းတွင်ကျင်းပနေသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များ၏ထိပ်သီး အစည်းအဝေးတွင် အချို့အဖွဲ့အစည်းများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ၂၀၀၈ အခြေခံဥပဒေမဖြစ်မနေ ပြင်ဆင်ရမည်ဖြစ်ကြောင်း အမြင်သဘောထားစာ တမ်းတင်သွင်းသူများရှိ ကြောင်း သတင်းရရှိသည်။

နေပြည်တော်တွင် လေးလအတွင်း ယာဉ်တိုက်မှုကြောင့် ၅၅ ဦး သေဆုံး

နေပြည်တော် ကောင်စီနယ်မြေတွင် ၂၀၁၅ လေးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅၅ ဦးရှိခဲ့ ကြောင်း နေပြည်တော် မော်တော်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးရုံးမှ သတင်းရရှိသည်။ နေပြည်တော် ကောင်စီနယ် မြေတွင် ၂၀၁၅ ဇန်န၀ါရီမှ ဧပြီအထိ လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၂၀ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၂၀ ဦးနှင့် သေဆုံးသူ ၅၅ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

Monday, 4 May 2015

မိဘများအနေဖြင့် ကလေးများ၏ စိတ်ဓာတ်ကျမှုကို ဘယ်လိုသိရှိပြီး အားပေးသင့်သလဲ ဆိုတာ

ကလေးတွေနဲ့ဆက်ကျော်သက်မြီးကောင်ပေါက်အရွယ်များ စိတ်ဓာတ်ကျ ပုံဟာ လူကြီးများနှင့် ကွဲလွဲမှု ရှိနိုင်ပါတယ်။ ကလေးတွေက လူကြီးတွေကို "စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရတယ်။ ဘယ်လိုလုပ်ရမလဲ။"လို့ ပြောတတ်ကြပါတယ်။ ထိုစိတ်ခံစားမှု အသစ်ဖြစ်ပေါ်လာခြင်း၊ ရှက်ရွံ့မှုဖြစ်ခြင်းများကြောင့် တကယ်တမ်းမှာ ကလေးဆိုတာကတော့ မိမိဘာခံစားနေရသလဲဆိုတာကို တောင် ရေရေရာရာ မသိပါဘူး။ ထိုအခါမျိုးမှာ မိဘတွေ အနေနဲ့ ကူညီဖို့လိုအပ်ပါတယ်။
သာမန်ခံစားမှု တစ်ခုမှကြီးမားသောပြဿနာ မဖြစ်ပွားစေဖို့ မိဘတွေအနေနဲ့ အချိန်ယူပြီး စိတ်ရှည်ပေးဖို့ လိုပါတယ်။ များသောအားဖြင့် ကလေးတွေနဲ့မြီးကောင်ပေါက် ဆက်ကျော်သက်အရွယ်တွေဟာ သူတို့ခံစားချက်ကို ထုတ်ဖော်ပြလေ့ရှိပါတယ်။ (ဥပမာ- သူငယ်ချင်းတွေက မခေါ်လို့၊ ကျောင်းမှာ အဆင့်ကျလို့၊ အားကစားလုပ်ဖို့စိတ်မ၀င်စားတာ၊ အခြားလှုပ်ရှားမှုမျိုးတွေကို လိုက်မလုပ်ချင်တာစသည်ဖြင့်)ပေါ့။

ရှစ်နာရီအသုံးခံမည့် အဆင့်မြင့်ဘက်ထရီ Tesla မိတ်ဆက် အိမ်သုံးနှင့်စီးပွားရေးလုပ်ငန်းသုံး နှစ်မျိုးထုတ်လုပ်၊ စွမ်းအင်နယ်ပယ်၏မျှော်လင့်ချက်အသစ်ဟုဆို


လျှပ်စစ်ကားများနှင့်နှစ်မျိုးစပ်ကားများ ထုတ်လုပ်မှုဖြင့်အောင်မြင်သည့်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သော Tesla သည် ယမန်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင်ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတစ်ရပ်ကျင်းပ ကာ ရှစ်နာရီကြာအသုံးခံမည့်အဆင့်မြင့် ဘက်ထရီကိုမိတ်ဆက်သွားခဲ့သည်ဟုကယ်လီ ဖိုးနီးယားနေ့စဉ်သတင်းစာကဖော်ပြသည်။

သမီးတော်လေး မွေးဖွားလာမှုအတွက် အမြောက်ပစ်ဖောက် ဂုဏ်ပြုရန် ဗြိတိန် အမြောက်တပ်ဖွဲ့ စီစဉ်

ဗြိတိန် တော်ဝင်မိသားစုတွင် သမီးတော်တစ်ပါး ဖွားမြင်လာမှုကို ဂုဏ်ပြုသည့် အနေဖြင့် တော်ဝင် အမြောက်တပ်ဖွဲ့က လန်ဒန်မြို့တွင် အမြောက်များပစ်ဖောက် ဂုဏ်ပြုသွားမည်ဟု သိရှိရသည်။
ဟိုက်ဒ်ပါ့ခ်နှင့် လန်ဒန်မျှော်စင် အနီးတဝိုက်တွင် မေလ ၄ ရက် ညနေပိုင်းတွင် အမြောက်များ ပစ်ဖောက်ပြီး ကိန်းဘရစ်ဂ်ျ နယ်စား ဇနီးမောင်နှံ၏ ရင်သွေးလေးအတွက် ဂုဏ်ပြုမည်ဟု တော်ဝင် အမြောက်တပ်ဖွဲ့က ကြေညာခဲ့သည်။

စာနယ်ဇင်း သမားများ၏ လုံခြုံရေးကို ထိခိုက်ခြင်းသည် နိုင်ငံ့ပုံရိပ်ကို ထိခိုက်ကြောင်း ဦးရဲထွဋ်ပြော

          စာနယ်ဇင်း သမားများ၏ လုံခြုံရေးကို ထိခိုက် စေသော ယခင်က အဖြစ်အပျက် များမှာ နိုင်ငံ့ပုံရိပ်ကို ထိခိုက်မှု ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

           ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ NOVOTEL Hotel ၌ ပြုလုပ်သည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ၎င်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်



ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။
သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

ပန်ဆန်းညီလာခံ ပြည်ထောင်စုအကျိုး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်ဟု ဦးရဲထွဋ်ဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ တက်ရောက်ဆွေးနွေးနေသော ပန်ဆန်းညီလာခံသည် ပြည်ထောင်စုအကျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့တော် Novtal ဟိုတယ်တွင် ပြုလုပ်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ထိုင်းတွင် လုပ်အားခတောင်းသည့် မြန်မာလေးဦးကို အလုပ်ရှင်က သေနတ်ဖြင့် ပစ်ခတ်

ထိုင်းနိုင်ငံ ဆူရတ်ဌာနီမြို့ရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလေးဦးသည် ၎င်းတို့ရရှိမည့် လုပ်အားခကို တောင်းရာ အလုပ်ရှင်က လုပ်ခမပေးဘဲ သေနတ်ဖြင့် ပစ်ခတ်သဖြင့် မြန်မာတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။
ဆူရတ်ဌာနီလေဆိပ် အနောက်ဘက်ရှိ ရော်ဘာခြံတွင် အလုပ်လုပ်သည့် အဆိုပါ မြန်မာလေးဦးကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ရှင်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် မြန်မာအလုပ်သမားတစ်ဦး၏ ပခုံး ထုတ်ချင်းပေါက်သွားခဲ့ပြီး အဆိုပါ လေးဦးမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။