Thursday, 21 August 2014

အီဘိုလာဗိုင်းရပ်စ် သံသယလူနာတွင် ငှက်ဖျားပိုးတွေ့

Photo: အီဘိုလာဗိုင်းရပ်စ် သံသယလူနာတွင် ငှက်ဖျားပိုးတွေ့
Thursday, August 21, 2014 

ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၀ ရက် ညနေတွင်ရရှိသော ဓာတ်ခွဲအဖြေအရ ထုတ်ပြန်ခြင်းဖြစ်ပြီး အီဘိုလာရောဂါ သံသယရှိသူ အသက်(၂၂)နှစ်အရွယ် လူနာသည်လည်း သြဂုတ် ၂၁ ရက်တွင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၎င်းနှင့်အတူ စစ်ဆေးကုသနေသော အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့်ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သတင်းများကို နိုင်ငံပိုင်ရုပ်သံလိုင်းက ကြေညာသွားသည်။

ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီဖြစ်သည်။

ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ဟုတ်၊ မဟုတ် သိရှိရန် ဓာတ်ခွဲခန်း အဖြေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

7Day DAILY  

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် [(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများ က စော င့် ကြည့် စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် [(ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]
ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီ ယမ်ဖယ် စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ညောင်ဝန်းတွင် နေအိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သည် ဆိုသည့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အိမ်ရှင်အမှုဖွင့်

Photo: ညောင်ဝန်းတွင် နေအိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သည် ဆိုသည့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အိမ်ရှင်အမှုဖွင့်
Thursday, August 21, 2014 

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ နေအိမ် တစ်လုံးအတွင်း ဝင်ရောက်၍ ပစ္စည်းများ ဖျက်ဆီးမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူ ဒေါ်နွဲ့ရီက ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ရဲမေတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးတို့သည် လက်နက်ကိုယ်စီဖြင့် ၎င်းနေအိမ်အတွင်း ဝင်ရောက်ကာ ပြတင်းပေါက် တံခါးများကို ရိုက်ခွဲပြီး နေအိမ်အတွင်းမှ ရွာတွင်းရှိ ရွာသူ၊ ရွာသားများကို သေနတ်များဖြင့် ပစ်ခတ်နေသည်ကို အိမ်ရှင်ဒေါ်နွဲ့ရီသည် သြဂုတ်လ ၁၄ ရက်နေ့က ဈေးမှပြန်လာစဉ် တွေ့မြင်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ဘောလုံးကွင်းအနီးရှိ ဒေါ်စန်းကြင်နု၏ ခြေထောက်ကို သေနတ်ထိမှန်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

“ရွာသားတွေ ဝိုင်းလာတဲ့အတွက် နီးစပ်ရာ လုံခြုံမယ့် နေအိမ်ထဲကို ဝင်ရောက် ပုန်းရှောင်ရတာ။ အမှုမှန်ဖြစ်စေဖို့ ရဲမှူးချုပ်ကိုယ်တိုင် လာရောက် စစ်ဆေးနေတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အရာရှိတွေကို စစ်ဆေးနေပါပြီ။ ရွာသားတွေဘက်က အဖြစ်မှန်ကို ပြောဆိုခြင်း မရှိသေးတဲ့အတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားနည်းနေသေးတယ်” ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိသည့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကျေးရွာရှိ ဒေါ်စန်းကြင်နု၏ ခြေထောက်ကို သေနတ်ကျည် ထိမှန်ခဲ့သည့်အတွက် ရွာသူ၊ ရွာသားများက ဒေါ်နွဲ့ရီ၏ နေအိမ်ကို ဝိုင်းရံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အပြင်ထွက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ယင်းနောက် နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ ကျည်ဆန်ခွံ ၁၃ ခုနှင့် ကျည်နှစ်တောင့်၊ စကားပြောစက် တစ်လုံး၊ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် နံပတ်တုတ် နှစ်ချောင်း၊ ကုံးသီးနှစ်လုံးတို့ ကျန်ရှိခဲ့ပြီး၂၁ လက်မတီဗီ တစ်လုံး၊ အောက်စက်တစ်လုံးတို့ ကွဲအက်ပျက်စီးခဲ့သည့် အပြင် ပြတင်းပေါက်မှန်များနှင့် တံခါးရွက်များ ပျက်စီးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အရေးယူပေးရန် ဒေါ်နွဲ့ရီက လက်ပန်လှ ရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားခဲ့ကြောင်း၊ ယင်းကြောင့် (ပ) ၁၆၆/၂၀၁၄ ပြစ်မှုပုဒ် မ ၄၅၁/ ၄၂၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရှိရသည်။

