Thursday, 8 January 2015

တရုတ်က ယခုနှစ်တွင် မြန်မာ့ဆန် တန်တစ်သန်း ၀ယ်ရန်သဘောတူ

တရုတ်အစိုးရက ၂၀၁၅ တွင် ကိုတာစနစ်ဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သန်းကို ပထမဆုံးအကြိမ် တရားဝင်ဝယ်ယူရန်မူအားဖြင့် သဘောတူညီသည်ဟု အကြောင်းပြန်ကြားလာကြောင်း သတင်းရရှိသည်။

ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….

ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်း အနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။ တပ်မတော် သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ၀န်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အသီးသီးက ကိုယ်စားလှယ် တွေနဲ့ ကင်းထောက် လူငယ်တွေ အင်အားစုစုပေါင်း ၇၂၀၀ ကျော်နဲ့ အခမ်းအနားကို ပါဝင် ချီတက်ပြီး နိုင်ငံတော်ရဲ့ဥသျှောင် နိုင်ငံတော် သမ္မတကြီးကို ချီတက်အလေးပြုနေတာ တစ်သက်မှာ တစ်ခါပဲမြင်တွေ့ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် မိမိကိုယ်မိမိ လည်း အင်မတန်မှကျေနပ်အားရမိပါတယ်။

အမျိုးသမီးလိဂ်တည်ထောင်ရန်ခက်ခဲကြောင်း ဦးဇော်ဇော်ဆို

အမျိုးသမီးလက်ရွေးစင်အသင်း အောင်မြင်မှုရရှိစေရန်အတွက် အမျိုးသမီးလိဂ်တည်ထောင်ရမည် ဖြစ် သော် လည်း ကလပ်အသင်းများမရှိသေး သဖြင့်ခက်ခဲကြောင်း ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းမ် သို့ပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏သား ဦးဖြိုးဝေဝင်းနှင့် တွေ့ဆုံခြင်း

““ ပစ်ခတ်သွားတဲ့ကိစ္စတွေ၊ အာဏာသိမ်းတဲ့ကိစ္စတွေ၊ စီးပွားရေးနိမ့်ကျသွားတဲ့ ကိစ္စတွေကို အကောင်း အဆိုး၊ အကြောင်းအကျိုးအမှန်ကို အမှန်အတိုင်း အားလုံး ဝေဖန်နိုင်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း နိုင်ငံမတည်ငြိမ်အောင် လုပ်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သမ္မတရုံး ပြောကြား

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါဆုံးအဖြစ် သတ်မှတ်ထားသော ၂၀၁၅ ခုနှစ်အတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်အောင် လုပ်ဆောင်သူများကို ထိထိရောက် ရောက် ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မက်ဒေါနယ် အစားအစာ မသန့်သည့်အရာများပါဝင်မှု ဂျပန်ဆိုင်ခွဲ တောင်းပန်

Photo: မက်ဒေါနယ် အစားအစာ မသန့်သည့်အရာများပါဝင်မှု ဂျပန်ဆိုင်ခွဲ တောင်းပန်
Thursday, January 8, 2015 

ဂျပန်နိုင်ငံ မက်ဒေါနယ်ဆိုင်တွေက ရောင်းချခဲ့တဲ့ အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့အရာတွေ ပါဝင်ခဲ့တဲ့အတွက် ဂျပန်ဆိုင်ခွဲ ဒုဥက္ကဋ္ဌက မနေ့က တောင်းပန်ခဲ့ပါတယ်။

Employees work at a production line prior to a seizure at the Husi Food factory in Shanghai“ဆိုင်က ရောင်းချတဲ့အစားအစားတွေမှာ မသန့်ရှင်းတဲ့ အရာတွေ တွေ့ရှိခဲ့တဲ့အတွက် စားသုံးသူတွေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ ပါတယ်။ အဲ့ဒါအတွက် အနူးအညွတ်တောင်းပန်ပါတယ်” လို့ ဒုဥက္ကဋ္ဌ Aoki က သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ မက်ဒေါနယ်အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့ အရာတွေ ၃ ကြိမ်တိတိတွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့တပတ်က ကြက်ကြော်ထဲမှာ ဗီနိုင်းစ၊ သြဂုတ်လက အာလုံးချောင်းကြော် ထဲမှာ လူသွားတချောင်း၊ ဒီဇင်ဘာလက ချောကလက်ရေခဲမုန့်ထဲမှာ  ပလတ်စတစ်စ တွေ့ရှိခဲ့တာပါ။

အာလူးကြော်ထဲမှာ လူသွားတချောင်း တွေ့ရှိခဲ့တဲ့ကိစ္စတုန်းကတော့ ဘယ်လို လုပ် လူသွားတချောင်း ပါလာခဲ့လဲဆိုတာ မသိရှိဘူးလို့ ဒုဥက္ကဋ္ဌက ပြောဆိုခဲ့ပြီး နောက် ဒီလိုမဖြစ်စေရဘူးလို့လည်း ပြောဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုကျိုမြို့ခံတဦးကတော့ ဒီအစားအစာတွေဟာ နဂို ကတည်းက ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့ အစားအစာတွေ မဟုတ်တဲ့ အတွက် မသန့်ရှင်းတဲ့အရာတွေ ပါပါနေတယ်ဆိုလည်း ဒီလိုပဲဖြစ်မှာပဲလို့ ပြောဆိုပါတယ်။

အရင်က တရုတ်ကုမ္ပဏီတွေကို ကုန်ကြမ်းလက်ခွဲပေးခဲ့လာတာကနေ ပြီးခဲ့တဲ့ နှစ်က မသန့်မရှင်းလုပ်တဲ့ပြဿနာတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ထိုင်းကုမ္ပဏီ ၃ ခုကို ပြောင်းလဲငှားရမ်းခဲ့ပြီး လူသွားတချောင်း တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီဗွီဘီ
ဂျပန်နိုင်ငံ မက်ဒေါနယ်ဆိုင်တွေက ရောင်းချခဲ့တဲ့ အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့အရာတွေ ပါဝင်ခဲ့တဲ့ အတွက် ဂျပန်ဆိုင်ခွဲ ဒုဥက္ကဋ္ဌက မနေ့က တောင်းပန်ခဲ့ပါတယ်။

