Monday, 2 June 2014

အခွန်တိမ်းရှောင်သော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ် ပေးမှု အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လို

အခွန်တိမ်းရှောင်နေသော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ်ပေးလာသည့် လုပ်ရပ်များ အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်လာသည်။ 

မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကြေးရုပ်ထားရှိမည်

မြန်မာ့ဇာတ်သဘင် လောကတွင် နာမည်ကျော် ထင်ရှားခဲ့သော အလင်္ကာ ကျော်စွာဆု တံဆိပ် ချီးမြှင့်ခြင်းခံ ခဲ့ရသည့် အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင်၏ အထိမ်းအမှတ် ကြေးရုပ်တုကို မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ၌ ထားရှိမည် ဖြစ်သည်။ 

မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာရှိ

Photo: မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာရှိ
Monday, June 2, 2014

အရှေ့တောင်အာရှတွင် ကင်ဆာဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံတွင် ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာ ရှိပြီး လူဦးရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသေးကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။ 

လူဦးရေ သန်း ၆၀ နီးပါး ရှိသော မြန်မာနိုင်ငံတွင် ကင်ဆာ အထူးကုဆရာဝန် မွေးထုတ်မှု အလွန်နည်းပါးနေသေးသည့် အပေါ် ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်မြို့တော်ရှိ သူနာပြုတက္ကသိုလ်တွင် ကျင်းပသော ကင်ဆာ ကုသအောင်မြင်သူများ အခမ်းအနားတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်စားသောက်မှု ပုံစံကြောင့် ပိုများပြီး ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားသူများလည်း ရှိကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက် အဏုမြူစွမ်းအင် ရောင်ခြည်ကြောင့်လည်း ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကင်ဆာအထူးကု ဆရာဝန်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်အဆင့် ရောက်ရှိနေပြီး အမျိုးသားများတွင်မူ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသည်းကင်ဆာ ဖြစ်ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်မြို့တော်ရှိ ကင်ဆာအထူးကု ဆရာဝန်များထံမှ သိရသည်။

“ပိုက်ဆံမရှိလို့ ဆေးရုံ မလာဘူး ဆိုတာ လက်မခံဘူး။ ပိုက်ဆံမရှိလည်း လာကုလှည့်။ တတ်နိုင်တဲ့ဘက်က ကူညီပေးမှာ။ အလှူရှင်တွေနဲ့ ချိတ်ပေးမယ်” ဟု ပါမောက္ခ ဒေါက်တာရဲမြက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် ဓာတ်ရောင်ခြည် ကုထုံးကဲ့သို့ ကင်ဆာကုထုံးသစ်များကို ပြည်သူလူထု လက်လှမ်းမီစေရန် သက်ဆိုင်ရာ ကျန်းမာရေး အသိုင်းအဝိုင်းက ပံ့ပိုးပေးရန် လိုအပ်နေကြောင်း စာရေးဆရာ ဆရာဝန်အသင်းဥက္ကဋ္ဌ ဒေါက်ထွေး (ဆေး/မန်း) က အကြံပြု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဓာတ်ရောင်ခြည် ကုထုံးစက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးတို့တွင် ကုသပေးလျက် ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကုသပေးနေသော်လည်း တစ်နိုင်ငံလုံး နှိုင်းယှဉ်ပါက လူနာနှင့် စက်ပစ္စည်း အရေအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း ဆရာဝန်များက ဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာ ဝေဒနာရှင်များမှာ အလှည့်ကျရန် လေးလခန့် စောင့်ဆိုင်းရကြောင်း ကင်ဆာ ဝေဒနာရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နှစ်စဉ် တိုးတက်လျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။ 

The Voice Weekly
အရှေ့တောင်အာရှတွင် ကင်ဆာဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံတွင် ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာ ရှိပြီး လူဦးရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသေးကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။ 

ဖွဲ့စည်းပုံခုံရုံး ဥပဒေ ပြန်ပြင်ရန် သမ္မတကြိုးပမ်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အစိုးရက ထုတ်ပြန်လိုက်ခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို သမ္မတက ပြန်လည် ပြင်ဆင်ရန် ခြေလှမ်းစတင်လိုက်ပြီဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဆန္ဒထုတ်ဖော်