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့က တပ်သိမ်း လယ်မြေများပေါ်တွင် ဒေသခံတောင်သူများက ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာအရှေ့ပိုင်း လူနေအိမ်များသို့ ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား ၅၀ ဦးခန့်က သေနတ်ပစ်ဖောက်မှုများနှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် ရဲမှူးချုပ်ကိုယ်တိုင် ဦးဆောင်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ဖော်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် (နေပြည်တော်) မှ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၊ ရဲမှူးကြီးတစ်ဦးနှင့် ဒုရဲမှူးကြီး တစ်ဦးတို့ ဦးဆောင်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

ညောင်ဝန်းကျေးရွာတွင် သေနတ်ပစ်ခတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့တွင် ဒေသခံအချို့ကို ခေါ်ယူစစ်မေးမည် ဖြစ်ကြောင်း ညောင်ဝန်းကျေးရွာရှိ ဦးမောင်အောင်က ပြောကြားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခံရန် အသင့်ရှိကြောင်း ၎င်းကဆိုသည်။

The Voice Weekly 

“သေနတ်ပစ်ဖောက် ခံရသည့် ဦးမောင်အောင် ဒေါ်နွဲ့ရီတို့၏ နေအိမ် ကို တွေ့မြင်ရစဉ်”
“သေနတ်ပစ်ဖောက် ခံရသည့် ဦးမောင်အောင် ဒေါ်နွဲ့ရီတို့၏ နေအိမ် ကို တွေ့မြင်ရစဉ်”
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ နေအိမ် တစ်လုံးအတွင်း ဝင်ရောက်၍ ပစ္စည်း များ ဖျက်ဆီးမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူ ဒေါ်နွဲ့ရီက ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

မိုးခြိမ်းသံကြောင့် နှလုံးသွေးရပ်ကာ ထွေအုပ်ဒု-ဦးစီးမှူး သေဆုံး

မိုးခြိမ်းသံကြောင့် နှလုံးသွေးရပ်တန့်ကာ တိုင်းထွေအုပ်ဌာန ဒု-ဦးစီးမှူး တစ်ယောက် သေဆုံးသွား ခဲ့သည့် ဖြစ် စဉ် တစ်ခု မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းပြာလမ်းတွင် သြဂုတ် ၂၀ ရက်၊ နံနက် ၉ နာရီ အချိန် ၀န်းကျင်ခန့်က ဖြစ်ခဲ့သည်ဟု မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ဆိုသည်။

တောင်ကြီးမြို့လယ်ခေါင်တွင် ဓားထိုးမှုဖြစ်

တရားဝင်ကွာရှင်းထားသည့် ဇနီးဟောင်းကို ယောကျာ်းက ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ် ခု တောင်ကြီးမြို့ တွင် သြဂုတ် ၂၀ရက်၊ နံနက်ပိုင်း ၈ နာရီခန့် က ဖြစ်ပွားခဲ့သည်ဟု တောင်ကြီး မြို့မ ရဲစခန်း က ထုတ်ပြန် ထားသည်။

လိုက်ဘေးရီယား၌ အီဘိုလာထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ် မြို့လယ်ဝင်ထွက်သွားလာမှုကို ပိတ်ဆို့ကန့်သတ်ထားမည်

Photo: လိုက်ဘေးရီယား၌ အီဘိုလာထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ် မြို့လယ်ဝင်ထွက်သွားလာမှုကို ပိတ်ဆို့ကန့်သတ်ထားမည်
Thursday, August 21, 2014

လိုက်ဘေးရီးယားနိုင်ငံတွင် အသေအပျောက်များသည့် အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပြီး မြို့တော်မွန်ရိုဗီးယားဒေသကို သီးသန့်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။

အဆိုပါ ညမထွက်ရအမိန့်သည် ည ၉ နာရီမှ နံနက် ၆ နာရီအထိဖြစ်ကြောင်း သမ္မတအယ်လင်ဂျွန်ဆင် ဆာလိဖ်ကပြောသည်။ လှုပ်ရှားမှုအားလုံး ဝက်စ်ပွိုင့်နေအတွင်း အဝင်အထွက်ပိတ်ဆို့ထားဖွယ်ရှိကြောင်း ၎င်းကပြောသည်။

ထိုအတောအတွင်း လွန်ခဲ့သောသီတင်းပတ်က အီဘိုလာနှင့်အတူ စတင်စမ်းသပ်မှုပြုလုပ်ခဲ့သော ဆရာဝန်သုံးဦး၏ စမ်းသပ်မှု တိုးတက်မှုရှိကြောင်း လိုက်ဘေးရီးယားဝန်ကြီး တစ်ဦးကပြောသည်။