လက်ပံတောင်းတောင်အရေး ဆွေးနွေးရန် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးလုပ်မည်

Photo: လက်ပံတောင်းတောင်အရေး ဆွေးနွေးရန် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးလုပ်မည်
Thursday, January 8, 2015 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဆောင်ရွက်နေသည့် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီတို့ပါဝင်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေးကို ဇန်န၀ါရီ လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းထွက်၊ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနှင့် ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ MEITI ရုံးက ဖုန်းဖြင့် အကြောင်းပြန်ထားသည်ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ညွှန့်ပေါင်း အစည်းအဝေးပြုလုပ်ရန် အရပ်ဘက်အဖွဲ့ အစည်းများက ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် မြန်မာပြည် MEITI ရုံးသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စာတင်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေး ဒု-၀န် ကြီး ဒေါက်တာမောင်မောင်သိမ်း၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကော်မတီအဖွဲ့ဝင်များ၊ ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားသည်။

စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး မမိုးမိုးထွန်းက“ကျွန်မတို့ ဖိတ်ကြားထားတဲ့သူတွေ အစိုးရ ဘက်ကလူတွေ ရှိတယ်။ သူတို့တွေမပါရင် ကျွန်မတို့ လည်းမတက်ဘူး။ သူတို့က တက်မယ်လုပ် ဖြစ်တယ် လို့ ဖုန်းဆက်ထားတယ်။ စာနဲ့တော့ တရားဝင် အကြောင်းမကြားသေးဘူး” ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲကို ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ စိမ်းရောင်စို စသည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ကိုးဦး တက်ရောက်မည် ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးထွန်းမြင့်အောင်က “ဒီလိုပွဲမဖြစ်ဘူးဆိုရင် EITI အဖွဲ့ဝင်ဖြစ်ဖို့ မြန်မာနိုင်ငံအနေနဲ့ ခက်ခဲသွားနိုင်တယ်။ လက်ပံတောင်းတောင်ကိစ္စပဲ ဦးစားပေးပြီး ပြုလုပ်သွားမှာပါ။ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ကို အဓိထား ဇောင်းပေးပြီး ဆွေးနွေး သွားမှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ၏ အလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသခံ ငါးဦးကိုလည်း ယင်း အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြား ထားသည်ဟု မမိုးမိုးထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့ သည်။

Mizzima - News in Burmese
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဆောင်ရွက်နေသည့် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီတို့ပါဝင်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေးကို ဇန်န၀ါရီ လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းထွက်၊ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနှင့် ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ MEITI ရုံးက ဖုန်းဖြင့် အကြောင်းပြန်ထားသည်ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို ပြောသည်။

ဂျပန်နိုင်ငံက ကွန်ဒုံးစွတ် အစားအစာ

Photo: ဂျပန်နိုင်ငံက ကွန်ဒုံးစွတ် အစားအစာ
Thursday, January 8, 2015 

ဂျပန်တွေဆီက ပိုမိုထူးခြားတာ မရှိနိုင်တော့ဘူးလို့ မှတ်ချက်ချလိုက်တဲ့ အချိန်လေးမှာတင် ဒီအဖြစ်လေး ဖြစ်ပွားခဲ့တာပါ… ကွန်ဒုံးချက်ပြုတ်နည်း လမ်းညွန်(The Condom Cookbook) တဲ့။

ဒီစာအုပ်ကို Condom Meals I Want To Make For You လို့ အမည်ပေးထားပြီး အသားသွတ်ကွန်ဒုံး၊ ထောပတ်ချက် ခရုကွန်ဒုံး အပြင် အချိုပွဲအဖြစ် ကွန်ဒုံးကွတ်ကီး ကဲ့သို့သော အရသာရှိတဲ့ ကွန်ဒုံးအဓိက သုံးအညွန်း (၁၁) မျိုးပါဝင်ပါတယ်။ ဒီစာအုပ်အနေနဲ့ ကွန်ဒုံးရဲ့ အသုံးခံမှုကို ပြသဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ချက်ပြုတ်ခြင်းမှတဆင့် ကွန်ဒုံးပျံ့နှံ့မှုကို အထောက်အကူပြုကောင်းပြုနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

တစ်ဖက်ကို ပိုမိုထင်ရှားအောင်ဖော်ပြထားတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်… ဂျပန်အမျိုးသားတွေဟာ ကမ္ဘာမှာ ကွန်ဒုံးအသုံးပြုမှုမှာ တတိယအဆိုးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကာမဆက်ဆံရာမှာ ပိုမိုလုံခြုံမှုရှိစေ ဖို့ ဖန်တီးထားခြင်းလည်း ဖြစ်ပါတယ်တဲ့။

Trend Myanmar
ဂျပန်တွေဆီက ပိုမိုထူးခြားတာ မရှိနိုင်တော့ဘူးလို့ မှတ်ချက်ချလိုက်တဲ့ အချိန်လေးမှာတင် ဒီအဖြစ်လေး ဖြစ်ပွားခဲ့တာပါ… ကွန်ဒုံးချက်ပြုတ်နည်း လမ်းညွန်(The Condom Cookbook) တဲ့။

တစ်ကျော့ပြန် ဖုန်ကြားရှင် နောက်မှာ ဘယ်သူရှိမလဲ ?