Photo: အခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဆန္ဒထုတ်ဖော်
Monday, June 2, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟိုတယ်၊ ခရီးသွားလုပ်ငန်နှင့် ဆက်စပ်နေသူများ ဖြစ်သော ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် ၅၀ ခန့်သည် မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူမလိုလားသည့် ပုဒ်မ ၄၃၆ ပယ်ဖျက်ပေးပါ၊ ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် ပုဒ်မ ၄၃၆ ကို ပယ်ဖျက်ပေးပါ။ ဒီမိုကရေစီစံနှုန်းနှင့် မညီတဲ့ ပုဒ်မ ၄၃၆ ကိုကန့်ကွက်ပါသည်၊ တိုင်းပြည်သာယာဝပြောရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ တန်းတူညီမျှမှု မရှိတဲ့ ဖွဲ့စည်းပုံဟာ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ပါ။ ၂၀၀၈ နာဂစ် အခြေခံဥပဒေ၏ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးပါ စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့အတွက် ကိုယ့်နိုင်ငံကို တခြားနိုင်ငံတွေလို တိုးတက်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး Policy တွေ မှန်ဖို့လိုတယ်။ အဲဒီလို မှန်ကန်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှန်ကန်ဖို့ လိုတယ်။ နိုင်ငံတိုးတက်ဖို့ အာမမခံနိုင်တဲ့အတွက် ပြင်ကိုပြင်ရမယ့်ကိစ္စမို့လို့ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြရတာပါ” ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ကိုညီညီမှ The Voice သို့ ပြောကြားသည်။

ဆန္ဒပြသူ ခရီးသွားလုပ်ငန်း အသိုက်အဝန်းမှ လူများသည် နိုင်ငံတော်သီချင်းနှင့် နဂါးနီသီချင်းတို့ကို သံပြိုင်သီဆို၍ ဆန္ဒထုတ်ဖော်ပွဲကို ရပ်နားခဲ့ကြသည်။

The Voice Weekly
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟိုတယ်၊ ခရီးသွားလုပ်ငန်နှင့် ဆက်စပ်နေသူများ ဖြစ်သော ပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် ၅၀ ခန့်သည် မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အရေး မောင်တော၌ ဇွန် ၅ ရက်တွင် ဆွေးနွေးမည်

ရခိုင်ပြည် နယ်ခြားစောင့်အဖွဲ့နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သော ပြဿနာများအရေး နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများသည် မေ ၅ရက် ရခိုင်ပြည်နယ် မောင်တောမြို့ဒေ၀ါနဒီခန်းမတွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဇွန် ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ 

ဆန္ဒပြခို လှုံခွင့်တောင်း ခံသူ တွေကို ပြန်လည် ထိန်းသိမ်း နိုင်လို့ဆို

Photo: ဆန္ဒပြခို လှုံခွင့်တောင်း ခံသူ တွေကို ပြန်လည် ထိန်းသိမ်း နိုင်လို့ဆို
Monday, June 2, 2014

သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းလူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရသူ အယောက် ၄၀၀ လောက် ဆန္ဒပြခဲ့ကြပေမယ့် အခြေအနေ ငြိမ်သက်သွားပြီလို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

ခရစ္စမတ်ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်း ခံရသူတွေဟာ မာနူးစ်
ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ကွယ်လွန်သွားတဲ့ အီရန်နိုင်ငံသား ခိုလှုံ
ခွင့်တောင်းလိုသူရဲ့ ရက်တစ်ရာပြည့်နေ့ကို အောက်မေ့တဲ့ အနေနဲ့ ဆန္ဒပြ
ကြတာ ဖြစ်ပါတယ်။

ပါပူဝါနယူးဂနီနိုင်ငံ မာနူးစ်ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ခိုလှုံခွင့်တောင်း လိုသူတွေနဲ့ လုံခြုံရေး သမားတွေအကြား ရုန်းရင်းဆန်ခမှု ဖြစ်ခဲ့ရာက အီရန်နိုင်ငံသား ခိုလှုံခွင့်တောင်းလိုသူ တစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ခရစ္စမတ်ကျွန်း ထိန်းသိမ်းရေး စခန်းက ခိုလှုံခွင့်တောင်းလိုသူ အယောက် ၄၀၀ လောက်က ဆန္ဒပြကြတာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ပြီလို့ သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည် အရေး ဆောင်ရွက် သူတွေကတော့ အခုအချိန်ထိ အစာငတ်ခံ ဆန္ဒပြသူတွေ အယောက် ၇၀ လောက် ရှိနေပြီး အဲဒီထဲက ခုနှစ်ယောက်လောက်ဟာ သူတို့ပါးစပ်ကို အပ်ချီတွေနဲ့ ချုပ်ထားပြီး ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့်တောင်း လိုသူတွေဟာ ခရစ္စမတ်ကျွန်း ကနေ ပါပူဝါနယူးဂနီနိုင်ငံကို ပို့ဆောင်ခံရမှာကို စိုးရိမ်နေကြပြီး ပါပူဝါနယူးဂနီက လူဝင်မှုထိန်းသိမ်းရေး
စခန်းမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ ပြောဆိုနေကြကြောင်း ခိုလှုံခွင့်တောင်းလိုသူတွေအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ABC
သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းလူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရသူ အယောက် ၄၀၀ လောက် ဆန္ဒပြခဲ့ကြပေမယ့် အခြေအနေ ငြိမ်သက်သွားပြီလို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန် တပ်ကြပ်ကြီးကို တာလီဘန်တွေ ပြန်လွတ်ပေး

