Friday, 13 March 2015
ကျောင်းသားများနှင့် ဆွေးနွေး လိုက်ပါက ပညာရေး ဥပဒေ ပြီးပြတ်မည်ဟု ဦးခင်အောင်မြင့်ပြော
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရာတွင် ကျောင်းသား များနှင့် ဆွေးနွေး လိုက်ပါက ပြီးပြတ်မည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောသည်။ ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး ကျင်းပ ပြီးစီးချိန်တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ မီဒီယာ များ၏ မေးမြန်းမှုကို လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆုံးအဖြတ်
ညက FA Cup ဟုခေါ်သော The Foodball Association Chellenge Cup ကွာတား ပွဲစဉ်တစ်ခုကို ကြည့်ဖြစ် သည်။ နာမည်ကြီး အသင်းနှစ်သင်းမို့ ဗိုလ်လုပွဲကဲ့သို့ အလား တူ ပွဲကြီးပွဲကောင်းမို့ နံနက်လင်းခါနီးအထိ အိပ်ရေး အပျက် ခံပြီး ကြည့်ခဲ့သည်။ ပွဲက တကယ်လည်း ပွဲကောင်းတစ်ပွဲ ဖြစ် သည်။ ရှုံးသည့်အသင်းက ကွာတားအဆင့်တွင် ကျန်ခဲ့ရမည် မို့ နောက်တစ်ဆင့်တက်ရေး ကို သူတင်ကိုယ်တင် အကြိတ် အနယ် ကန်ခဲ့ကြသည်။ ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုးစီ သရေ ပွဲ ဖြစ်နေခဲ့သည်။
ဒုတိယပိုင်း ပွဲချိန်တစ်ဝက်လောက်အထိ အဖြေက မ ပြောင်းလဲ။ နှစ်သင်းစလုံး ဂိုးမပေးရရေးနှင့် ဂိုးသွင်းနိုင်ရေးအ တွက် ရေကုန်ရေခန်း ကြိုးစားနေကြသည်။ ထိုအချိန်၌ တစ် ဖက်အသင်း၏ ညာနောက်ခံ အစွန်လူ၏ အမှားကို အခွင့် ကောင်းယူကာ တစ်ဖက်အသင်းက အနိုင်ဂိုးကို သွင်းယူသွား ခဲ့သည်။ သို့သော် ပွဲက ပိုကြည့်ကောင်းလာသည်။

ဗကသ ကျောင်းသားခေါင်းဆောင် ၄ ဦးကို အလုံရဲစခန်းတွင် ဖမ်ဆီးစစ်ဆေး
အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီထဲက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က (ဗကသ) ခေါင်းဆောင် ၄ ဦးကို ရန်ကုန်မြို့ အလုံရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
သွေးကြောပိတ်တာ ကာကွယ်နိုင်တဲ့ တလည်းသီးဖျော်ရည်
သွေးကြောပိတ်တာ ဖြစ်မှာစိုးရိမ် နေရင်တော့ ဆေးဗီရိုမှာ ရှာစရာ မလိုဘဲ မီးဖိုချောင် ဒါမှမဟုတ် စားစရာထားတဲ့ ဗီရိုမှာ ရှာရင် တော့ ပိုပြီးသင့်တော်မှာပါ။ မကြာခင်က ပြုလုပ်ထားတဲ့ သု တေသနပြုချက်တစ်ခုမှာတော့ တလည်းသီးဖျော်ရည်ဟာ နှလုံး ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ နှလုံး သွေးကြောပိတ်တာကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။
ပညာရေးပင်မသပိတ်စစ်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖြိုခွဲမှုများကို စုံစမ်းရန် အချက်အလက်များပေးပို့နိုင်ဟု လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ထုတ်ပြန်ကြေညာ
လက်ပံတန်းမြို့ရှိ ဒီမိုကရေစီပညာရေးပင်မသပိတ် စစ်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ သည့် ကျောင်းသားများအား အ ကြမ်းဖက်ဖြိုခွဲမှုများအား စုံစမ်းဖော် ထုတ်နိုင်ရန် အချက်အလက် အ ထောက်အထားများ ပေးပို့နိုင်ကြောင်း လူ့အခွင့် အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာလိုက်သည်။