နှစ်အတန်ကြာ ထွက်ပြေးတိမ်းရှောင်နေသော ကိုးကန့်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် အနေဖြင့် မကြာမီ ရက်ပိုင်းက အစိုးရတပ်အား ပြန်လည်ခုခံရန်ပြန်လာမည်ဟု တရုတ်အစိုးရ၏ အာဘော် များအား မကြာခဏဖော်ပြ လေ့ရှိသည့် Global Times တရုတ်သတင်းစာနှင့် ပြုလုပ်သည့် Interview တစ်ခုတွင်ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံဒေသခံများ စားဝတ်နေရေး၊ လူနေမှုဘ၀များ တစ်နှစ်ထက်တစ်နှစ် ခက်ခဲလာ

Photo: မစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံဒေသခံများ စားဝတ်နေရေး၊ လူနေမှုဘ၀များ တစ်နှစ်ထက်တစ်နှစ် ခက်ခဲလာ
Thursday, January 8, 2015

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ဒေသခံများ တစ်နှစ်ထက်တစ်နှစ် စားဝတ်နေရေး၊ လူမှုရေးဘဝများ ခက်ခဲလာပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးခေါင်းဆောင်သော အဖွဲ့ဝင်ခြောက်ဦးသည် ဒေသခံများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လက်ရှိအခြေအနေများကို လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသို့ ပြောင်းရွှေ့ခံကျေးရွာများမှ လူ ၂ဝ ကျော် တက်ရောက်ခဲ့ပြီး ရွှေ့ပြောင်းကျေးရွာများတွင် နေအိမ်၊ လမ်း၊ မီးတို့တွင် အဆင်ပြေသော်လည်း စိုက်ပျိုးမြေ မရှိခြင်း၊ တစ်နိုင်တစ်ပိုင် မွေးမြုရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်း၊ လျော်ကြေးငွေများ ပြည့်စုံအောင်မရရှိခြင်း၊ ၁ဝ မိုင်ခန့်ကွာဝေးသော ကျေးရွာဟောင်းများမြေတွင် သွားရောက်လုပ်ကိုင် စားသောက်ရခြင်း၊ ပြောင်းရွှေ့ကျေးရွာ အားလုံးတွင် သင်္ချိုင်းမြေများ မရှိခြင်း၊ ကျေးရွာစားကျက်မြေများ မရှိခြင်း၊ ရပ်ဝေးဒေသများတွင်သာ စီးပွားရှာဖွေရေး သွားရောက်လုပ်ကိုင်ကြသောကြောင့် လူမနေသောအိမ်များ တစ်နှစ်ထက်တစ်နှစ် များလာခြင်း၊ ဝင်ငွေရှိသော အလုပ်အကိုင် အခွင့်အလမ်းမရှိခြင်း စသည်တို့ကြောင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းစေလိုကြောင်း ဆွေးနွေးခဲ့ကြသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာမှ ဦးမြအေးက “ ကျွန်တော်တို့ ၈၈ အဖွဲ့အစည်းအနေနဲ့ ပြတ်သားတဲ့မူဝါဒ ချမှတ်ထားတာ ရှိပါတယ်။ ဘယ်နည်းနဲ့မှ မြစ်ဆုံရေကာတာ စီမံကိန်းကိုဆက်ပြီး လုပ်ခွင့်မပေးနိုင်ဘူး။ အပြီးတိုင်ဖျက်သိမ်းရေးဟာ ကျွန်တော်တို့မူပါ။ ယနေ့အထိ ပြောင်းလဲခြင်း မရှိသေးပါဘူး။ CPI ကုမ္ပဏီက သက်ဆိုင်ရာတွေနဲ့တွေ့ပြီး ကျွန်တော်တို့ရပ်တည်ချက်ကို ပြတ်ပြတ်သားပြောခဲ့ပါပြီ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ပေါ်ထွန်းရာ ပင်မမြစ်ဖြစ်သလို မြစ်ဆုံဒေသဟာ ကချင်လူမျိုးများ၏ အမွေအနှစ်ဖြစ်တယ်။ ဒါကြောင့် ရေကာတာကြီးဆောက်ပြီး ဘယ်လောက်ဝင်ငွေရရ ကျွန်တော်တို့ လက်မခံနိုင်ဘူးဆိုတာကို ပြောပြပါတယ်” ဟု ပြောကြားသည်။

ပြောင်းရွှေ့ခံ မလိယန်ကျေးရွာမှ ရွာသားများက “ကျွန်တော်တို့ မီး၊ လမ်း၊ နေအိမ် အဆင်ပြေတယ်။ ငွေရတဲ့ အလုပ်တစ်ခုမှ ဒီရွာမှာမရှိဘူး။ ရွှေ့ပြောင်းရွာတိုင်း သင်္ချိုင်း၊ အားကစားကွင်း မရှိဘူး။ စိုက်ပျိုးရေးသွားလုပ်ရတာ ရွာနဲ့ ၁ဝ မိုင်ကျော်မှာရှိတယ်။ ဖော်ပေးတဲ့ လယ်မြေတွေကလည်း စိုက်ပျိုးလို့မကောင်းတဲ့ သူများပိုင်မြေတွေပါ။ ကျွန်တော်တို့ ပြောင်းလာခဲ့တဲ့ နေရာဆိုရင် လုပ်ငန်းဖော်ဆောင်တဲ့ နေရာဖြစ်လို့ ပြန်ပြီး လုပ်စားလို့ မရတော့ပါဘူး။ လျော်ကြေးလည်း ဝါးတစ်ရုံလုံးမှ ကျပ် ၅ဝဝဝ ပဲပေးတယ်။ နှစ်ရှည်ပင်တွေ အများစုအတွက်လည်း လျော်ကြေးမရဘူး။ အခုတော့ စီမံကိန်းဒုက္ခသည်တွေ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့ အခုပြောနေတာ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ အသနားခံနေတာပါ” ဟုဆိုသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ  ဦးမြအေးက “ကျွန်တော်တို့ ဒီကိုရောက်လာရ တဲ့ အကြောင်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေကို ရပ်ဆိုင်းအောင် လုပ်ဆောင်တဲ့နေရာမှာ တိုင်းရင်းသားတွေအားလုံး လွတ်လွတ်လပ်လပ် ပါဝင်နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်စီရင်နိုင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီး ပေါ်ပေါက်ရေးကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနေတဲ့ ကိစ္စမှာ နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် စီးပိုးမှုမရှိအောင် မျှမျှတတဖြစ်ပေါ်ပြီး တိုင်းရင်းသား အခွင့်အရေးတွေကို တကယ်ဖော်ဆောင်နိုင်တဲ့၊ နိုင်ငံရေးအရ အနှစ်သာရပြည်ဝတဲ့ ဖြစ်ပေါ်နိုင်ရေးအတွက် ဒေသခံများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်ပါတယ်” ဟုဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉ဝ၄ စု၊ လူဦးရေ ၁ဝ၅ဝ၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ (မလိဇွပ်)၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့ စသည့် ကျေးရွာများမှာ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွှေ့ပြောင်းနေကြရသည်။ အောင်မြင်သာ ကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂ဝ၇၅ ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂ဝ စု လူဦးရေ ၅ဝဝ ကျော်ရှိပြီး အများစုမှာ ဝမ်းစာရှာဖွေရန် အခက်အခဲတွေ့လျက် ရှိသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ဝူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်။ လာဆာတို့တွင် စီမံကိန်းခုနစ်ခုရှိပြီး စုစုပေါင်းစက်တပ်ဆင် အင်အားမှာ မဂ္ဂါဝပ် ၂ဝဝဝဝ ခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ဘီလျံ ၁ဝဝ ယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။ ၂ဝ၁ဝ ပြည့်နှစ် မေလ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ မေခ-မလိခ နှင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။