Photo: အမေရိကန် တပ်ကြပ်ကြီးကို တာလီဘန်တွေ ပြန်လွတ်ပေး
Monday, June 2, 2014

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ကနေ ငါးနှစ်ကြား ဖမ်းဆီးထားတဲ့ အသက် ၂၈ နှစ်အရွယ် အမေရိကန်စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကို တာလီဘန်အဖွဲ့က လွတ်ပေးလိုက်ပါတယ်။

ကာတာနိုင်ငံ ကနေ အမေရိကန်နဲ့ တာလီဘန် အဖွဲ့တွေ အကြား ဆွေးနွေး
မှုတွေ ဖြစ်ပေါ်လာအောင် ကြားနေအဖြစ် ဆောင်ရွက်ပေးပြီး တဲ့နောက် အမေရိကန် တပ်ကြပ်ကြီး Bowe Bergdahl ကို တာလီဘန်အဖွဲ့က လွတ်ပေး
လိုက်တာ ဖြစ်ပါတယ်။

အပေးအယူ လုပ်တဲ့အနေနဲ့ အမေရိကန် အစိုးရက ကျူးဘားနိုင်ငံ Guantanamo Bay အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ တာလီဘန်အဖွဲ့ဝင် ငါးဦးကိုလည်း အမေရိကန်အစိုးရက လွတ်ပေးလိုက်ပါတယ်။

ဒီလို အပေးအယူ ကိစ္စကို အမေရိကန် လွှတ်တော်ကို ကြိုတင် အသိမပေးပဲ ဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန် အစိုးရက ဝေဖန်မှု ခံနေရပါတယ်။

အစိုးရကတော့ တပ်ကြပ်ကြီးကို ကယ်ဖို့က အရေးကြီးတဲ့အတွက် ကြိုတင်မပြော လိုက်တာဟာ တရားရာရောက်ကြောင်း တုန့်ပြန်ထားပါတယ်။

အမေရိကန် စစ်တပ်က တပ်ကြပ်ကြီးဟာ ဇွန်လ ၃၀ ရက် ၂၀၀၉ ခုနှစ်တုန်းက တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာဖြစ်ပြီး ဘယ်လိုကနေ ဘယ်လို ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ မသိရသေးပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ထမ်းဆောင်တုန်း နှစ်လအတွင်းမှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်တွေ ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် အမေရိကန် စစ်သား အယောက်ပေါင်း ၉၈၀၀ သာ ထားရှိတော့မယ်လို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားကလည်း ကြေညာလိုက်ပြီး အာဖဂန်စစ်သားတွေကို စစ်သင်တန်းပေးဖို့အတွက် ချန်ထားတာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ အကုန်ပြန်ခေါ်
မယ်လို့လည်း ဆိုပါတယ်။

ABC
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ကနေ ငါးနှစ်ကြား ဖမ်းဆီးထားတဲ့ အသက် ၂၈ နှစ်အရွယ် အမေရိကန် စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကို တာလီဘန်အဖွဲ့က လွတ်ပေးလိုက်ပါတယ်။

ပြည်ပခရီးသွားလုပ်ငန်း လိုင်စင် အာမခံကြေး သိန်း ၅၀၀ ပယ်ဖျက်ရန် ခရီးသွားလုပ်ငန်း အသင်းဝင်များ သဘောတူ

Photo: ပြည်ပခရီးသွားလုပ်ငန်း လိုင်စင် အာမခံကြေး သိန်း ၅၀၀ ပယ်ဖျက်ရန် ခရီးသွားလုပ်ငန်း အသင်းဝင်များ သဘောတူ
Monday, June 2, 2014

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက မကြာမီ ခွင့်ပြုရန် ရှိသော ပြည်ပခရီးစဉ် လုပ်ငန်း လိုင်စင်အတွက် သတ်မှတ်မည့် အာမခံကြေး သိန်း ၅၀၀ ကို ပယ်ဖျက်ရန် ခရီးသွားကုမ္ပဏီ အများစုက ဆန္ဒပြုကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်များထံမှ သိရသည်။ 

