ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ဓါတ်ပုံ - (ရွှေဟင်္သာ)
တနင်္သာရီတိုင်း ရေဖြူ မြို့နယ် မလွှဲတောင် နယ်ခြား စစ်ဆေးရေး စခန်း အနီး၌ ရွှေဝယ် ရတနာ ခရီးသည် တင်ယာဉ်အား ဓါးပြ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဓါးပြ တိုက်ခဲ့သည့် နိုင်အလွန်နှင့် နိုင်အဆောင်း ဓါးပြ အဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှစ၍ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ၎င်းဓါးပြ အဖွဲ့နှင့် ရင်းနှီးသည့် သူတဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အတည်ပြု ပြောသည်။