အဆိုပါ ဆေးဝါးဖြင့် နိုင်ဂျီးရီး ယားတစ်ဦးနှင့် ရောဂါကူးစက်ခံနေရသော လိုက်ဘေးရီးယားဆရာဝန်နှစ်ဦးအား စမ်းသပ်ကုသခဲ့ကြောင်း၊ အဆိုပါရောဂါဗိုင်းရပ်စ် ကူးစက်ခံနေရသည့် အခြားသူများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ပြန်ကြားရေးဝန် ကြီးလူးဝစ်ဘရောင်းကပြောသည်။

လိုက်ဘေးရီးယားနိုင်ငံတွင် ယခု လ အစောပိုင်းက အဆိုပါရောဂါ ထိန်းချုပ်နိုင်ရေး အရေးပေါ်အခြေ အနေကြေညာခဲ့ရသည်။ သို့သော် လည်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်ခဲ့သည်။

စနေနေ့က ဝက်စ်ပွိုင့်ဗဟိုကျန်း မာရေးဌာနတိုက်ခိုက်ခံရပြီး အီဘိုလာသံသယရှိသူ ၁၇ ဦးပျောက်ဆုံးသွား ခဲ့သည်။ အီဘိုလာရောဂါသည် ကုသနိုင်ခြင်းမရှိသည့် ရောဂါဖြစ်သည်။

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က မစမ်းသပ်ရသေးသော ဆေးဝါးများကို အနောက်အာဖရိက၌ ဖြစ်ပွားနေသော အဆိုပါရောဂါထိန်းချုပ်ရန် အသုံးပြုနိုင်ဖွယ်ရှိကြောင်း ပြောကြားလိုက်သည်။ ယခု နှစ်ရောဂါစတင်ဖြစ်ပွားပြီးကတည်းက ယင်းရောဂါဖြင့် သေဆုံးသူ ၁၂၂၉ ဦး ရှိသွားပြီဖြစ်သည်။

(ဘီဘီစီ)
Myanmaalinn
လိုက်ဘေးရီးယားနိုင်ငံတွင် အသေအပျောက်များသည့် အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ညမ ထွက်ရအမိန့်ကိုထုတ်ပြန်လိုက်ပြီး မြို့တော်မွန်ရိုဗီးယားဒေသကို သီးသန့်ကန့်သတ်နယ်မြေအဖြစ် သတ် မှတ် လိုက်သည်။

အစပ်ချောင်းစားမိသည့် ကလေးငယ်များ ပါးစပ်နှင့် လျှာတို့တွင် အနာများဖြစ်

Photo: အစပ်ချောင်းစားမိသည့် ကလေးငယ်များ ပါးစပ်နှင့် လျှာတို့တွင် အနာများဖြစ်
Thursday, August 21, 2014

မိတ္ထီလာမြို့တွင် ကျောင်းဈေး ဆိုင်များနှင့် ကလေး သရေစာ ဈေးကွက်တွင် တရုတ်နိုင်ငံ ဘက်မှ ဝင်ရောက် နေသည့် တရုတ်စာ ရေးထားကာ အမှတ်တံဆိပ် အမျိုးမျိုး တပ်ထားသည့် ''အစပ်ချောင်း'' များကို စားမိသည့် ကလေးတိုင်း၏ နှုတ်ခမ်းနှင့်လျှာတို့တွင် အနာများဖြစ်ပေါ်နေ၍ ဆေးကုသ နေရကြောင်း သိရသည်။

အစပ်ချောင်း စားမိသည့် ကလေးများတွင် မျက်နှာပေါ်၌ အနီရောင် အဖုအပိမ့်နှင့် အကွက်များထလာခြင်း၊ နှုတ်ခမ်းများရောင်ရမ်းလာခြင်း၊ နှုတ်ခမ်းတွင် အနာများပေါ်လာခြင်း၊ လျှာတွင်အနာများဖြစ်ပေါ်လာခြင်း၊ စားသုံးမှုပမာဏများပါကလျှာပေါ်တွင် ပြည်တည်ခြင်းနှင့် ဝမ်းလျှောခြင်းများပါ ဖြစ်ပေါ်တတ်ကြောင်း၊ လွန်ခဲ့သည့် နှစ်လခန့်ကစတင်ကာ အစပ်ချောင်းနှင့် မတည့်သည့် ကလေးအရေအတွက်များလာကြောင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြတ်မင်းက ပြောကြားသည်။

