Monday, 2 February 2015

သပိတ်မှောက် ကျောင်းသားစစ်ကျောင်း ရေနံချောင်းမှသည် မကွေးသို့ ...... "ရေနံချောင်းကောလိပ်မှ ဆရာ/ဆရာမများလည်း သပိတ်စစ်ကြောင်းတွင် လိုက်ပါ"

မန္တလေး ကျောင်းသားသပိတ် စစ်ကြောင်းသည် ရေနံချောင်းမြို့နယ်မှ နံနက် ၈ နာရီ ၃၀ မိနစ်မှစ၍ မကွေးမြို့တွင် ထွက်ခွာခဲ့ပြီး နံနက် ၉ နာရီတွင် ရေနံချောင်း နည်းပညာ တက္ကသိုလ်ရှေ့တွင် ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းက ဂိတ်ပေါက်တံခါးကို ဖွင့်ပေးခဲ့သည်။ သပိတ်မှောက် ကျောင်းသား တစ်ချို့က ကျောင်းအတွင်းသို့ဝင်၍ စာရွက်စာတမ်းများ ဝေခဲ့ပြီး လမ်းခရီးကို ဆက်လက်ချီတက်ခဲ့သည်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
မန္တလေး ကျောင်းသားသပိတ် စစ်ကြောင်းသည် ရေနံချောင်းမြို့နယ်မှ နံနက် ၈ နာရီ ၃၀ မိနစ်မှ စ၍ မကွေးမြို့တွင် ထွက်ခွာခဲ့ပြီး နံနက် ၉ နာရီတွင် ရေနံချောင်း နည်းပညာတက္ကသိုလ်ရှေ့တွင် ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းက ဂိတ်ပေါက်တံခါးကို ဖွင့်ပေးခဲ့သည်။ သပိတ်မှောက် ကျောင်းသားတစ်ချို့က ကျောင်းအတွင်းသို့ဝင်၍ စာရွက်စာတမ်းမျး ဝေခဲ့ပြီး လမ်းခရီးကို ဆက်လက်ချီတက်ခဲ့သည်။

ဂျပန်လေလံဈေးနှုန်းမြင့်တက်မှုကြောင့် ကားဈေးကွက်များ မကျနိုင်သေး

ဂျပန် လေလံဈေးနှုန်းမြင့်တက်နေခဲ့မှု ကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်း များအတွင်း ကားဈေးနှုန်းများ ယခု လပိုင်းအတွင်း ပြန်လည်ကျဆင်း ရန်မဖြစ်နိုင်သေးကြောင်း မော်တော် ကားရောင်းဝယ်ရေး လုပ်ကိုင် သူ များထံမှ သိရသည်။

တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ် (ITC) ဖြင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှသာ ကုန်သွယ်မှုအများဆုံး

တစ်ဦးချင်းကုန်သွယ်မှုလုပ် ငန်းရှင်မှတ်ပုံ တင်လက်မှတ် (ITC)ဖြင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ သာကုန်သွယ်မှုအများဆုံးပြုလုပ် လျက်ရှိကြောင်း ကူးသန်းရောင်း ဝယ်ရေးနှင့်စားသုံးသူရေးရာ ဦးစီး ဌာနမှ သတင်းရရှိသည်။

ကျိုက်ထီးရိုးတောင်တက်လမ်း အကွေ့နေရာများတွင် ဘလောက်တုံးများချသွားရန် စီစဉ်

ကျိုက်ထီးရိုးတောင်တက်ကားများ အရှိန်ဖြင့် မဆင်းစေရန် တောင်တက်ကားလမ်း ကွေ့နေရာများတွင် ဘလောက်တုံး များချသည့်အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက် မော် တော်ယာဉ်အသင်းမှ သိရသည်။

မလေးရှားတွင် မွေးကတည်းက လက်ချောင်းများမပါသူကို လက်ချောင်းအတုတပ်ပေးရာ ရင်းဂစ် ၁ဝဝ မျှသာကုန်ကျ

မလေးရှားတွင် မုကရီမိဖ်ဇယ်လ် ရေမီဖ်ဇယ်လ်သည် မွေးဖွားစဉ်က သူ၏ ဘယ်ဘက်လက်ချောင်းများ ပါမလာခဲ့ချေ။ သို့ဖြစ်၍ သူ၏ ထိုဘယ်ဘက်လက်တွင် မကြာသေးမီက လက်ချောင်းအတုများတပ်ပေး ထား လိုက်သည်။ လက်ချောင်းအတု ကလေးများတပ်ခအတွက် ရင်းဂစ် ၁ဝဝမျှသာကုန်ကျသည်ဟုသိရသည်။