UMFCCI တွင် မေ ၃၀ ရက်က ကျင်းပသည့် ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ပြည်ပခရီးစဉ် (Outbound Tour) ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းရှင် အများစုက ဆန္ဒပြုခဲ့ခြင်း ဖြစ်သည်။

“Outbound Tour က ပုံစံအမျိုးမျိုးနဲ့ ရှိတယ်။ ဒီအာမခံ စပေါ်ငွေ သိန်း ၅၀၀ ဆိုတာက ခရီးသွားကုမ္ပဏီ သေးတွေအတွက်ရော ပြည်ပနဲ့ ဖက်စပ်လုပ်တာ မဟုတ်တဲ့ မြန်မာတိုင်းရင်းသား ကုမ္ပဏီတွေအနေနဲ့ မသင့်လျော်ဘူး” ဟု မြန်မာခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ပါမောက္ခ ဦးခင်စိန်မောင်က ဆိုသည်။

ယင်းအပြင် ဘာသာရေးကိစ္စကို အကြောင်းပြု၍ ရဟန်း (သို့) လူပုဂ္ဂိုလ်တစ်ဦးဦးက စည်းရုံး ခေါ်ဆောင်သည့် ဘာသာရေးခရီးစဉ်ဟု ဆိုသော ပြင်ပခရီးစဉ် (Outbound Tour) သွားနေခြင်း၊ ဘာသာရေးခရီးစဉ် အမည်တပ်၍ အခြားမြို့များသို့ သွားရောက် လည်ပတ်ခြင်းများကို ဝန်ကြီးဌာန အနေနှင့် အဆိုပါ လုပ်ငန်းလိုင်စင် စည်းမျဉ်း ရေးဆွဲရာတွင် ဥပဒေများ ချမှတ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခရီးသွားလုပ်ငန်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခုလို စည်းကမ်းတွေက အခက်အခဲ အများကြီး ရှိတယ်” ဟု Yuya Travel & Tour က ဆိုသည်။

တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်း စည်းကမ်း မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် မူကြမ်းပါ ပြည်ပခရီးစဉ် ဆောင်ရွက်ရာတွင် ခရီးစဉ်အလိုက် လိုအပ်သည့် အချက်အလက်များကို ဦးစီးဌာနသို့ ပြည့်စုံစွာ တင်ပြရမည့်အချက်၊ အာမခံစပေါ်ငွေ သို့မဟုတ် ဘဏ်အပ်နှံငွေ သိန်း ၅၀၀ တိတိ ထားရှိရမည် အချက်၊ သီးခြားညွှန်ကြားချက် မရခင် ပြည်ပခရီးစဉ် ဆောင်ရွက်မှုတိုင်းကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှ ဆောင်ရွက်ရမည့် အချက်နှင့် အထူးခရီးသွားအာမခံ ငွေထားရှိရမည် ဆိုသည့် အချက်များကို အဓိကထား ဆွေးနွေးခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မူကြမ်းမှာ အပြီးမသတ်သေးကြောင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ အသင်းသားများ၏ သဘောထားကို ပြန်လည် တောင်းခံထားခြင်း ဖြစ်ရာ လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်ကို ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်း နေပြည်တော် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားထားသည်။

စပေါ်ငွေကြေး ပမာဏမှာ လုပ်ငန်းတစ်ခု လည်ပတ်နိုင်သည့် ငွေကြေး ဖြစ်သည့်အတွက် အဆင်မပြေနိုင်ဘဲ ယင်းငွေကို ခရီးသွားလုပ်ငန်းတွင် ပြန်လည် အသုံးပြုခွင့်ရရန် မျှော်လင့်ထားကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများထံမှ သိရသည်။ 

(အောင်သီဟ)
The Voice Weekly
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက မကြာမီ ခွင့်ပြုရန် ရှိသော ပြည်ပခရီးစဉ် လုပ်ငန်း လိုင်စင်အတွက် သတ်မှတ်မည့် အာမခံကြေး သိန်း ၅၀၀ ကို ပယ်ဖျက်ရန် ခရီးသွားကုမ္ပဏီ အများစုက ဆန္ဒပြုကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်များထံမှ သိရသည်။ 

ဒီမိုကရေစီ အစစ်အမှန် မလိုချင်သူများက တပ်မတော်နှင့် သဘောကွဲလွဲအောင် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(ဇွန် ၁ ရက်က လယ်ဝေးမြို့၌ ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်)
ဒီမိုကရေစီ အစစ်အမှန် မလိုချင်သူများက တပ်မတော်နှင့် သဘောကွဲလွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင် နေ ကြောင်း ဇွန် ၁ ရက်က လယ်ဝေးမြို့၌ ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် ဒေါ်အောင် ဆန်း စုကြည်က ပြောကြားသည်။ 

