Thursday 12 March 2015

ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ပတ်သက်၍ ညှိနှိုင်း အဖြေရှာသည့် နည်းလမ်းဖြင့်သာ လုပ်ဆောင် သွားမည်ဟုဆို


 လက်ပံတန်းတွင် အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးခံထား ရသော ကျောင်းသား များနှင့် ၀န်းရံပေး ကြသော ပြည်သူများ ပြန်လည် လွတ်မြောက်ရေး အတွက် ညှိနှိုင်း အဖြေရှာသည့် နည်းလမ်း ဖြင့်သာ ဆက်လက် လုပ်ဆောင် သွားရန် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ဆုံးဖြတ် ထားကြောင်း သိရသည်။
ကျွန်တော်တို့ ကတော့ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ ကျောင်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုသွားမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဆယ်တန်း စာမေးပွဲ တွေရှိ တာရယ်၊ နောက်ပြီးတော့ တခြား တခြားသော ပြဿနာတွေ မဖြစ်စေချင် လို့ပါ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုနန်းလင်းက ပြောသည်။  အစိုးရ အနေဖြင့် လေးပွင့်ဆိုင် သဘော တူညီချက်များ အနက် လွှတ်တော်တွင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်း တစ်စောင် တည်းသာ တင်ရန် သဘောတူထား သော်လည်း ပညာရေး ၀န်ကြီးဌာနအနေဖြင့် နှစ်စောင် တင်ခဲ့ပြီး pre condition အချက် ကိုးချက်အနက် ကျောင်းသားများအား အရေးမယူရန် အချက် ကဲ့သို့သော အချက် များကို တစ်ချက်ခြင်း ချိုးဖောက်ခဲ့သည် ဟုလည်း ကျောင်းသား များက အခိုင်အမာ ဆိုသည်။

                မတ်လ (၁၀) ရက်နေ့က လက်ပံတန်းတွင် ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းအား ရဲများက ဖြိုခွဲ ဖမ်းဆီးခဲ့ရာ စုစု ပေါင်း (၁၂၇) ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာတွင် သတင်း ထုတ်ပြန် ထားသည်။ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေက ညှိနှိုင်း တွေ့ဆုံတဲ့ နေရာမှာ အဖြေတစ်ခု ထွက်တဲ့ အထိ ရောက်အောင် မသွားခဲ့လို့ ဖြစ်တဲ့ ပြဿနာတွေ လို့ ကျွန်တော်တို့ ယူဆတယ်။ အဲဒီတော့ အဖြေ တစ်ခု ထွက်တဲ့ အထိ ရောက်အောင် သွားနိုင်ဖို့ အတွက် ကျောင်းသား ရဲဘော်တွေ အားလုံး အတွက် ကျွန်တော်တို့ တာဝန်ရှိတဲ့ လူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီးတော့ သူတို့  လွတ်မြောက်ရေး အတွက် အစွမ်းကုန် ကြိုးစား သွားမယ်။ ဒါက ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီရဲ့ ရပ်တည်ချက်ပဲ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုဇေယျာလွင်က ပြောသည်။  ရန်ကုန်မြို့ တွင်မတ်လ (၅) ရက်နေ့၌ ကျောင်းသား များအား အကြမ်း မဖက်ရန် ဆန္ဒပြမှုအား ဖြိုခွင်း သကဲ့သို့ မတ်လ (၁၀) ရက်နေ့က လှည်းတန်း ဆန္ဒပြမှု ကိုလည်း တားဆီး ခဲ့သည်။
messengernewsjournal

No comments:

Post a Comment