အစပ်ချောင်းစားမိသော ကလေးများတွင် တုပ်ကွေးရောဂါနှင့်အလားတူ ရောဂါလက္ခဏာအချို့နှင့် အစာအိမ်ရောင်ရမ်းခြင်းများတွေ့ရတတ်သည်။ တုပ်ကွေးရောဂါလက္ခဏာရှိ သော်လည်း အဖျားမရှိဟုသိရသည်။ အစပ်ချောင်း စားသုံးမှုကိုရပ်တန့်၍ ဆေးဝါးကုသမှုခံယူပါက နှစ်ရက်သုံးရက်အကြာတွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်းကြောင်း သိရသည်။

မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ကလေးမုန့်ဖြန့်ဖြူးရေးဆိုင်ကြီးများ၊ ရပ်ကွက်ကျေးရွာတွင်းရှိ အိမ်ဆိုင်များ၊ ကျောင်းဈေးဆိုင်များတွင် အစပ်ချောင်းတစ်ထုပ်ကို ငွေကျပ် ၁ဝဝ ဖြင့် အလွယ်တကူရရှိနေသည်။ အစပ်ချောင်းကို ကလေးများသာမက လူကြီးများလည်း စားသုံးကြသည်။ တရုတ်နိုင်ငံမှ ဝင်လာသော ကလေးသရေစာအစပ်ချောင်းကို ကျန်းမာရေးနှင့် ညီမညီ စစ်ဆေးပေး ရန် ပြည်သူများက လိုလားနေကြသည်။

Myanmaalinn
မိတ္ထီလာမြို့တွင် ကျောင်းဈေးဆိုင်များနှင့် ကလေးသရေစာ ဈေးကွက်တွင် တရုတ်နိုင်ငံဘက်မှ ဝင်ရော က် နေသည့် တရုတ်စာ ရေးထားကာ အမှတ်တံဆိပ်အမျိုးမျိုးတပ်ထားသည့် ''အစပ်ချောင်း'' များကို စားမိ သည့် ကလေးတိုင်း၏ နှုတ်ခမ်းနှင့်လျှာတို့တွင် အနာများဖြစ်ပေါ်နေ၍ ဆေးကုသ နေရကြောင်းသိရသည်။

အချုပ်သားသုံးဦး အောင်ပင်လယ်အချုပ်ခန်းမှ ထွက်ပြေး၊ တစ်ဦး ပြန်လည်ဖမ်းဆီးရမိဟု ဆို

မဟာအောင်မြေမြို့နယ်၊ အောင်ပင်လယ်ရဲစခန်း အချုပ်ခန်းအတွင်းမှ တာဝန်ကျ ရဲများ၏ ပေါ့လျော့မှုကြောင့် အချုပ်သား သုံးဦးထွက်ပြေးခဲ့ရာမှ တစ်ဦး ပြန်လည် ဖမ်းဆီး ရမိခဲ့သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့ ၆၂ လမ်း တစ်လျှောက် ဆက်တိုက် ယာဉ်တိုက်မှုများ ဖြစ် ပွား၍ လေးဦး သေဆုံး

မန္တလေးမြို့ ၆၂ လမ်းတစ်လျှောက် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ဆက်တိုက် ယာဉ်တိုက်မှုများ ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲခန့်က နေရာများ အလိုက် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အီဘိုလာသံသယလူနာတွေ့၊ လူထုကြားစိုးရိမ်မှုမြင့်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက စော င့် ကြ ည့် စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ်(ဓာတ်ပုံ− ဂျေမောင်မောင် (အမရပူရ))
ဝေဘာဂီကူးစက်ဆေးရုံ တွင် အီဘိုလာသံသယရှိလူနာ ရောက်ရှိလာ ပြီးနောက် မြန်မာ ပြည်တွင်းသို့ အီဘိုလာ ရောဂါပိုး ရောက်ရှိလာ ပြီဟုဆိုကာ ပြည်သူ များအကြား စိုးရိမ်မှု များ မြင့်တက်နေ ကြောင်း သတင်း ရရှိသည်။

တောင်ကိုရီးယားတွင် အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

Photo: တောင်ကိုရီးယားတွင် အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်
Thursday, August 21, 2014

တောင်ကိုရီးယား တနိုင်ငံလုံးမှာ အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့် မှုတွေကို အရေးပေါ် အခြေအနေ ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ သြဂုတ်လ ၂၀ ရက်နေ့က လေ့ကျင့်ခဲ့ပါ တယ်။

