Friday 13 March 2015

အဆုံးအဖြတ်

ညက FA Cup ဟုခေါ်သော The Foodball Association Chellenge Cup ကွာတား ပွဲစဉ်တစ်ခုကို ကြည့်ဖြစ် သည်။ နာမည်ကြီး အသင်းနှစ်သင်းမို့ ဗိုလ်လုပွဲကဲ့သို့ အလား တူ ပွဲကြီးပွဲကောင်းမို့ နံနက်လင်းခါနီးအထိ အိပ်ရေး အပျက် ခံပြီး ကြည့်ခဲ့သည်။ ပွဲက တကယ်လည်း ပွဲကောင်းတစ်ပွဲ ဖြစ် သည်။ ရှုံးသည့်အသင်းက ကွာတားအဆင့်တွင် ကျန်ခဲ့ရမည် မို့ နောက်တစ်ဆင့်တက်ရေး ကို သူတင်ကိုယ်တင် အကြိတ် အနယ် ကန်ခဲ့ကြသည်။ ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုးစီ သရေ ပွဲ ဖြစ်နေခဲ့သည်။
ဒုတိယပိုင်း ပွဲချိန်တစ်ဝက်လောက်အထိ အဖြေက မ ပြောင်းလဲ။ နှစ်သင်းစလုံး ဂိုးမပေးရရေးနှင့် ဂိုးသွင်းနိုင်ရေးအ တွက် ရေကုန်ရေခန်း ကြိုးစားနေကြသည်။ ထိုအချိန်၌ တစ် ဖက်အသင်း၏ ညာနောက်ခံ အစွန်လူ၏ အမှားကို အခွင့် ကောင်းယူကာ တစ်ဖက်အသင်းက အနိုင်ဂိုးကို သွင်းယူသွား ခဲ့သည်။ သို့သော် ပွဲက ပိုကြည့်ကောင်းလာသည်။

ဘောလုံးပွဲ ကြေညာသူများ၏အဆိုအရ ဘာမဆိုဖြစ်သွားနိုင်သော လက် ကျန်ပွဲချိန်တွင် အသည်းတဖိုဖို ရင်တမမဖြင့် ပရိသတ်များ ကြည့်နေရသည်။ ထိုစဉ်အခိုက်မှာပင် ကွင်းလယ်ဒိုင်၏အငြင်း ပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုက ရှုံးနိမ့်နေသော အသင်းမှ က စားသမားတစ်ဦးကို ကွင်းပြင်သို့ ထွက်သွားစေခဲ့သည်။
ကစားသမား ၁ဝ ယောက်၊ ၁၁ ယောက်မို့ ပွဲက စောစော ကလောက် အသက်မဝင်တော့။ ဒီကြားထဲ စောစောက ဖြစ် ရပ်ကဲ့သို့ အငြင်းပွားဖွယ် အဆုံးအဖြတ်မျိုးကို ကွင်းလယ် ဒိုင်က တစ်ကြိမ်ထက်မနည်း ထပ်မံပြုမူခဲ့သည်။
သည်သို့နှင့် ပင် မိနစ် ၉ဝ အပြင် နာကျင်အချိန်ပို ငါးမိနစ်အထိ ပွဲအ ဖြေက မပြောင်းခဲ့။ နှစ်ဂိုး-တစ်ဂိုး ဆိုသည့်ရလဒ်နှင့်ပင် အနီ ကတ်ပြပြီး လူတစ်ယောက် အထုတ်ခံလိုက်ရသည့်အသင်းက ရှုံးနိမ့်သွားခဲ့ပါသည်။
ဘောလုံးပွဲတစ်ပွဲတွင် အရှုံးအနိုင်ဆိုသည်မှာ ရှိနေတတ် စမြဲဖြစ်သည်။
ထို့ကြောင့် ရှုံးခြင်း၊ နိုင်ခြင်းသည် ရိုးမယ်ဖွဲ့ နေစရာ မဟုတ်။ သို့သော် ကွင်းလယ်တွင် ခြေရည်တူ နှစ်ဖက် ကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်နေချိန်၌ သူတို့ နှင့်အတူ ကွင်းအလယ်တွင်ရှိနေသော ဒိုင်လူကြီး၏ ဆုံးဖြတ် မှုများကတော့ အတိမ်းအစောင်းမခံ၊ သူ့ရဲ့အဆုံးအဖြတ် ခရာ သံက နှစ်ဖက်အသင်းအတွက် အခရာကျပါသည်။
သည်နေရာ၌ အမှန်တရားဆိုသည်ကို ထည့်ပြောဖို့ လို မည်ဖြစ်သည်။
ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်များအားလုံးသည် ရာ ခိုင်နှုန်း ပြည့်မှန်သည်ဟု ပြောမရနိုင်သော အချက်ဖြစ်သည်။ မှားယွင်းစွာ ဆုံးဖြတ်မိသော ဒိုင်၏ သာဓကများစွာကို သက် သေထူပြနိုင်ပါသည်။
ထို့ကြောင့် ကွင်းအလယ်တွင်နေ၍ ဘော လုံးပွဲတစ်ပွဲ၏ ရလဒ်ကို ပြောင်းလဲစေနိုင်သော အထူးလုပ်ပိုင် နိုင်သည့် အခွင့်အာဏာရရှိသော ဒိုင်လူကြီးများအနေဖြင့် သမာသမတ်ကျကျ (မသမာမှုဖြင့် အရေးယူခံရဖူးသော ဒိုင် များလည်း ရှိခဲ့ဖူး) ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက်မှန်ကန်ရန် အရေးကြီးပါသည်။
ထိုမှန်ကန်သော ဆုံးဖြတ်ချက်သည်သာ ပွဲတစ်ပွဲ၏ ရလဒ်(အဖြေ)သာလျှင် ဖြစ်ပါသည်။
ယခုအခါ မိမိတို့နိုင်ငံ၌ နိုင်ငံရေးကို ကစားကွင်းလုပ် ကာ ကစားနေသူ အများအပြားရှိနေပါသည်။ ယခု ၂ဝ၁၅ တွင် တစ်ဖက်နှင့်တစ်ဖက် ပို၍ သာ၍ အကြိတ်အနယ် ရှိ လာသည်ကို တွေ့နေရသည်။
တချို့ပွဲများသည် ပွဲကြီးပွဲကောင်း များ ဖြစ်နေတတ်သည်။ ထိုပွဲများ၌ ဆိုခဲ့သလို အထူးအခွင့် အာဏာရထားသော ကွင်းလယ်ဒိုင်နှင့်တူသည့် အစိုးရအဖွဲ့ ၏ အဆုံးအဖြတ်များသည် အခရာ ဖြစ်ပါသည်။
ထိုအခါ တရား မျှတ၍ ဘက်လိုက်မှုကင်းသော မှန်ကန်သည့် ဆုံးဖြတ်ချက် မျိုးဖြင့် ၂ဝ၁၅ မြန်မာ့နိုင်ငံရေး ဖလားကို အရည်အချင်းစံနှုန်း ပြည့်မီသည့် လူများလက်သို့ ဝကွက်အပ်နိုင်ပါစေကြောင်း တင် ပြလိုက်ရပါသည်။
အယ်ဒီတာ
‎TheYangonTimes‬
Yangon Media Group

No comments:

Post a Comment