ရန်ကုန်စည်ပင် နယ်နိမိတ်တွင် တစ်ပတ်အတွင်း ဆိုင်ကယ်အစီး ၃၀၀ ကျော် ဖမ်းဆီးအရေးယူခဲ့

ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း စီးနင်းသည့် ဆိုင်ကယ်များကို မော်တော်ယာဉ် ဥပဒေအပြင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေဖြင့်ပါ အရေးယူခဲ့ပြီး ဇန်နဝါရီ နောက်ဆုံးပတ်အတွင် စီးရေ ၃ဝဝ ကျော် အရေးယူခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ဒု-ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

မန္တလေးမြို့လယ်ရှိ မြေ ၁၅ဧကကျော် လုပ်ကိုင်ခွင့်ရခဲ့သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များအကြား မြေပိုင်ဆိုင်မှုအငြင်းပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဘူတာကြီးအနီးရှိ မြေ(၁၅)ဧကကျော်ကို မန္တလေးမြို့တော်စည်ပင် ထံမှ BOT စနစ်ဖြင့် နှစ်ရှည်လုပ်ကိုင်ခွင့်ရရှိထားသော စီးတီးမင်းကုမ္ပဏီမှ တရုတ် စီးပွားရေးလုပ်ငန်းရှင်များ အကြား မြေယာပြဿနာအငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဒဂုံ (၄) မြို့နယ်အား စက်မှုဇုန် အကောင်အထည် ဖော်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒဂုံမြို့သစ် လေးမြို့နယ်အား ကုန်စည် ပို့ဆောင်ရာတွင် အချက်အချာ ကျသည့် စက်မှုလုပ်ငန်းများ ထွန်းကားသည့် နေရာတစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့် က ပြောသည်။

၂၀၁၅နှစ်ဦးတွင် ပါမစ်မကျသေးဘဲကြိုဆောက်သဖြင့် အင်ဂျင်နီယာ လိုင်စင် ပိတ်သိမ်းအရေးယူဆောင်ရွက်မှုများရှိနေ

ပါမစ်မကျသေးဘဲကြိုတင်ဆောက်လုပ်သည့် စည်းကမ်း မဲ့ လိုင်စင်ရအင်ဂျင်နီယာ အချို့ကို အင်ဂျင်နီယာ လိုင်စင် ပိတ် သိမ်းသည်အထိ အရေးယူဆောင် ရွက်မှုများရှိနေကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာ ယာရေးကော် မတီ အင်ဂျင်နီယာ ဌာန(အဆောက်အ အုံ)မှ သိရသည်။

ဒဂုံဆိပ်ကမ်းရှိ ကျူးကျော်တဲများ ဖယ်ရှားခံခဲ့ရခြင်းကြောင့် လမ်းများပေါ် အိပ်နေရပြီး ကျောင်းတက်ရန်လည်း အခက်ကြုံနေ

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်၊ ၁၆၈ ရပ်ကွက်ရှိ ကျူးကျော်တဲတစ်ရာကျော် ခန့် ဖယ်ရှားခံခဲ့ရခြင်းကြောင့် ကျူးကျော်တဲများတွင် နေထိုင်သူများမှာ စားဝတ်နေရေး အခက်အခဲများ ကြုံနေရကာ လမ်းများပေါ်တွင် အိပ်နေရကြောင်း သိရသည်။

မြန်မာ-လာအိုချစ်ကြည်ရေးတံတားတည်ဆောက်မှုလုပ်ငန်းကို အရှိန်မြှင့်

မြန်မာ - လာအို ချစ်ကြည်ရေး တံတား တည်ဆောက်နေ မှုအား တွေ့ရစဉ်။ ဓာတ်ပုံ - MNA
မဲခေါင်မြစ်ကိုဖြတ်လျက် ရှမ်း ပြည်နယ်ရှိ တာချီလိတ်နှင့် လာအို နိုင်ငံ လောင်နမ်သာပြည်နယ် တို့ကို ပေါင်း ကူးပေးမည့် ချစ်ကြည်ရေးတံ တားဆောက်လုပ်နေခြင်းကို မြန်မာ နှင့် လာအိုတို့က အရှိန်မြှင့်လိုက် သည်ဟု တရားဝင် သတင်းတစ်ရပ် က ဖေဖော်ဝါရီ ၁ရက်၌ ဖော်ပြသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ မပြီးပြတ်သေး၊ အင်္ဂါနေ့တွင် နေပြည်တော်၌ ဆက်လက်ဆွေးနွေးမည်