မြောက်ကိုရီးယားဆီက ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့ ရည်ရွယ်တာပါ။ လေ့ကျင့်မှု စကြောင်း အချက်ပြဖို့ တနိုင်ငံလုံး အချိန်တခုမှာ သတိပေး ဥသြသံကို ထုတ်လွှင့်ပါတယ်။

ဆိုးလ်မြို့မှာတော့ ကားမောင်းသူတွေက ကားတွေကို လမ်းပေါ် ရပ်ခဲ့ကြပြီး လမ်းသွား လမ်းလာတွေက မြေအောက်ဘူတာတွေဆီ ခိုလှုံဖို့ သွားခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေကလည်း မြို့တော်ခန်းမထဲက ထွက်လာခဲ့ကြပြီး မြေအောက်ခန်း ထဲက ခိုလှုံနေရာဆီ သွားခဲ့ကြတာပါ။

ဆိုးလ်မြို့အစိုးရအဖွဲ့ အရပ်ဘက်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ကင်မ်ကိနမ်ကတော့ အရပ်ဖက် ကာကွယ်ရေးအပေါ် ပြည်သူတွေ သတိထားမိမှု မြင့်လာအောင် ရည်ရွယ် လုပ်ဆောင်တယ်လို့ ပြောပါတယ်။ မြို့တော်ခန်းမနားက မြေအောက်ဘူတာရုံမှာတော့ လက်နက်တွေ လက်နက်ထောက်ပံ့ရေး ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ လုံခြုံရေးပြပွဲတခု ပြသထားပါတယ်။ 

ဆိုးလ်မြို့တလွှား ဒီလေ့ကျင့်မှုကို ရဲ၊ စစ်တပ်၊ မီးသတ်နဲ့ ဒေသခံအစိုးရ ၀န်ထမ်း ၃၉၀၀ ကျော် ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ဆိုးလ်မြို့တော် အစိုးရက ပြောပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
တောင်ကိုရီးယား တနိုင်ငံလုံးမှာ အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့် မှုတွေကို အရေးပေါ် အခြေ အနေ ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ သြဂုတ်လ ၂၀ ရက်နေ့က လေ့ကျင့်ခဲ့ပါ တယ်။

ပျားပုံးများတင်ဆောင် မောင်းနှင်လာသော မော်တော်ယာဉ် အရှိန်မထိန်းနိုင် တိမ်းမှောက်၍ လူတစ်ဦးသေဆုံး

 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၆၇/၅ အနီးတွင် ဩဂုတ်(၁၈)ရက် နံနက်(၇)နာရီ အချိန်က ပျားမွေးမြူရေး လုပ်ငန်းမှ ပျားပုံးများ တင်ဆောင် မောင်းနှင် လာသော မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်း နိုင်ခြင်းကြောင့် တိမ်းမှောက်ခဲ့ပြီး လူတစ်ဦး သေ ဆုံးကြောင်း သိရသည်။

ပြည်သူလိုလားက ဖွဲ့စည်းပုံပြင်ရန် တရုတ်ထောက်ခံ

Photo: ပြည်သူလိုလားက ဖွဲ့စည်းပုံပြင်ရန် တရုတ်ထောက်ခံ
Thursday, August 21, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူများ ပြင်ဆင်ရန် ဆန္ဒရှိပါက တရုတ်နိုင်ငံက ထောက်ခံသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က Mizzima Business Weekly နှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုလိုက်သည်။

“ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ထောက်ခံသွားမှာပါ”ဟု ယန်ဟူလန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပါတီအဖွဲ့အစည်းများကြား သဘောထားကွဲလွဲမှုရှိနေသော်လည်း တရုတ်နိုင်ငံက မြန်မာပြည်သူများ၏ ရွေးချယ်မှုကို အသိအမှတ်ပြု လေးစားသွားမည်ဟု သံအမတ်ကြီးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် လာမည့် လွှတ်တော်အစည်းအဝေးကာလအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းတော့မည်ဟု နာယက သူရဦးရွှေမန်းက ပြောဆိုထားပြီးဖြစ်သည်။

အမည်မဖော်လိုသူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဥပဒေကြမ်းတင်သွင်းလာပါက ပြည်ထောင်စုလွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးခြင်းများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု မျှော်မှန်းထားသော အထွေထွေရွေးကောက်ပွဲ မတိုင်မီ ခြောက်လခန့်အလို အပြီးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားထားပြီးဖြစ်သည်။

လူဦးရေ သန်းခြောက်ဆယ်ရှိသည်ဟု ခန့်မှန်းပြောဆိုထားကြသည့် မြန်မာနိုင်ငံအတွင်း ပြည်သူ ငါးသန်းနီးပါးက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနည်းလမ်းများ ဖော်ပြထားသည့် ပုဒ်မ ၄၃၆ ကိုပြင်ရန် ထောက်ခံထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်သည်။