မြစ်ဆုံဆည်ရေကာတာ စီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ ယခု စက်တင်ဘာ ၃ဝ ရက်တွင် သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် တန်ဖဲရွာကို တွေ့ရစဉ်
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် တန်ဖဲရွာကို တွေ့ရစဉ်
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ဒေသခံများ တစ်နှစ်ထက်တစ်နှစ် စားဝတ်နေရေး၊ လူမှုရေးဘဝများ ခက်ခဲလာပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြင်သစ်ဂျာနယ်ရုံး တိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ပြီ

Photo: ပြင်သစ်ဂျာနယ်ရုံး တိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ပြီ
Thursday, January 8, 2015

ပဲရစ်မြို့က သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာမှာ ပါဝင်သူတွေလို့ သံသယရှိသူ သေနတ်သမား ၃ ယောက်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်သမား ၂ ယောက်ဟာ အသက် ၃၄ နှစ်အရွယ် Said Kouachi နဲ့ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ညီဖြစ်သူ Cherif တို့ဖြစ်ပြီး နောက်တယောက်ကတော့ အသက် ၁၈ နှစ်အရွယ် Hamyd Mourad ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ထဲက တယောက်ရဲ့ ID ကို ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုလုပ်အပြီး စွန့်ပစ်သွားတဲ့ ကားအတွင်းကနေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Kouachi တို့ ညီအကိုဟာ ပဲရစ်မြို့မှာ နေထိုင်သူတွေဖြစ်ပြီး Mourad ကတော့ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Reims က ဖြစ်ပါတယ်။ သူတို့ထဲက ၁ ဦးဟာ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း လူ ၁၂ ဦး သေဆုံးပြီး ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ Charlie Hebdo အပတ်စဉ်ထုတ် သရော်စာစောင် မဂ္ဂဇင်းဟာ မကြာခန ဆိုသလို မူဆလင် အစွန်းရောက်ဝါဒီတွေကို လှောင်ပြောင်သရော်တဲ့ ရုပ်ပြောင်ကာတွန်းတွေ ထည့်သွင်းဖော်ပြလေ့ ရှိပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ တိုက်ခိုက်သူ သေနတ်သမားတွေဟာ မဂ္ဂဇင်းရဲ့ အယ်ဒီတာအစည်းအဝေး ပြုလုပ်နေစဉ် အဆောက်အဦးအတွင်းကို ၀င်ရောက်လာပြီး ဘုရားသခင်ဟာ ကြီးမြတ်တယ်ဆိုတဲ့ အာရပ်ဘာသာစကားကို ကြွေးကြော်ပြီး သတင်းခန်းအတွင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့ဟာ ပြင်သစ်ဘာသာစကားကို ကောင်းကောင်း ပြောနိုင်ကြသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ၀မ်းနည်းကြောင်း ပြောဆိုကြသလို၊ ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုမျိုးကြောင့် ကျန်တဲ့ တကမ္ဘာလုံးကို စည်းရုံးတဲ့အား ဖြစ်စေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။ ပြင်သစ်နိုင်ငံအတွင်းက မူဆလင် အဖွဲ့အစည်းတွေကလည်း တိုက်ခိုက်မှုအပေါ် ရှုံ့ချလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း လွတ်လပ်စွာထုတ်ဖော် ခွင့်နဲ့ လွတ်လပ်စွာ တင်ပြရေးသားခွင့် ဆိုတာဟာ စံထားရမယ့် အရာတွေဖြစ် တယ်လို့ ပြောပါတယ်။ တကမ္ဘာလုံးက စံထားရတဲ့ အရာတွေဖြစ်တယ်၊ ဒါကို တိုက်ခိုက်လို့ရပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်လို့တော့မရဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာတခွင်မှာရှိတဲ့ လူကောင်းသူကောင်းတွေက အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုကို ဘယ်တော့မှ လက်မခံလို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သေနတ်သမားတွေ ချန်ရစ်တဲ့ကားလို့ မသင်္ကာတဲ့အတွက် စစ်ဆေးနေစဉ်
သေနတ်သမားတွေ ချန်ရစ်တဲ့ကားလို့ မသင်္ကာတဲ့အတွက် စစ်ဆေးနေစဉ်
ပဲရစ်မြို့က သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာမှာ ပါဝင်သူတွေလို့ သံသယရှိသူ သေနတ် သမား ၃ ယောက်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသအချို့တွင် လက်လုပ်မြေမြှုပ်မိုင်းကို ငါးကန်နှင့် စိုက်ခင်းများ၌ မခိုးအောင် အလွဲသုံးနေ

Photo: ဒေသအချို့တွင် လက်လုပ်မြေမြှုပ်မိုင်းကို ငါးကန်နှင့် စိုက်ခင်းများ၌ မခိုးအောင် အလွဲသုံးနေ
Thursday, January 8, 2015