ပညာရေးဥပဒေ လွှတ်တော်ကြားနာပွဲ မြေလတ်နဲ့ တကသ တက်မယ်
လက်ပံတန်းမှာ ကျောင်းသားသပိတ် စစ်ကြောင်း အင်္ဂါနေ့က ဖြိုခွင်းခံရပေမယ့် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မြေလတ်ဒေသနဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ) ကျောင်းသားတွေကတော့ ပညာရေး ဥပဒေမူကြမ်း နဲ့ပတ်သက်ပြီး မတ်လ (၁၆)ရက်နေ့ အမျိုးသားလွှတ်တော် ကြားနာပွဲကို တက်ရောက်မယ်လို့ ပြောကြားလိုက်ပါတယ်။
စစ်ရာဇဝတ်မှုတွေ စစ်ဆေးဖို့ သီရိလင်္ကာ သမ္မတ ကတိပြု
သီရိလင်္ကာ နိုင်ငံမှာ ပြည်တွင်းစစ် အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း စုံစမ်း စစ်ဆေးမှု တစ်ခုကို တစ်လ အတွင်း စတင် ဆောင်ရွက်ဖို့ မျှော်လင့်ထားကြောင်း သီရိလင်္ကာ သမ္မတ မိုင်သရီပါလာ ဆီရီဆန်နာက ဘီဘီစီကို ပြောပါတယ်။အဲဒီ စုံစမ်း စစ်ဆေးမှုမှာ ကုလသမဂ္ဂက စုံစမ်း စစ်ဆေးသူတွေ ပါဝင်မှာ မဟုတ်ပေမယ့် သူတို့ရဲ့ အမြင်တွေကိုတော့ ရယူသွားမယ်လို့ သူက ပြောပါတယ်။
ဗကသ ခေါင်းဆောင်တွေ ကို လိုက်လံ ဖမ်းဆီး
ဒီမိုကရေစီ ပညာရေးသပိတ် ကို ဦးဆောင်ခဲ့ တဲ့ ဗကသ ကျောင်းသား တချို့ ကြာသပေတေး ည သန်းခေါင်ကျော်မှာ အာဏာပိုင် တွေ ရဲ့ လာရောက် ဖမ်းဆီး တာ ခံခဲ့ရပါတယ်။
အလုံ မြို့နယ် အောင်ဇေယျာလမ်း ထဲ က လိပ်စာ ကို ရဲတွေ ကား ၂ စီး တိုက် ရောက်လာပြီး ဝင်ရောက် ဖမ်းဆီးတာ မှာ ဗကသ ဒုဥက္ကဌ မိုးထက်နေ ၊ ဗဟိုလုပ်ငန်း ကော်တီဝင် တွေ ဖြစ်တဲ့ မဟန်နီဦး၊ ကိုသီဟဝင်းတင် တို့နဲ့ အတူ၊ အဲဒီမှာ ရှိနေတဲ့ သတင်းသမား တစ်ဦး အပါအဝင် နောက်ထပ် ဗကသ ကျောင်းသား တစ်ဦး စုစုပေါင်း ၅ ဦး အဖမ်း ခံခဲ့ ရပါတယ်။

အီဘိုလာကြောင့် လူသောင်းကျော် သေဆုံးခဲ့တယ်လို့ WHO ပြော
အနောက် အာဖရိကဒေသမှာ နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ခဲ့မှုကြောင့် အထိခိုက် အခံရဆုံး နိုင်ငံတွေဖြစ်တဲ့ လိုင်ဘေးရီးယား၊ ဂီနီ နဲ့ ဆီယာလီယွန်း နိုင်ငံတွေမှာ လူပေါင်း ၁ သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
ထိကရိမြို့သိမ်းပွဲ အီရတ်အစိုးရ ပူးပေါင်းတပ် အသာစီးရ
အီရတ်နိုင်ငံ ထိကရိ မြို့ တိုက်ပွဲမှာ အစ္စလာမ်မစ် လက်နက်ကိုင် IS တွေကို တိုက်နေကြတဲ့ အီရတ်အစိုးရတပ်နဲ့ ပူးပေါင်း ရှီအာတပ်တွေဟာ အသာစီး ရနေပါတယ်။
ဒီ ထိကရိ မြို့သိမ်းတိုက်ပွဲဟာ အီရတ်နိုင်ငံအတွင်း IS တွေအပေါ် အကြီးမားဆုံး စစ်ရေး ထိုးစစ်ဆင်မှု ဖြစ်ပါတယ်။
Thursday, 12 March 2015
အကွက် ကျဲကျဲနှင့် လက်မည်းတွေ
အခုတစ်လော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက အလေ့အကျင့် အတွေ့အကြုံ ရှိကြတဲ့ လေ့လာသူ တွေအတွက်မှာတော့ ပုံစံကျ ရွှေ့ ကွက်တွေပဲ ဆိုတာ သိသာနေပါတယ်။
