ယခင်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မီဒီယာကွန်ဖရင့်တွင် အဓိက ဆွေးနွေးငြင်းခုံစရာအကြောင်းများ ဖြစ်ခဲ့သည်။ ကုလအေဂျင်စီတစ်ခုဖြစ်သော UNESCO၊ International Media Support နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့သော မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု တတိယအကြိမ်မြောက် ကွန်ဖရင့် "ရေရှည်တည်တံ့ခိုင်မြဲသည့် မီဒီယာဝန်းကျင် အခြေအနေ တစ်ရပ်ဆီသို့" ဟူသည့် အမည်ဖြင့် ကျင်းပခဲ့သော ထိုကွန်ဖရင့်တွင် ထိုအပြောင်းအလဲများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထိုကွန်ဖရင့်သည် တက်ရောက်သူများအား ဘက်ပေါင်းစုံမှ အကျိုးရှိစေခဲ့သည်။ သတင်းလောက ကြီးကြပ်ရေးမူဘောင်အတွင်း အပြုသဘောဆောင်သည့် အပြောင်းအလဲများ၊ ဥပဒေပြုခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ သတင်းအယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ သတင်းထောက် ၄,၀၀၀ ကျော်မှီခိုနေရသည့် သတင်း လောကအဖို့ ပိုမိုလွတ်လပ် သည့် ပုံနှိပ်မီဒီယာ တစ်ရပ်အတွက် အရေးပါသည့် ဝန်းကျင်အခြေအနေတစ်ရပ် ပေါ်ပေါက်ရေးတို့ကို ဤကွန်ဖရင့်၌ ဆွေးနွေးခဲ့ကြသည်။
Monday, 29 September 2014
မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကာချုပ်၏ ဂျပန်ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့ရာ နေရာသို့ သွားရောက်ကြည့်ရှု
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်တို့ကို ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားပေးရန် ကူညီခဲ့သူ ဂျပန်ဗိုလ်မှူးကြီးဆူဇူကီး၏ ဟာမာမတ်ဆုမြို့ရှိ နေအိမ်သို့သွား ရောက်၍ ဗိုလ်မှူးကြီး၏မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
Sunday, 28 September 2014
မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့ မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြား ချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည် တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရရန် ဦးဝင်းမြင့်က သမ္မတထံ ခွင့်ပြုမိန့်တင်မည်
ဓမ္မစေတီခေါင်း လောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ရရှိရန် နိုင်ငံတော်သမ္မတထံ နှစ်လအတွင်း ခွင့်ပြုမိန့် တင်သွားမည်ဟု ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်က ပဲခူးမြို့ ရွှေအုန်းပင်ထမင်းဆိုင်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း ဂျပန်ဟင်းချက်လမ်းညွှန်စာအုပ်ထွက်ရှိ

ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း လမ်းညွှန် စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပြီလို့ UPI သတင်းဌာနမှာ ဖော်ပြ ပေးထားပါတယ်။
စုစုနွေး လုပ်ကြံခဲ့သော သာယာကုန်းမှ အမှန်တရား

တစ်နေ့ကအင်တာနက်လူမှုကွန်ယက်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရလေသည်။ သတင်းထဲတွင် ဓါတ်ပုံလေးတစ်ပုံလည်းပါရှိလေသည်။ ဓါတ်ပုံထဲတွင် ကျောင်းဝတ်စုံ ၀တ်ဆင်ထားသည့် ခလေးငယ် လေးငါးယောက် သည် အုတ်တံတိုင်းတစ်ခုကို ၀ါးလှေကားလေးဖြင့်ကျော်တက်နေသည့် ဓါတ်ပုံဖြစ်သည်။ သတင်းခေါင်းစဉ်ကတော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်၏ မြေသိမ်းယူမှုနှင့်အုတ်တံတိုင်းခတ်မှုကြောင့် ရွာခံကလေးငယ်များ ကျောင်းသွား ရာတွင်အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည် ဟူသည့်သတင်းပင်ဖြစ်ပေ တော့ သည်။ ကျွန်ပ်အနေဖြင့်ပထမတော့ အံ့သြသွားခဲ့ရပေသည်။ သို့သော် ထိုသတင်း ၏ ဇစ်မြစ်အစသည် မစုစုနွေး၏ ဖေ့ဘုတ်စာမျက်နှာမှ စတင်လာသည်ကို တွေ့ရှိခဲ့ ရပြီးနောက်တွင်တော့ အံသြခြင်းမဖြစ်ပေါ် တော့ပေ၊ အဘယ်ကြောင့်ဆိုသော် မစုစုနွေး ကျွန်ပ်တို့ရွာသို့လာရောက်ကတည်းက ဒီလိုသတင်းမျိုးကို ကျွန်ပ်တွေ့ရ မည်ကို ကြိုတင်တွက်ဆပြီးဖြစ်ပေသည်။ ထို့ကြောင့်သာယာကုန်းရွာတွင် လက်ရှိနေထိုင်နေ သော ကျွန်ပ်အနေဖြင့်ဤအကြောင်းရာနှင့်ပက်သက်သည့် အကြောင်းစုံကိုအနည်းငယ်ဖော်ပြလိုပါသည်။
မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ

ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန်များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များနှင့်ပတ် သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်

အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။
အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ချင်ပါသလား
ဒီဆောင်းပါးလေးကို မမျှော်လင့်ဘဲ ဆေးရုံရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့ပြီး စာရွက်ဖြင့် ကူးယူကာ မြ၀တီ web Portal ပရိတ်သတ်များ အသားအရေ လှပပြီး အရွယ်တင် နုပျိုသူ တစ်ဦးဖြစ်စေရန် ယခုကျန်းမာရေး ဆောင်းပါးလေးကို ဖော်ပြအပ်ပါတယ်။ ဒီ ဆောင်ရန်၊ ရှောင်ရန် ရေးထားတဲ့ မူရင်း ဆောင်းပါးရှင်ကိုလည်း ကျန်းမာရေးကောင်းသော ပြည်သူပြည်သားများ ဖြစ်စေရန် ရည်ညွှန်းပြီး ရေးသားထားတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့လည်း ပတ်သက်နေပါတယ်။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ မိမိရဲ့ ဘ၀၊ မိသားစုရဲ့ စီးပွားရေးကို ကြိုးစား လုပ်ဆောင်နိုင်တဲ့ သူ ဖြစ်လာ မှာ ဖြစ်ပါတယ်။
ယူကရိန်းအစိုးရစစ်တပ် ဒွန်းညက်မြို့လေဆိပ်တွင် ပိတ်မိ

ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရစစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင်သံကြား 1+1 လိုင်းက ပြသပါတယ်။
ကလေးများကို ပုံပြင် ပြောပြပါ

ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများ ပြောပြသောပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။
မန္တလေးမြို့ သာသနာ့နယ်မြေများအနီး အရက်ဘီယာ ရောင်းချခြင်း တားမြစ်
မန္တလေးမြို့ရှိ ဘုရား၊ ပုထိုး၊စေတီများနှင့် သာသနာ့နယ် မြေများအနီးတစ်ဝိုက်တွင် အရက်ဘီယာများ ရောင်းချခြင်း မပြုရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက သတိ ပေးတားမြစ်ထား
ကြောင်း သ တင်းရရှိသည်။
နိုင်ငံခြားသားများ နေထိုင်ရန် ဗဟန်းနှင့် ကမာရွတ်ကို ရွေးချယ်လာကြဟုဆို
ရန်ကုန်မြို့၌ နေထိုင်ရန် နိုင်ငံခြားသား အများစုသည်ဗဟန်း၊ ကမာရွတ် စသည့်မြို့ နယ်များကို အများဆုံး ရွေးချယ် လာကြကြောင်း House.com အွန်လိုင်း ကုမ္ပဏီ၏ စစ်တမ်းများမှ သိရသည်။
ဘရာဇီးဒိုင်လူကြီးများ သပိတ်မှောက်မည်ဟု ခြိမ်းခြောက်
ဆော်ပေါ်လို− နည်းပြများ၊ ကစားသမားများနှင့် ကလပ်ဒါရိုက်တာများထံမှ ဝေဖန်ပြောဆိုမှုများ ပိုများ လာသောကြောင့် ဘရာဇီးနိုင်ငံတွင် ဘောလုံးဒိုင်လူကြီးများက သပိတ်မှောက်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။
မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း ဂုဏ်ပြုပွဲ မန္တလေးမြို့တွင် ကျင်းပမည်
၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရတနာပုံ အသင်း ဂုဏ်ပြုပွဲ အခမ်း အနားကို စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကားပါကင်ကိစ္စစကားများရာမှ ပါတီဝင်တစ်ဦးနှင့် ဘောလုံးသမားများကြား အပြန်အလှန် တရားစွဲရန် စီစဉ်
ကားရပ်နားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ပါတီတစ်ခု၏ မြို့နယ်စည်းရုံးရေးမှူး နှင့် မြန်မာ နေရှင် နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံအသင်းသားများ အပြန်အလှန် တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံ စနစ်နှစ်ခု ဖြင့် ကိုရီးယားပြန်လည်ပေါင်းစည်းရေးကို မြောက်ကို ရီးယားက ကုလအထွေထွေညီလာခံတွင် အဆိုပြု

တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်း ချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခု ပုံစံကိုကျင့်သုံးရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာ ခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
စီအင်န်ဂျီဈေးတိုးမြှင့်ရန် မရှိသေးဟုဆို
မော်တော်ယာဉ်များတွင် အသုံးပြုလျက်ရှိသော သဘာဝ ဓာတ်ငွေ့ (CNG) ဈေးနှုန်းကို အောက်တိုဘာတွင် နှစ်ဆတိုးမြှင့် သွားရန် မရှိကြောင်း စွမ်းအင်ဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ် ဦးထံမှ သတင်းရရှိသည်။
Subscribe to:
Posts (Atom)