မြေမြှုပ်မိုင်းရှင်းလင်း ရေး လုပ်ဆောင်နိုင်ခြင်းမရှိ သေးချိန်မှာပင် ပြည်နယ်နှင့် တိုင်းအချို့တွင် စီးပွားရေးအရ ကာ ကွယ်မှုအနေဖြင့် ငါးကန်နှင့် စိုက် ခင်းများ၌ ပိုင်ရှင်များက လက်လုပ်မြေမြှုပ်မိုင်းများ မြှုပ်နှံအသုံး ပြုမှု များလာကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ဦးက ပြောသည်။

‘‘ဗဟုသုတနည်းတော့ စီးပွား ရေးအရ ကာကွယ်မှုကို ဒီနည်းသုံးကြတာပါ’’ဟု ၎င်းက ပြောသည်။

စိုက်ခင်းများနှင့် ငါးကန်များ တွင် လက်လုပ်မြေမြှုပ်မိုင်းအသုံး ပြုသောဒေသ များအနက် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများ၌ အများစုဖြစ် သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ၂၀၁၄ ကစတင်ကာ ပိုအသုံးများလာသည်။

လက်လုပ်မြေမြှုပ်မိုင်းများ အသုံးပြုရခြင်းမှာ မွေးမြူစိုက်ပျိုးထားသော ငါးများ ခိုးဖမ်းခြင်း၊ သီးနှံခိုးရိတ်ခြင်းကို ကာကွယ်ရန် လွဲမှားစွာအသုံးပြုခြင်း ဖြစ်သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ငါး ကန်ပေါင်များ၊ စိုက်ပျိုး ထားသည့် ကန်သင်းရိုး များတွင် ထောင်ထားခြင်းဖြင့် ခိုးယူမှုရန်ကို ကာကွယ်ကြခြင်း ဖြစ်သည်။

လက်လုပ်မြေမြှုပ်မိုင်းတစ် လုံး၏ တန်ကြေးမှာ ဘတ်ငါးရာ (ကျပ်ငွေ ၁၅၀,၀၀၀ ခန့်)သာဈေး ရှိပြီး နယ် စပ်တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။ လက်လုပ်မြေ မြှုပ်မိုင်းများမှာ စီးကရက်ဘူးခွံအရွယ်သာရှိပြီး အတွင်း၌ ကျောက် စရစ်ခဲများ၊ သံတိုသံစများနှင့် တီအမ်တီယမ်းပျော့တို့ ထည့်သွင်း ဖောက်ခွဲခြင်း ဖြစ် သည်။ အဆိုပါ မိုင်းထိသူသည် သေဆုံးခြင်းထက် ခြေထောက်များဖြတ်ပစ် ရသည့် ဒုက္ခိတမျိုးသာအဖြစ် များကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်း သူများအသင်းမှ မန်နေဂျင်းဒါ ရိုက်တာ ဦးအေးကိုကိုက ပြော ကြားသည်။

လက်ရှိမြန်မာနိုင်ငံ ကိုယ် အင်္ဂါ မသန်စွမ်းအသင်းတွင် အ သင်းဝင်ပေါင်း ၇,၀၀၀ ကျော်ရှိပြီးမြေမြှုပ်မိုင်းကြောင့် ကိုယ်အင်္ဂါမ သန်စွမ်း သူ ၂,၀၀၀ ကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ် အခတ် ရပ်စဲရေး ဆောင်ရွက်ထားသော်လည်း မြေမြှုပ်မိုင်းရှာဖွေဖော်ထုတ်ရေးကို ဒေသအများစုတွင် မလုပ်ကိုင်နိုင်သေးပေ။ မြန် မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှာဖွေ ဖော်ထုတ်ရာ၌ အဓိက စိန်ခေါ် မှုမှာ မြေမြှုပ်မိုင်းမြေပုံရေးဆွဲနိုင် ခြင်းဖြစ်သည်ဟု Norwegian Peoples Aid မှ ပရိုဂရမ်မန်နေဂျာမြေမြှုပ်မိုင်း ပညာရှင် Aksel Steen-Nilsen က ပြောကြားထားသည်။
မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများသည် အချိန်ကြာမြင့် စွာ လုပ်ကိုင်ရပြီး ရှင်းလင်းသူတစ်ဦးအတွက် ဘတ်ဂျက်ကုန်ကျစရိတ်မှာ အစတွင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်ကုန်ကျ နိုင်သည်။ ယင်းတွင်မြေမြှုပ် မိုင်းဒဏ်ခံအ၀တ်အစားများနှင့် ရှာဖွေရေးကိရိယာများ၊ သင်တန်းစရိတ်များပါဝင်သည်။ လုပ်ငန်းလုပ်ကိုင်ပါ က တစ်ဦးလျှင် တစ်လဒေါ်လာ ၃၀၀ ခန့် သုံးစွဲရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှိသည့် မြို့နယ် ၅၀ ခန့် သတ်မှတ်ထားပြီး ကယားပြည်နယ်၌ မြို့ နယ် ခုနစ်ခု၊ ကရင်ပြည်နယ်တွင် မြို့နယ်ခုနစ်ခု၊ ကချင်ပြည်နယ်တွင် မြို့နယ်ခြောက်ခု၊ မွန်ပြည်နယ်တွင် မြို့နယ် ခြောက် ခု၊ ပဲခူးတိုင်းတွင် မြို့နယ်လေးခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်တွင် မြို့နယ် ၁၂ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်ငါးခုနှင့် ချင်းပြည်နယ်တို့ပါဝင်သည်။မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း
ကြောင့် ထိခိုက်ဒဏ်ရာရမှုများကို ၁၉၉၉ မှ စတင်စာရင်းကောက်ရာ ၂၀၁၂ ထိ သေဆုံးသူ ၃၁၉ ဦး၊ ဒဏ်ရာ ရသူ ၂,၈၁၉ ဦးရှိကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများစောင့်ကြည့်
လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြသည်။