ဒီ ရွှေ့ကွက်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူတွေ ရှိတယ်လို့ တာဝန်ရှိတဲ့သူတွေ ပြောလိုက်တိုင်း တော်တော်များများက ''ဒါမျိုးတွေ ရိုးနေပြီ၊ အစိုးရကတော့ တစ်ခုခု ဖြစ်တာနဲ့ ကွန်မြူနစ်တွေ၊ ဗကပတွေ လက်ချက်လို့ ထိုးချလိုက်တာပဲ'' လို့ ပြက်ရယ် ပြုကြလေ့ ရှိပါတယ်။ ''ဗကပတို့၊ ကွန်မြူနစ်တို့ ဆိုတာ ဘယ်မှာ ရှိတော့လို့လဲ၊ ပျောက်ကွယ် သွားတာ ကြာလှပေါ့'' လို့လည်း ဆိုကြပါတယ်။ တကယ်တော့ အဲဒီလို ပြောကြတဲ့ သူတွေထဲမှာ နှစ်မျိုးပဲ ရှိပါတယ်။ တစ်မျိုးကတော့ ကွန်မြူနစ် အကြောင်း၊ ဗကပအကြောင်း တကယ်မသိရှာတဲ့ သူတွေပါ။ နောက် တစ်မျိုးကတော့ အဲဒီ ကွန်မြူနစ်တွေ ကိုယ်တိုင်ပါပဲ။ သူတို့ကတော့ ကိုယ်ယောင် ဖျောက်ထား တာပေါ့လေ။ ဘယ်လောက်ပဲ ကိုယ်ယောင် ဖျောက်ထားထား၊ ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားထား မျက်တောင်မခတ်၊ အရိပ် မထွက်ရင် ဘီလူးဆိုတာ သိနိုင်သလို နည်းနည်းကလေး အရိပ်အကဲ ကြည့်လိုက်တာနဲ့ ဘယ်သူ ဆိုတာ အတွင်း ကျကျ သိထားပြီးတဲ့ သူတွေကတော့ သိနိုင်ပါတယ်။

အတင်းအကြပ်လူသစ်စုဆောင်းခြင်းမပြုလုပ်ရန် KIA အဖွဲ့အား ဒေသခံတိုင်းရင်းသားများမှတောင်းဆို
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မြစ်မှော်ကျေးရွာသို့ မတ်လ ၈ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ရောက်ရှိလာပြီး အနီးနားဝန်းကျင်ကျေးရွာများတွင် လူသစ်စုဆောင်းမှု များပြုလုပ်သွား ကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။
အဆိုပါအဖွဲ့သည် မြစ်မှော်ကျေးရွာ၊ ရုံးချိုကျေးရွာ၊ နန့်စန်း(၁)နှင့် နန့်စန်း(၂)ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူ၍ KIA အဖွဲ့အတွက် လူသစ်စုဆောင်းပေးရန် ပြောကြားခဲ့ကြောင်း ရုံးချိုကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။

ကျောင်းသားသပိတ်စစ်ကြောင်းကိုဖြိုခွဲခဲ့တဲ့ကိစ္စအပေါ် ပြောချင်တာလေးတွေရှိတယ် ။
၁။ တဖတ်သက်မီဒီယာများရဲ့ရည်၇ွယ်ချက်များအတိုင်း မဖြစ်အောင် လူတိုင်းစဉ်းစားသုံးသပ်သင့်ပါတယ်။ နှစ်ဘက်စလုံးရဲ့ သတင်းကိုကြည့်ပါ ၊ ပြည့်စုံမှသုံးသပ်ပါ ။ ကိုယ့်နိုင်ငံမှာနောက်ထပ် အမုန်းပွားမှုတွေ မဖြစ်စေချင်ဘူး ။
ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ပတ်သက်၍ ညှိနှိုင်း အဖြေရှာသည့် နည်းလမ်းဖြင့်သာ လုပ်ဆောင် သွားမည်ဟုဆို
လက်ပံတန်းတွင် အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးခံထား ရသော ကျောင်းသား များနှင့် ၀န်းရံပေး ကြသော ပြည်သူများ ပြန်လည် လွတ်မြောက်ရေး အတွက် ညှိနှိုင်း အဖြေရှာသည့် နည်းလမ်း ဖြင့်သာ ဆက်လက် လုပ်ဆောင် သွားရန် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ဆုံးဖြတ် ထားကြောင်း သိရသည်။
ဝန်ထမ်းလစာ တိုးနှုန်းကြေညာလျှင် ပြဿနာအချို့ ဖြစ်လာနိုင်သောကြောင့် တရားဝင် မကြေညာဟု ဘဏ္ဍာရေးဝန်ကြီး ဆို
အစိုးရဝန်ထမ်းများ လစာတိုးမည့် နှုန်းထားကျပ်ငွေကို တရားဝင် ကြေညာလိုက်ပါက မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
လွှတ်တော်ကြားနာပွဲ ဖမ်းခံရသူတွေ မလွတ်ဘဲ ဗကသ မတက်
လက်ပံတန်းမြို့မှာ အကြမ်းဖက်ခံရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ မလွတ်မြောက်မချင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ ပညာရေးဥပဒေ ပြင်ဆင်ချက်ဆိုင်ရာ လွှတ်တော်ကြားနာပွဲ တက်မယ့်ကိစ္စကို ဗကသများအဖွဲ့ချုပ်ဘက်က လက်မခံကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
