Friday 13 March 2015

ပညာရေးပင်မသပိတ်စစ်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖြိုခွဲမှုများကို စုံစမ်းရန် အချက်အလက်များပေးပို့နိုင်ဟု လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ထုတ်ပြန်ကြေညာ

လက်ပံတန်းမြို့ရှိ ဒီမိုကရေစီပညာရေးပင်မသပိတ် စစ်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ သည့် ကျောင်းသားများအား အ ကြမ်းဖက်ဖြိုခွဲမှုများအား စုံစမ်းဖော် ထုတ်နိုင်ရန် အချက်အလက် အ ထောက်အထားများ ပေးပို့နိုင်ကြောင်း လူ့အခွင့် အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာလိုက်သည်။

မတ် ၅ရက်တွင် မြို့တော်ခန်းမရှေ့၌ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ကျောင်းသားများအား လက်ပတ်နီ ပတ်ထားသူများမှ အကြမ်းဖက်ဖြိုခွဲ ခြင်းနှင့် မတ် ၁ဝရက်တွင် လက်ပံ တန်းဒီမိုကရေစီပညာရေးသပိတ်စစ် ကြောင်းအား ရဲတပ်ဖွဲ့ဝင်များမှ ရိုက် နှက်ဖြိုခွဲခြင်းသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း မဟုတ်ဘဲ အကြမ်း ဖက်မှုဖြစ်သည့်အတွက် ပြစ်မှုကျူးလွန်သူများ၊ ကျူးလွန်ရန် အမိန့်ပေး ခဲ့သည့် တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်သွား မည်ဖြစ်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော် ထုတ်ရေးကော်မတီမှ မတ် ၁၂ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန် ကြေညာခဲ့သည်။
အကြမ်းဖက်ခံရမှုများအား စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် ကျူးလွန်ခံခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရသူများ၊ ဖမ်းဆီးခံခဲ့ရသူများ၏မိသားစုဝင်များ၊ ကိုယ်တိုင်မြင်တွေ့ခဲ့သူများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းရရှိထားသူများသည် အမှတ်(၁၀)၊ (၇)လွှာ၊ ချမ်းသာလမ်း၊ စမ်းချောင်းမြို့ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံ စမ်းဖော်ထုတ်ရေးကော်မတီရုံးသို့ ပေးပို့ရန် တောင်းခံထားကြောင်းသိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးဆိုင်ရာ ကော်မတီမှ ဦးဒေးဗစ်လှမြင့်က ''ကျွန်တော်တို့က မှတ်တမ်းတင်မယ်။ ဘယ်သူတွေ ကျူးလွန်ခဲ့တယ်ဆိုတာ အတိ အကျဖော်ထုတ်မယ်။ ကျူးလွန်မှုတွေကို ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိတဲ့သူတွေကို တိတိကျကျဖော်ထုတ်မယ်။ ဖော် ထုတ်ပြီးတဲ့အခါမှာ ဒီလူတွေကို ဒါမျိုး တွေ ဆက်မလုပ်နိုင်အောင် မေတ္တာ ရပ်ခံမယ်။ စာပို့မယ်''ဟု ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီကို ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့၊ ၁၉၆၂ခုနှစ် ကျောင်း သားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အလုပ်သမားအ ရေးခေါင်းဆောင်များ၊ ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့သူများ၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ ရွှေဝါရောင်သံဃာတော်များ၊ လွှတ်တော်ပြင်ပနိုင်ငံရေးအဖွဲ့ အစည်းများ စသည့်အဖွဲ့အစည်း၂၀ မှ အဖွဲ့ဝင်အင်အား ၇၀ ကျော်ဖြင့် ယခုနှစ် ဇန်နဝါရီလက စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။
HM
‪Democracytoday‬

No comments:

Post a Comment