7Day DAILY
မြေမြှုပ်မိုင်းရှင်းလင်း ရေး လုပ်ဆောင်နိုင်ခြင်းမရှိ သေးချိန်မှာပင် ပြည်နယ်နှင့် တိုင်းအချို့တွင် စီးပွားရေး အရ ကာကွယ်မှုအနေဖြင့် ငါးကန်နှင့် စိုက် ခင်းများ၌ ပိုင်ရှင်များက လက်လုပ်မြေမြှုပ်မိုင်းများ မြှုပ်နှံအသုံး ပြုမှု များလာကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ဦးက ပြောသည်။

အရပ်ဘက်လူငယ်အဖွဲ့များ UPWC နှင့် တွေ့ရန် အကြိုဆွေးနွေးပွဲကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တွေ့ဆုံရန် အရပ်ဘက် လူငယ် အဖွဲ့အစည်းများ၏ အကြိုနှီးနှောဖလှယ် ပွဲကို ဇန်န၀ါရီလ ၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

NCCT၏ အစည်းအဝေး ဇန်န၀ါရီဒုတိယပတ်တွင် ကျင်းပမည်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)၏ အစည်းအဝေးကို ဇန်န၀ါရီ ဒုတိယ ပတ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားကြောင်းအဆိုပါအဖွဲ့ဒုတိယ ခေါင်းဆောင် ဖဒိုစောကွယ်ထူး ၀င်းကပြောသည်။

ကချင်ပြည်နယ် သစ်ခိုးဂိုဏ်းဖမ်းဆီးမှု ငါးနှစ်အတွင်း အကြီးမားဆုံးဟုဆို

Photo: ကချင်ပြည်နယ် သစ်ခိုးဂိုဏ်းဖမ်းဆီးမှု ငါးနှစ်အတွင်း အကြီးမားဆုံးဟုဆို
Thursday, January 8, 2015

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသားဦးရေနှင့် သစ်ထုတ်ကားစီးရေ အမြောက်အမြားပါဝင်သည့် သစ်ခိုးထုတ် ဂိုဏ်းကို ဖမ်းဆီးနိုင်ခြင်းသည် ငါးနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်သည်ဟု သစ်တော ဦးစီဌာန စစ်ဆေးရေးဌာန
ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပြောသည်။

“ဂိုဏ်းအဖွဲ့လို့ ပြောရမှာပေါ့။ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ အကြီးမားဆုံး ဖမ်းဆီးမှုပေါ့။ ဒါကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်ကနေ ဦးစီးပြီးတော့ ဖမ်းဆီးတာ”ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်သည် လေကြောင်းသတင်း စံစမ်းမှုများပြုလုပ်ပြီးမှ ဇန်န၀ါရီ ၂ ရက်တွင် စတင်ပြီး နယ်မြေ ရှင်းလင်းကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။ တပ်မတော်စစ်ကြောင်းသည် ဇန်န၀ါရီ ၄ ရက် မှ စတင်ပြီး သစ်တောဦးစီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ အပါအဝင် ဗျူဟာနှစ်မျိုးဖြင့် ရှာဖွေဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်တလော သုံးရက်အတွင်း ၁၀ ဘီးကား သစ်တင်ယာဉ် ၄၅၅ စီး၊ ဘက်ဟိုး ခြောက်စီး၊ ပါဂျဲရိုး လေးစီး၊ ဒေါင်ဖန်းယာဉ် ငါးစီး၊ ခြောက်ဘီးယာဉ် သုံးစီး၊ ကရိန်းယာဉ် ခြောက်စီး၊ ပီကင်းဂျက်လေးစီး၊ ဝန်ဆွဲယာဉ် သုံးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး စုစုပေါင်း ၄၈၈ စီးကို ဖမ်းဆီးရရှိထားသည်ဟု တပ်မတော်၏ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိချိန်တွင် သစ်မျိုးစုံ အလုံးမှာ ၅၂၁ လုံးနှင့် ၁၀ ဘီးကားဖြင့် သစ်လုံးများ တင်ဆောင်ထား သည့် ၁၄ စီး ဖမ်းဆီးထားပြီး အဆိုပါနယ်မြေများတွင် တပ်မတော်စစ်ကြောင်းက ထပ်မံရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“အခြားနိုင်ငံသားဆိုတာ အများစုက တရုတ်နိုင်ငံသားတွေပဲ များတယ်။ မြန်မာအလုပ်သမားတွေလည်း ပါတယ်။ စာရင်း အတိအကျတော့ မရသေးဘူး။တောထဲမှာ ပဲရှိသေးတယ်”ဟု ဦးပြည့်စုံမျိုးကပြောသည်။

လတ်တလောတွင် မြန်မာနိုင်ငံသား လေးဦး၊ အမျိုးသမီး ၁၆ ဦးနှင့် တရုတ်နိုင်ငံသား ၁၂၁ ဦး၊ အမျိုးသမီး ငါးဦး အပါအ၀င် စုစုပေါင်း ၁၄၆ ဦးဖမ်းမိထားပြီး သစ်တောဥပဒေနှင့် လဝက ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်။

အထက်ပါသစ်ခိုးထုတ်မှုဂိုဏ်း ဖမ်းဆီးမိရာတွင် KIA ကချင်အဖွဲ့ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချူပ်အဆင့်ရှိ ဇောဘုတ်ထန်းမှ လက်မှတ်ရေးထိုး ထားပြီး သစ်ထုတ်လုပ်ခွင့် ပြုထားသည့် စာရွက်စာတမ်းများကိုလည်း ဖမ်းဆီးရမိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းဦးစီပြီး လက်ရှိ သစ်ခိုးထုတ်မှုများကို ကချင်ပြည်နယ်ရှိ ၀ိုင်းမော်မြို့နယ်၊ မန်ဝိန်း၊ မန်တောင်၊ လောခွန်ယန်ဒေသ၊ ၀ါရှောင်၊ ဆီနီကူး၊ ဆဒုံးဒေသများက ဖမ်းဆီးရရှိခြင်းဖြစ်ပြီး ဆက်လက် ရှာဖွေမှု ပြုလုပ်လျက်ရှိပြီး မည်သည့်အချိန်ထိ ဆောင်ရွက်မည်ကို လတ်တလောတွင် ပြောဆိုင်နိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။