Tuesday, 10 March 2015
ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ခြေကုပ်ယူထားသည့်နေရာများအား တပ်မတော် စစ်ကြောင်းများက ဆက်လက်တိုက်ခိုက်ချေမှုန်း
ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ခြေကုပ်ယူထားသည့် လုံထန် ကျေးရွာအနီး ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီးပတ်ဝန်းကျင်တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် ချေမှုန်းလျက်ရှိရာ မတ်(၉)ရက်နေ့တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် လေကြောင်း ပစ်ကူ ၄ ကြိမ်ရယူ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားခဲ့ကာ သောင်းကျန်းသူတို့၏ အခြေပြု တောင်ကုန်းအချို့အား သိမ်းပိုက်နိုင်ခဲ့သည်။
လှည်းတန်းဆန္ဒပြမှုတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများမှာ ရဲတပ်ဖွဲ့မှ အလိုရှိနေသော Anonymous - Burma ကျောင်းသားအဖွဲ့ ဖြစ်နေ
ယနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများမှာ ရဲတပ်ဖွဲ့မှ အလိုရှိနေသော Anonymous - Burma ကျောင်းသားအဖွဲ့ ဖြစ်နေကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ဒီအချိန် ဒီကာလမှာ ဒီအဖွဲ့ ထွက်လာတော့မယ် ဆိုတာ မှန်းထားပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ် ဆိုတာရဲ့နောက်မှာ မျက်နှာဖုံးစွပ် အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ပါဝင်တဲ့သူတွေရဲ့ ကိုယ်ခန္ဒာတွေ အားလုံး တူညီနေပါတယ်။ ထွက်လာတဲ့ပုံစံ၊ ပြန်ထွက်မယ့် ပုံစံ အားလုံး တူပါတယ်။

ကျောင်းသားသပိတ်ကိုင်တွယ်မှု သမ္မတပြောခွင့်ရ တုံ့ပြန်
ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ ကျောင်းသားတွေကို ဒီကနေ့မှာပဲ မြန်မာအစိုးရက ရဲအင်အား အလုံးအရင်းနဲ့ ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားတွေ၊ နောက် ကျောင်းသားတွေကို ကူညီပေးနေတဲ့ လက်ပံတန်း ဒေသခံတွေကိုရော သတင်းရယူနေတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေကိုပါ လိုက်လံရိုက်နှက် ဖမ်းဆီးခဲ့ကြပါတယ်။
ကိုးကန့်တိုက်ပွဲကြောင့် တရုတ်ပိုင်နက်ထဲ လက်နက်ကြီးကျည်ကျရောက်
တရုတ်-မြန်မာ နယ်စပ်နားမှာ ကိုးကန့်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် ကျည်ဆံတွေ တရုတ်နယ်မြေထဲ ကျရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အပြစ်တင်လိုက်ပါတယ်။
ကိုးကန့်ဒေသမှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တို့ ဒီကနေ့ အင်္ဂါနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ တလကျော်ကြာနေပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံနေရသလို ကျည်ဆံတွေလည်း တရုတ်နိုင်ငံထဲ ကျရောက်နေတာမို့ အမြန်ဆုံး တင်းမာမှုတွေ လျော့သွားအောင် ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Subscribe to:
Posts (Atom)