၎င်းတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ရက်၊ အာဇာနည်နေ့ မတိုင်မီအထိ ၅၄ ရက်ကြာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ၊
ထောက်ခံလက်မှတ်များ နိုင်ငံအနှံ့ ကောက်ခံကြခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှု မလိုအပ်ဟု သုံးသပ်သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရန် ဖွဲ့စည်းပုံကို ပြင်ကိုပြင်မည်သာ ဖြစ်သည်ဟု ဗွီအိုအေကို ပြောထားသည်။

Mizzima - News in Burmese 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန် ဓာတ်ပုံ - လွင်မောင်မောင်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန် ဓာတ်ပုံ - လွင်မောင်မောင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူများ ပြင်ဆင်ရန် ဆန္ဒရှိပါက တရုတ်နိုင်ငံက ထောက်ခံ သွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က Mizzima Business Weekly နှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုလိုက်သည်။

၁၃ နှစ်အောက် ကလေးလုပ်သားစစ်တမ်း အောက်တိုဘာလ တွင် ကောက် ယူမည်

Photo: ၁၃ နှစ်အောက် ကလေးလုပ်သားစစ်တမ်း အောက်တိုဘာလ တွင် ကောက် ယူမည်
Thursday, August 21, 2014

ကလေးလုပ်သား လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်အရ ၁၃ နှစ်အောက် ကလေးလုပ်သားစာရင်းကို အောက်တိုဘာလမှစ၍ သုံးလစီမံချက်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အဓမ္မစေခိုင်းမှု လုံးဝပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အရွယ်မရောက်သေးသူများ အဆိုးရွားဆုံး အဓမ္မစေခိုင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ အတိုင်း ကလေးလုပ်သားစာရင်း တိတိကျကျရရန် စီမံချက်ဖြင့် ကောက်ယူမည်ဖြစ်သည်။

ဦးဝင်းရှိန်က “ရလဒ်အပေါ်မူတည်ပြီး ကလေးလုပ်သားနဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့်စီမံချက်တွေ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကလေးလုပ်သားပပျောက်ရေး အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကောက်ယူမည်ဖြစ်သည်။

ILO ပြဋ္ဌာန်းချက်အရ အသက် ၁၃ နှစ်ပြည့်ပြီးသူများသာ ဆရာဝန်၏ ဆေးစာထောက်ခံချက်ဖြင့် တစ်နေ့လျှင် လေးနာရီသာ အလုပ်လုပ်ရန်ဖြစ်ပြီး ၁၃ နှစ်ကျော်ပါက ကလေးလုပ်သားစာရင်းဝင်မည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စက်ရုံအလုပ်ရုံများတွင် သတ်မှတ်ချိန်ထက် ကျော်လွန် အလုပ်လုပ်နေကြရသည့် ကလေးငယ်လုပ်သားခိုင်းစေမှု အချက်အလက်များကို ကောက်ယူမည်ဟု ဦးဝင်းရှိန်က ဆိုသည်။

ပြီးစီးပါက ကလေးငယ်များအား အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထိုက်သင့်သော လုပ်အားခမပေးခြင်း၊ အစားအသောက် အနေအထိုင်၊ အိပ်ချိန်၊ အလုပ်ပိတ်ချိန်အပေါ် ခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခ ဖြတ်တောက်ခြင်း၊ ကလေးလုပ်သားအား အခြားအလုပ်ရှင်ထံ လွှဲပြောင်း ရောင်းချခြင်းတို့ကို အခြေအနေပေါ်မူတည်၍ အလုပ်ရှင်အား အရေးယူခြင်းမျိုး စဉ်းစားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် စီမံကိန်းမန်နေဂျာ ဒေါက်တာအာကာစိုးနောင်က “ကလေးလုပ်သားဖြစ်ရတာ မိသားစုစားဝတ်နေရေးကြောင့် ဖြစ်ကြရတယ်။ ပပျောက်အောင် လုပ်တာထက် သူတို့ကို ဘယ်လိုထောက်ပံ့မလဲဆိုတဲ့ စီမံကိန်းချမှတ်နိုင်ဖို့လည်း လိုပါတယ်”ဟု ပြောသည်။