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် လေး ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရာတွင် အကြိုသဘော တူညီမှုဆိုင်ရာ အချက်ကိုးချက်အနက် တစ်ချက်သာဆွေးနွေး ရန်ကျန်ရှိပြီး ဒုတိယအကြိမ် လေးပွင့်ဆိုင် ဆွေးနွေး ပွဲကို ဖေဖော်ဝါရီ၃ရက်၌ နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာနတွင် ပြုလုပ်သွားရန် သဘောတူ ညီခဲ့ကြကြောင်း သိရသည်။

အမျိုးသမီးများ စစ် မှု မ ထမ်း မ နေ ရ စ နစ် တစ်ရပ်ကို မြောက်ကိုရီးယား စတင်ချမှတ်

မြောက်ကိုရီးယား အစိုးရသည် နိုင်ငံအတွင်း ရှိ လက်နက်ကိုင် တပ်ဖွဲ့အင်အား တိုးမြှင့်နိုင်ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် နိုင်ငံအတွင်းရှိ အမျိုးသမီးများအား စစ်မှုမထမ်း မနေရစနစ် တစ်ရပ်ကို စတင်ချမှတ် လိုက်ကြောင်း သိရသည်။အဆိုပါ စစ်မှုမထမ်း မနေရ စနစ်အရ နိုင်ငံအတွင်းရှိ အလယ်တန်းနှင့် အထက် တန်း ပညာရေးအဆင့် အောင်မြင်ပြီးသူ အသက် ၁၇နှစ်နှင့် ၂ဝနှစ်အကြား အမျိုး သမီးများမှာ လက်နက် ကိုင် တပ်ဖွဲ့များအတွင်း ဝင်ရောက်အမှုထမ်းရ မည်ဖြစ်ပြီ ၎င်းတို့အား ပြည်နယ် အသီးသီးတွင် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Sunday, 1 February 2015

၎ ပွင့်ဆိုင်ဆွေးနွေးပွဲ အချို့အချက်များ မပြေလည်၊ ဖေဖော်ဝါရီ ၃ ရက် ထပ်ဆွေးနွေးမည်




အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေ ဘက်က တင်ပြလာတဲ့ အချက် ၉ ချက်နဲ့ ပတ်သက်လို့ တချိ့အချက်တွေကို သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ ဆက်လက်ဆွေးနွေး မှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က မူလ ပြောဆိုထားတဲ့အချက် ၁၁ ချက်ထဲ မှာ မပါတာတွေ ထပ်မံတင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။

ကျောင်းသား ကိုယ်စားလှယ်တွေ ထပ်မံတင်သွင်းတဲ့ အချက် ၉ ချက်ထဲက ညီတူညီမျှ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ သတင်းထုတ်ပြန်ရေး၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု စတဲ့ အချက်တွေကို သဘောတူပေမယ့် နံပါတ် ၅ ဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာများ သမဂ္ဂတွေရဲ့ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့နေရာမှာ သဘောတူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။

KIA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်မောင်း အပါအ၀င် ၄ ဦး ထိမှန်ဒဏ်ရာရရှိ




ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာ အ၀င်၌ ဇန်န၀ါရီ ၃၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ချိန်ခန့်တွင် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ယာဉ်ေ မာင်း စုစုပေါင်း ၄ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဖြစ်စဉ်မှာ တောင်းကော့ကျေးရွာနှင့် ကောင်ဆန်ကျေးရွာလမ်းဆုံအနီးရှိ စိန်လုံတောင်တန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝန်းအတွင်းမှ မော်တော် ယာဉ် ၂ စီးဖြင့် ထွက်ခွာလာသော ရဲတပ်ဖွဲ့ဝင် များအား ယင်းကျေးရွာအ၀င်တွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိရဲအရာရှိတစ်ဦးထံမှ သိရသည်။
“ ကားလမ်းရဲ့ ဘယ်ဘက်ခြမ်းကနေ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်တာပါ၊ လာတဲ့ ယာဉ်နှစ်စီးအနက် နောက်ယာဉ်တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကားဆရာအပါ လေးယောက်ကတော့ ထိခိုက် ဒဏ်ရာရရှိသွားကြတယ် ” ဟု ကိုယ်တွေ့ကြုံခဲ့ရသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ငြိမ်းချမ်းရေးအ တွက် တွေ့ဆုံဆွေးနွေး


အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ‘၀’ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော်(UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) (မိုင်းလားအဖွဲ့) မှ ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
‘‘အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ကိစ္စပဲ သွားဆွေးနွေးတာ ပြန်မရောက်ကြသေးတော့ အသေးစိတ်မသိသေးဘူး’’ဟုကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလိုကြောင်း ပြီးခဲ့သည့် လွတ်လပ်ရေးနေ့က တိုင်းရင်းသားများထံ ကမ်းလှမ်းခဲ့သည်။

ရွှေမှော်အလုပ်သမား ၁၂၀ ကျော်အား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်



ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော် အလုပ်သမားများအား ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် လာရောက်စုဆောင်းသွား ကြောင်း သိရ သည်။
“နယ်ကနေလာရောက်အလုပ်လုပ်ကိုင်သူများတယ်၊ ဒီဒေသမှာတော့ မှော် လုပ်ငန်း ၈ ခုလောက်တော့ရှိတယ်။ ဒီမှော်တွင်းက ကျား/မ ၇၅ ယောက်ေ လာက်ခေါ် သွားတယ်”ဟု အောင်ဘာမှော်မှ အလုပ်သမားတစ်ဦးက ပြောသည်။
အဆိုပါ အဖွဲ့အနေဖြင့် ဒေသအတွင်းမှ မှော်သူ/မှော်သား စုစုပေါင်း ၁၂၅ ဦးအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မှော်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း




ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အားပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

အာရှရဲ့ အစည်ကားဆုံး လူကုန်ကူးမှုလမ်းကြောင်းတွေထဲက တခုအပါ အ၀င်ဖြစ်တဲ့ တောင်ပိုင်းမှာ အစိုးရက ကင်းလှည့်ဖို့ အားထုတ်မှုတွေကို စိတ်ပျက်နေတဲ့ အရပ်သားတွေက ကိုယ်တိုင် လှုပ်ရှားနေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။လူကုန်ကူးမှုပြဿ နာကို ဖြေရှင်းဖို့ ရွာသား အယောက် ၁၀၀ လောက် ပါတဲ့ အုပ်စုက တောင်ပိုင်းခရိုင်မှာ ကင်းလှည့်နေရပါတယ်။
လူသားချင်းစာနာမှု စိုးရိမ်ချက်တွေနဲ့ လုပ်နေတာ ဖြစ်ပေမယ့် လက်နက်ကိုင် လူမှောင်ခိုတွေနဲ့ ဆင်းရဲတဲ့ ဒုက္ခသည်တွေကြောင့် ရာဇဝတ်မှုတွေ တိုးလာပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူတို့က ပြောပါတယ်။
ထိုင်းအာဏာသိမ်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး နှိမ်နင်းဖို့ ကတိပေး ထားပေမယ့် လုပ်အားပေးတွေကတော့ ဒေသတွင်း တရားမဝင် ရွှေ့ပြောင်းနေ ထိုင်သူတွေ ပိုတိုးလာနေတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံတွင် ဆီးနှင်းများကျနေသည့်ကြားမှ ကြီးမားသောမီးလောင်မှုဖြစ်ပွား





မီးသတ်သမား၂၇၀ကျော်မှာ ဘရုပ်ကလင်း ကုန်လှောင်ရုံကြီး မီးအကြီးမားဆုံး မီးလောင်နေ သည့်ကြား အပြင်းအထန် ကြိုးစားငြိမ်းသတ်နေကြပါတယ်၊

