ယခုနှစ် အိမ်ခြံမြေလုပ်ငန်း၌ ရောင်းသူသာရှိနေပြီး ဝယ်ယူသူ မရှိသလောက် ဖြစ်နေပြီး ရပ်တန့်လုနီးပါး ဖြစ်နေပြီဟု ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းများနှင့် အရောင်းကိုယ်စာလှယ်များက ပြောသည်။
အရောင်းအဝယ် မဖြစ်ခြင်းကြောင့် ဝယ်ရင်းစွဲဈေးထက် လျှော့ရောင်းသူများ ရှိနေသော်လည်း အရောင်း အဝယ်မဖြစ်ဟု အကျိုးဆောင် အိမ်ခြံမြေ လုပ်ငန်းမှ အရောင်းမန်နေဂျာ ကိုသက်ကိုက ဆိုသည်။
“အိမ်ခြံမြေက ဒီနှစ်မှာ အတော်ကိုအေးနေတာ၊ ဈေးလျှော့ရောင်းပေးတဲ့ သူတွေ ရှိနေပေမယ့် ဘယ်လို မှကို ပြန်မနိုးလာတော့တာ။ လက်ကြီး ရင်းနှီးမြှုပ်နှံသူတွေက ဈေးကွက်ထဲမှာ မရှိသလောက်ဖြစ်နေတော့ ဈေး ကွက်တစ်ခုလုံး ဘာမှလုပ်လို့ မရတော့တဲ့ အခြေအနေပါ” ဟု ၎င်းက ရှင်းပြသည်။