ကလေးလုပ်သားများမှာ ကျောင်းပြင်ပရောက်ရှိနေပြီး ပညာသင်ကြားကြရမည့် ကလေးငယ်များ လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နေခြင်းသည် ဥပဒေအားနည်းချက် သို့မဟုတ် ဥပဒေလိုက်နာမှုမရှိခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့က အရေးယူမှု အားနည်းခြင်းများကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကလေးလုပ်သားစာရင်း ကောက်ယူနိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ILO တို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့သည်။ စာချွန်လွှာအရ ကလေးအလုပ်သမားများ စာရင်းစစ်တမ်း၊ အလုပ်ဌာနများ၏ စစ်တမ်းအလုပ်အခကြေးငွေဆိုင်ရာ စစ်တမ်း၊ ကျောင်းပြီးလုပ်ငန်းခွင်ဆိုင်ရာ ၀င်ရောက်မှုများ ဆန်းစစ်ခြင်းစစ်တမ်းဖြစ်သည့် School-to-work Transition Surveys ကောက်ယူခြင်းလုပ်ငန်းစဉ်များ ပါဝင်သည်။

ကလေးလုပ်သား လုံးဝပပျောက်ရေးကို သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် လေးနှစ်စီမံချက်ဖြစ်သော (၂၀၁၅ မှ ၂၀၁၈ ခုနှစ် အထိ) အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အခကြေးငွေဖြင့် ကျောက်စရစ်များ အတင်အချပြုလုပ်နေသည့် ကလေးလုပ်သားတစ်ဦးကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အခကြေးငွေဖြင့် ကျောက်စရစ်များ အတင်အချပြုလုပ်နေ သည့် ကလေးလုပ်သားတစ်ဦးကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ကလေးလုပ်သား လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်အရ ၁၃ နှစ်အောက် ကလေးလုပ်သားစာရင်း ကို အောက်တိုဘာလမှစ၍ သုံးလစီမံချက်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မဇ္ဈိမကို ပြောသည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးအား အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ရှိ မရှိ စောင့်ကြည့်စစ်ဆေးနေ

သြဂုတ် ၂၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အီဘိုလာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့် ကြည့် စစ်ဆေးနေသော ကျန်းမာရေးတာဝန်ရှိသူများက ဆိုက်ရောက်ခရီးသည် တစ်ဦးအား ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုပြုလုပ်နေစဉ်
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူကို အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ် ကြည့်ရှုကုသ လျက်ရှိပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးတွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် ၎င်းတို့၏ သွေးနမူနာများကို အိန္ဒိယသို့ ပေးပို့စစ်ဆေး ထားကြောင်း အထူးကုဆေးရုံ(ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေး၏ ပြောကြားချက်အရ သိရသည်။

လူစည်ကားရာ နေရာသုံးခုတွင် လူကူးခုံးကျော်တံတားသုံးစင်း ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိ လူစည် ကားသည့်နေရာသုံးခု၌ လူကူးခုံး ကျော်တံတား သုံးစင်း ယခုနှစ်အတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပြန်ပေးဆွဲခံခဲ့ရသည့် နိုင်ဂျီးယားမိန်းကလေး ၂၀၀ ကျော်အား ကူညီရှာဖွေရန် ဗြိတိန်က တိုနေဒိုး လေယာဉ်များ စေလွှတ်မည်

ဘိုကိုဟာရမ်သူပုန်များက ပြန်ပေးဆွဲသွားပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် နိုင်ဂျီးရီးယားအမျိုးသမီး ၂၀၀ ကျော်အား ကူညီရှာဖွေပေးရန် ဗြိတိန်က တိုနေဒိုးထောက်လှမ်းရေး ဂျက်တိုက်လေယာဉ်များ စေလွှတ်ပေး သွားမည်ဟု သိရသည်။

နေပြည်တော်-မန္တလေး အမြန်လမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ၂၉ ဦးဒဏ်ရာရ

 သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် နေပြည်တော်-မန္တလေး လမ်းပိုင်း၌ ဂျေဂျေ ခရီးသည် တင်ကား တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၈ ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိကာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း သတင်းရရှိသည်။

အီဘိုလာရောဂါကို ZMapp ဆေးဖြင့် ကုသမှု ကောင်းမွန်သက်သာ

Photo: အီဘိုလာရောဂါကို ZMapp ဆေးဖြင့် ကုသမှု ကောင်းမွန်သက်သာ
Thursday, August 21, 2014

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ ဆရာဝန် ၃ ဦးကို အီဘိုလာ စမ်းသပ်ဆေး ZMapp နဲ့ ကုသမှုဟာ ထူးထူးခြားခြား ကောင်းမွန် သက်သာ လာတယ်လို့ လိုင်ဘေးရီးယား အစိုးရ၀န်ကြီး တဦးက ပြောဆို ပါတယ်။