နယူရော့ မြို့ တော်နဲ့  မြစ်ကမ်းတဖက်စီခြားနေတဲ့ ၀ီလရင်ဘတ် မြို့ ရဲ့  ကန့် ရိတ်သာ ၁၁လမ်းမှာ ရှိ တဲ့ လမ်းမှာရှိတဲ့ ကုန်သိုလှောင်ရုံကြီးမှာ ဆက် တိုက်လောင်ခဲ့တဲ့ မီးကိုငြိမ်းသတ်ဘို့ သွားကြတဲ့ မီးသတ်သမားတွေငြိမ်းသတ်ဖို့ အသွား မှာ အဆောက်အဦးတွေကို ခက်ခဲစွာဖြတ်နေရ တာကြောင့် ယခုလို မီးအရှိန်ပိုကြီးမားသွားခဲ့ခြင်း ဖြစ်ပါတယ်။

ဧက ၁၀၀ ကျော် ကျယ်ဝန်းသော သမိုင်းဝင် ကျိုက္ကဆံကွင်းကို အား/ကာ ၀န်ကြီး ဌာနမှတစ်ဆင့် စီးပွားဖြစ် အထပ်မြင့် အဆောက်အအုံ လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်မှု အလွှာအသီးသီးက ၀ိုင်းဝန်း ကန့်ကွက်




ဗိုလ်ချုပ်အောင်ဆန်း လူထုစည်းအဝေးပွဲ လုပ်ဖူးတဲ့ သိမ်ဖြူ အားကစားကွင်းကို ပုဂ္ဂလိက လက်ကိုအပ် စီးပွားဖြစ်ကွန်ဒို ပြောင်းလဲတည်ဆောက်ခွင့် ပေးပြီး တဲ့နောက် အခု ဧက ၁၀၀ ကျော် ကျယ်ဝန်းတဲ့ သမိုင်းဝင် ကျိုက္ကဆံကွင်းကြီးကို အားကစား ၀န်ကြီးဌာနက တစ်ဆင့် ပုဂ္ဂလိက ကုမ္ပဏီ အချို့က စီးပွားဖြစ် လုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဖို့ စီစဉ်နေကြ ပြန်ပါတယ်။
ရန်ကုန်မှာ ပန်းခြံ ၆၃ ခု၊ ကစားကွင်း ၉၉ ခုလို့ ဆိုပေမယ့် စာရင်းအဖြစ်ပဲ ရှိနေပြီး တကယ် လောက်လောက်လားလား အပန်းဖြေနိုင်တဲ့ ပန်းခြံနဲ့က လက်နှစ်ဖက် မပြည့်ပါဘူး။

ပန်းခြံနဲ့ ကစားကွင်းတွေ ရှားပါးလာတဲ့ ရန်ကုန်မြို့မှာ ဧကကျယ်ကျယ်နဲ့ အများပြည်သူအတွက် နေရာလပ် ကျန်တာဆိုလို့ သမိုင်းဝင် ကျိုက္ကဆံကွင်း တစ်ခုပဲ ရှိပါတော့တယ်။ ကျန်တဲ့ မြေကွက်ကျယ်တွေကတော့ လုပ်ငန်းရှင်တွေက အုပ်ချုပ်သူ အဆက်ဆက်နဲ့ ပေါင်းပြီး အမွေခွဲသလို ခွဲယူထားလို့ မကျန် သလောက်ပါပဲ။ အခု တစ်ခုတည်းကျန်တဲ့ သမိုင်းဝင် ကွင်းကြီးကိုပါ စီးပွားဖြစ်လုပ်ဖို့ စီစဉ်နေတာပါ။

အများပြည်သူကိုလည်း ချပြမှု လုံးဝမရှိ၊ လွှတ်တော်ကိုလည်း လုံးဝ အသိမပေးဘဲ လုပ်မယ့် ကုမ္ပဏီက နိုင်ငံတော်သမ္မတထံကို လုပ်ကိုင်ခွင့်ပြုဖို့ အဆိုပြုလွှာတောင် တင်ထားပြီးပြီလို့ သိရပါတယ်။

ဒီပုံစံက ဘာနဲ့တူသလဲ ဆိုတော့ ခွင့်ပြုချက်ရပြီး လုပ်တော့မယ်ဆိုမှ ပြည်သူနဲ့ လွှတ်တော် သိခွင့်ရလိုက်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ခွင့်ရဖို့ လုပ်သွားတဲ့ပုံစံ၊ လက်သိပ်ထိုး ပုံစံနဲ့ အတူတူပါပဲ။