Sunday 3 May 2015

တာချီလိတ်လေဆိပ် တွင် Asian Wings လေယာဉ် ပြေးလမ်းပေါ်၌ ဘီးပေါက်မှုဖြစ်ပွား

ယနေ့ မေ ၂ ရက်၊ ညနေ ၃ နာရီ ၅ မိနစ်ခန့်က တာချီလိတ် လေဆိပ်တွင် Asian Wings လေယာဉ် (XY-AJQ) သည် တာချီလိတ် - မြစ်ကြီးနား၊ မန္တလေး ခရီးစဉ်အဖြစ် ခရီးသည် (၄၄)ဦး နှင့် လေယာဉ်ဝန်ထမ်းများ လိုက်ပါလျက် လေယာဉ်ပြေးလမ်းပေါ်၌ စတင် ပျံသန်းထွက်ခွာ ရန် ပြင်ဆင်စဉ် မတက်နိုင်သဖြင့် လေယာဉ် ကွင်းရှိရာ သို့ ပြန်လည်ကွေ့ ခဲ့ရကြောင်း သိရသည်။
ယင်းသို့ ပြန်လည်ကွေ့စဉ် အရှိန်ဖြင့် ကွန်ကရစ်ပြေးလမ်း၌ လေယာဉ် ဘီးပေါက်ပြီး၊ ဟိုက်ဒရောလစ် ဆီများယိုကျကာ မီးခိုးထွက်များထွက်လာသဖြင့် မီးသတ်ဆေးဘူးများဖြင့် ငြှိမ်းသတ်ရန်အရေးပေါ်ရပ်နားခဲ့ရ သည်။ လေယာဉ်ပေါ် လိုက်ပါသည့် ခရီးသည် အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၂၁)ဦး နှင့် လေယာဉ်အမှုထမ်းများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း နှင့် လေယာဉ်ပြုပြင်ရန်အတွက် ခရီးစဉ်အား ဖျက်သိမ်းထား ခဲ့သည်။
အဆိုပါ ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် နှစ်စီး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက သွားရောက်ပြီး လိုအပ် သည်များ ကူညီဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
မြ၀တီ

No comments:

Post a Comment