ဒီလဆန်းပိုင်းကလည်း ရောဂါကူးစက်ခံရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို ဒီ ZMapp ဆေးနဲ့ပဲ ပထမဆုံး စမ်းသပ်ကုသခဲ့တာမှာလည်း ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။

အီဘိုလာရောဂါ ကာကွယ်ကုသဆေး ခုချိန်ထိမရှိသေးပေးမယ့် အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါကို အရေးပေါ်ကုသဖို့ WHO အဖွဲ့ကြီးက အရေးပေါ်ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၂၂၉ ဦးရှိသွားပါပြီ။

၁၉၇၀ နှစ်တွေက ဂီနီနိုင်ငံမှာ အီဘိုလာရောဂါပိုးကို ပထမဆုံးတွေ့ရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီနောက် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုင်ဘေးရီးယား၊ စီရာလီယွန် နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို ဆက်ပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် စပိန်ဘုန်းတော်ကြီးတပါးကတော့ ZMapp ဆေးနဲ့ ကုသခဲ့ပေမယ့် ပြန်နလန်မထူတော့ပဲ ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံမှာ သေဆုံးခဲ့ပါတယ်။

 By ဒီဗွီဘီ

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ ဆရာဝန် ၃ ဦးကို အီဘိုလာ စမ်းသပ်ဆေး ZMapp နဲ့ ကုသမှုဟာ ထူးထူးခြားခြား ကောင်းမွန် သက်သာ လာတယ်လို့ လိုင်ဘေးရီးယား အစိုးရ၀န်ကြီး တဦးက ပြောဆို ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ

Photo: ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ
Thursday, August 21, 2014

ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန်လာစေနိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ်သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။

အဆိုပါ စီမံကိန်းအား သတ်မှတ်ထားသည့် ကာလအတိုင်း ဆက်လက်လုပ်ဆောင်ရန် NCPO က အတည်ပြုထောက်ခံပေးလိုက်ကြောင်း “အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖေရးအေဂျင်စီ ဒုတိယဥက္ကဌ၊ ထားဝယ်အထူးစီးပွားရေးဇုန် ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီညွှန်ကြားရေးမှူးနှင့် ဓားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအဖွဲ့ (DSEZ) ညွှန်ကြားရေးမှူး ဖြစ်သူ ပါရာမက်စ်ဗွတ်ဒီသွန်နီတီရက်က ပြောကြားသည်။

DSEZ သည် မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန် ထူထောင်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက သဘောတူညီချက်ရရှိခဲ့သည့် အီတာလျံထိုင်း ကုမ္ပဏီ၏ နေရာတွင် အစားထိုး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို ၇၅ နှစ် လုပ်ကိုင်ရန် သဘောတူညီချက် ရရှိထားကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထား သည်။

“ဂျပန်နဲ့ မြန်မာ ပူးပေါင်းလုပ်ကိုင်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်က အလျင်အမြန်တိုးတက်နေပါပြီ” ဟု ပါရာမက်စ်ဗွတ်ဒီ သွန်နီတီရက် က ပြောကြားသည်။

ထားဝယ်စီမံကိန်း၏ ပထမအဆင့်တွင် ပါဝင်မည့် လုပ်ဆောင်ရန် အဆင့်များကို စက်တင်ဘာလ လအတွင်း မူကြမ်းရေးဆွဲသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်မည့်သူများကို အောက်တိုဘာလအ တွင်း ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းပထမအဆင့်တွင် ထားဝယ်စီမံကိန်းဧရိယာ၏ အကျယ်အ၀န်း ငါးပုံတစ်ပုံတွင် ပါဝင်မည့် လမ်းများ၊ ဆိပ်ကမ်းတစ်ခုနှင့် စက်မှုဇုန်တစ်ခု တို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Ref:Bangkok Post
Mizzima - News in Burmese
ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန် လာစေနိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်း ချမ်းရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ် သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။

Wednesday, 20 August 2014

မီဒီယာသမားများ ရင်ဆိုင်နေရသော ဥပဒေပုဒ်မများပြင်ရန် လွှတ်တော်ဥက္ကဋ္ဌ များနှင့် စာနယ်ဇင်းကောင်စီ ဆွေးနွေးမည်

သတင်းမီဒီယာသမားများ တရားရင်ဆိုင်နေရသော ဥပဒေပုဒ်မများ လျှော့ပေါ့ ပြင်ဆင်နိုင်ရေး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ(ယာယီ)တို့ သီးခြားတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးသီဟစော က The Voice သို့ ပြောကြားသည်။