“သစ်လုံးတွေကို ဖမ်းဆီးရမိသည့် ကားတွေနဲ့ပဲ ပြန်သယ်ယူဖို့လုပ်နေတယ်။ မြန်မာ သစ်လုပ်ငန်းကတော့ ကားတွေမောင်းသယ်ဖို့အတွက် ယာဉ်မောင်းတွေ စုထားတယ်” ဟု ညွှန်ကြားရေးမှူး ပြည်စုံမျိုးက ပြောသည်။

နယ်မြေရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည့်အတွက် လက်တလော ဖမ်းဆီးရရှိမိသည့် စာရင်းများသည် တည်ငြိမ်မှုမရှိသလို ထပ်မံတိုးပွားလာနိုင်သည့်ဟု ၎င်းက ပြောသည်။

သစ်တောဦးစီးဌာန၏ စာရင်းများအရ အစိုးရသစ်လက်ထက်တွင် ၂၀၁၁ ခုနှစ် ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ တရားမ၀င် သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၄၀,၀၀၀ ကျော်နှင့် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၃၄ ဦး နှင့် မြန်မာနိုင်ငံသား ၂၃,၁၇၅ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ထိုအပြင် လက်နက်များ အပါအဝင် သစ်ခိုးထုတ်ကား စုစုပေါင်း ၃,၅၀၀ ကျော်နှင့် အခြားဆက်စပ်ပစ္စည်း အများအပြား ဖမ်းဆီးရရှိမိခဲ့ သည်ဟု ဆိုသည်။

Mizzima - News in Burmese
ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသားဦးရေနှင့် သစ်ထုတ်ကားစီးရေ အမြောက်အမြားပါဝင်သည့် သစ်ခိုး ထုတ် ဂိုဏ်းကို ဖမ်းဆီးနိုင်ခြင်းသည် ငါးနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်သည်ဟု သစ်တော ဦးစီဌာန စစ်ဆေးရေးဌာနညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပြောသည်။

အမေရိကန်သို့ သစ်တင်ပို့ခွင့်ပြန်ရ၍ တစ်နှစ်အတွင်း တန်ချိန် ၃၀၀ အမှာရ

Photo: အမေရိကန်သို့ သစ်တင်ပို့ခွင့်ပြန်ရ၍ တစ်နှစ်အတွင်း တန်ချိန် ၃၀၀ အမှာရ
Thursday, January 8, 2015

အမေရိကန်နိုင်ငံသို့မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီး တစ်နှစ်အတွင်း သစ်တန်ချိန် ၃၀၀ ခန့်တင်ပို့ရန် အမှာစာရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

မြန်မာ့သစ်လုံးများ ပြည်ပသို့တင်ပို့မှု ရပ်ဆိုင်းပြီး တစ်လအကြာတွင် ပိတ်ဆို့အရေးယူမှုစာရင်း၌ ပါဝင်နေသော မြန်မာ့သစ်များတင်သွင်းရန် ခွင့်ပြုသည့် တစ်နှစ်သက်တမ်းရှိ လိုင်စင်ကို အမေရိကန်အစိုးရက အမေရိကန်သစ်ကုမ္ပဏီများကို ခွင့်ပြုပေးလိုက်သည်။

‘‘ဒီဘဏ္ဍာရေးနှစ်အတွင်း ကွန်တိန်နာ ၂၅ လုံးတင်ပို့ဖို့ရှိပါ တယ်။ အရွယ်အစားကြီးတဲ့ ခွဲ သားတွေပို့ရမှာပါ’’ဟု အဆိုပါအ သင်း တာဝန်ရှိသူက ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကွန်တိန်နာတစ်လုံး လျှင် သစ်တန်ချိန် ၁၂ တန်ပါဝင်သည့် ကွန်တိန်နာ ၂၅ လုံးတင်ပို့မည်ဟု သတင်းရရှိသည်။

မြန်မာ့သစ်များ အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ခွင့်ပြု စဉ် နှစ်လအတွင်း အမေရိကန်နိုင်ငံက မှာယူမှုသည် ဥရောပနိုင်ငံ များ၏ ၀ယ်လိုအားကို မမီခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသိုင်း အ၀ိုင်းက ဆိုသည်။

မြန်မာ့သစ်များပြည်ပဈေး ကွက်သို့ တင်ပို့ရာတွင် အခြားနိုင် ငံများထက် အမေရိကန်နိုင်ငံက ဈေးကောင်းပေးသည့်အပြင် မည် သည့်သစ်ထောက်ခံချက်မျှမလို ဘဲ အမေရိကန်နိုင်ငံက ပြဋ္ဌာန်း ထားသည့် Lacey Act ဥပဒေအရ ကိုက်ညီရမည်ဟု ဆိုသဖြင့် စိတ် ၀င်စားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန်နိုင်ငံတွင် ပြ ဋ္ဌာန်းထားသည့် Lacey Act ဥပဒေသည် ၎င်းနိုင်ငံသို့ တင်သွင်းလာ မည့် သစ်သည် တရားဥပဒေနှင့် ကိုက်ညီသောသစ်ဖြစ်ရမည်။ သ ဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိစွာ ထုတ်လုပ်ထားသော သစ် ဖြစ်ရမည်။ လူ့အခွင့်အရေးလေး စားလိုက်နာရမည်။ လာဘ်ပေး လာဘ်ယူမှုကင်းရမည်။ စီးပွား ရေးအရ တာဝန်ယူမှုရှိရမည် ဖြစ်သည်။

အမေရိကန်က ခွင့်ပြုလိုက် သည့် နိုင်ငံအတွင်း မြန်မာ့သစ် တင်သွင်းခွင့် တစ်နှစ်သက်တမ်း သည် အမေရိကန်အစိုးရက မြန် မာ့သစ်များ ထာဝရခွင့်ပြုလိုက် သည်မဟုတ်ဘဲ ယာယီစောင့် ကြည့်သည့် သဘောသာဖြစ်သော ကြောင့် ကျေနပ်အားရမှုမရှိကြောင်းသစ်လုပ်ငန်းရှင်များက ဆိုသည်။မြန်မာနိုင်ငံ၏ ပုဂ္ဂလိကသစ် အချောထည်နှင့် ခွဲသားလုပ်ငန်း တွင် သစ်လုပ်ငန်းရှင် ၁,၅၀၀ ကျော်ရှိသည့်အနက် ကွန်တိန်နာဖြင့် ပြည်ပတင်ပို့နိုင်သော လုပ်ငန်းရှင် မှာ ၁၅ ဦးခန့်သာရှိပြီး စီးပွားဖြစ်တင်ပို့နိုင်သည့် လုပ်ငန်းရှင်မှာ နှစ်ဦးနှင့် သုံးဦးကြားသာရှိသည်ဟု မြန်မာ့သစ်လုပ်ငန်း၏ စာရင်းဇယားများအရ သိရှိရသည်။

7Day DAILY
အမေရိကန်နိုင်ငံသို့မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီး တစ်နှစ်အတွင်း သစ်တန်ချိန် ၃၀၀ ခန့် တင်ပို့ရန် အမှာစာရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ

Photo: ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ
Thursday, January 8, 2015

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က အင်းစိန်ထောင် ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

၎င်းသည် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး လူ့အခွင့် အရေး အခြေအနေများကို သွားရောက်လေ့လာခြင်း ဖြစ်သည်။

တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ ထောင်အခြေအနေက ဦးရေနဲ့ အဆောက်အဦး မဆန့်တဲ့အပြင် ၁၉၉၀၊ ၁၉၈၈ လောက်ထက် စာရင်သာ နည်းနည်းတိုးတက် ပေမယ့် ယန်ဟီးလီတို့ သွားတာနဲ့ အရင်အတိုင်းပြန်ပြီး ဖြစ်တာပါပဲ" ဟု ဆိုသည်။

အင်းစိန်ထောင်မှ နိုင်ကျဉ်းများနှင့် တွေ့ဆုံအပြီး ညနေ ၅ နာရီ မှ ၆ နာရီ ၁၅ အထိ လက်ကျန် နိုင်ငံရေး အကျဉ်းသားဟောင်း များစိစစ်ရေး အဖွဲ့ဝင်များဖြစ်ခဲ့ သည့် ဦးရဲအောင်၊ ဦးကိုကိုကြီး၊ ဦးသူရ (ဇာဂနာ) တို့နှင့် ကုလသမဂ္ဂရုံး (မင်္ဂလာ တောင်ညွှန့်) တွင် တွေ့ဆုံခဲ့သည်။

ဦးရဲအောင်က "အရင် နိုင်စစ်အဖွဲ့ဝင်တွေဖြစ်လို့ တွေ့တာပါ နိုင်ကျဉ်း ဘယ် လောက် ရှိနေလဲ ဆိုတာကိုမေးတာပါပဲ တစ်ခြားဘာကြောင့် နိုင်ကျဉ်းတွေ ဆက်ရှိနေတာတို့ဘာတို့ကိုတော့ မမေးပါဘူး၊ မဆွေးနွေးဖြစ်ဘူး" ဟု ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက် လက်ရှိအချိန်ထိ နိုင်ကျဉ်း ၈၂ဦးနှင့် တရားရင်ဆိုင်နေရသူ တက်ကြွလှုပ်ရှားသူ ၂၀၀ခန့် ရှိနေသေးကြောင်း ယန်ဟီးလီကို တင်ပြခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီလီးသည် ဇန်နဝါရီ ၇ရက်မှ ၁၆ရက်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ရှေးရှုပြီး ဒေသဖွံဖြိုးရေးအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံသွားမည်အပြင် ရှမ်းမြောက်ပိုင်းရှိ လူ့အခွင့် အရေး အခြေအနေများကို လေ့လာမည်ဟု ကုလသမဂ္ဂက ထုတ်ပြန် ထားသည်။

Mizzima - News in Burmese
ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မုံရွာမြို့တွင် ခွင့်ပြုချက်ရ ယူပြီး ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်မှုများမဖြစ်ပွားစေရန်နှင့် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ရည် ရွယ်ချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့်အထိ မုံရွာမြို့၌ သံဃာအချို့အပါအဝင် အင်အား ၂၅ဝ ခန့် စုဝေးခဲ့ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အစိုးရ သတိရှိသင့်တယ်

အမေရိကန်က သူဌေးကြီး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံကိုရောက်ပြီး သမ္မတကြီး နဲ့ တွေ့ခဲ့တယ်လို့ အင်တာနက်မှာ ဖတ်လိုက် ရတယ်။ ပြန်သတိရ မိတယ်၊ ၈၈ အရေးတော်ပုံကာလတုန်းက ကျွန်တော်ရယ်၊ ညိုအုန်းမြင့်ရယ်၊ မိုးသီးဇွန် ရယ်၊ ကျော်သူ ရယ်ပေါ့။ ကျော်သူက မင်းသားကိုပြောတာ မဟုတ် ဘူး ဒေါက်တာကျော်သူ၊ Save the Children ကျော်သူပေါ့။ နောက်ပိုင်း လူတွေကွဲသွားတော့ ကျွန်တော်က ဘန်ကောက်မှာ၊ မိုးသီးဇွန်က US မှာ၊ ညိုအုန်းမြင့်က MPC မှာတဲ့၊ ကျော်သူကတော့ Save the Children ခေါင်းစဉ်နဲ့ George Soros ရဲ့ Rep: ပေါ့။ အင်းလေ ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုကိုယ် လျှောက်ကြတာပဲ၊ ဘ၀မှာ ဒဏ်ရာဒဏ်ချက်တွေကလည်းများပြီ၊ အမှန်တရားကိုလည်း ရှာဖွေတွေ့ပြီလို့ မုဒိတာပွားကြည့် မိတယ်..

တောင်ငူတည်းခိုခန်း ဗုံးခွဲတရားခံ စောထွန်းထွန်းကို သေဒဏ်ချမှတ်


တောင်ငူမြို့ တည်းခိုခန်းဗုံးဖောက်ခွဲမှု တရားခံစောထွန်းထွန်းကို တောင်ငူခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။