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်

Photo: နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်
Monday, June 2, 2014

ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။

နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ်ပါတယ်။

ရာသီဥတု ပူတဲ့အချိန်တွေမှာ နားထဲကနေ နားဖာချေး အခြောက်လေးတွေ ခါတိုင်းထက် ပိုထွက် လာတတ်ပါတယ်။ အဲသည်လို အချိန်မျိုးတွေမှာ နားကျပ်တာ၊ နားကလော်တာ၊ နားထဲကို ရေ၊ ဆီ၊ နားနဲ့ ပတ်သက်တဲ့ တခြား ဆေးရည်တွေ ထည့်တာမျိုး မပြုလုပ် သင့်ပါဘူး။ ပူပြင်းတဲ့ ရာသီမှာ နားထဲက အဆီတွေက ခြောက်သွေ့တတ်ပေမယ့် ခန်းတယ်လို့တော့ မရှိပါဘူး။ နားပြွန်ထဲမှာ အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့ စနစ်လည်း ရှိပါတယ်။

အဲသည်စနစ်က အတွင်းပိုင်း ရောက်သွားတဲ့ အမှုန်အမွှားတွေကို သယ်ထုတ် ပေးပါတယ်။ သည်စနစ်က နူးညံ့တာကြောင့် နားကလော်ရင် ပျက်သွား တတ်ပါတယ်။ သန့်ရှင်းရေးစနစ် ပျက်သွားရင် နားဖာချေးတွေ အပြင်ကို မထွက်တော့ဘဲ အတွင်းပိုင်းမှာ စုနေတတ်တာကြောင့် နားဖာချေး ပိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နားဖာချေး လုံးဝ မရှိတော့ တာတွေလည်း ဖြစ်တတ်ပါတယ်။ နားကလော်ပါ များရင်၊ နားကျပ်ပါ များရင် နားထဲမှာရှိတဲ့ အဆီတွေ ထွက်မလာ တတ်တော့ပါဘူး။

အဲသည်အခါမျိုး တွေမှာ နားခြောက် တတ်ပါတယ်။ နားခြောက်လာတဲ့ အခါ နားထဲဖုန်ဝင်ရင် နားအရမ်းယားပြီး တစ်နေ့တည်း လေးငါးခါ နားကျပ်တာမျိုးတွေ ပြုလုပ်လာတတ်ကြပါတယ်။ နားယားတဲ့ ဝေဒနာကို သက်သာဖို့ တွေ့ကရာ တုတ်တွေ၊ စက္ကူတွေ၊ ချိတ်တွေနဲ့ နားကျပ်ပါ များလာရင် နားမှိုစွဲတဲ့ ရောဂါနဲ့ နားကိုက် ရောဂါပါ ခံစား လာရတတ်ပါတယ်။

“နားယားလာလို့ တရားလွန် နားကျပ်တာမျိုး၊ နားပင်းလောက်တဲ့ အထိ နားကျပ်တာမျိုး မလုပ်သင့်ဘူး။ နားစည် ပေါက်သွားမယ် ဆိုရင် နားလေး သွားတတ်ပါတယ်။ နားမှိုစွဲတာတို့၊ နားကိုက် လာတာတို့ ဖြစ်ပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာပြသ သင့်တယ်”လို့ အထူးကု ဆရာဝန် ဒေါက်တာ ဦးဝင်းထိုက်ကြည်က ပြောပါတယ်။

(ကုမုဒြာ)
မြ၀တီ
ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံမှ ကွန်ဒိုတိုက်ခန်းများ ပြည်တွင်း၌ ရောင်းချမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cheng Du မြို့ရှိ Neptune ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် လာရောက် ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ကွန်ဒိုတိုက်ခန်း ရောင်းချရေး မြန်မာနိုင်ငံ တာဝန်ခံ ဦးသော်ဇင်က ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်
Monday, June 2, 2014 

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။ 

ဇွန်လ ၁ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောနေချိန် ယင်းသို့ ကန့်ကွက် ဆန္ဒထုတ်ဖော်သည့် လူစုများ ထွက်ပေါ်လာကြောင်း၊ ယင်းအဖွဲ့များမှာ ဆန္ဒဖော်ထုတ်ခွင့် တရားဝင် လျှောက်ထားခြင်း မရှိကြောင်း နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအုပ်တစ်ဦးက ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ပျဉ်းမနားမြို့မှ ဟောပြောပွဲအပြီး တပ်ကုန်းမြို့နယ် အတွင်းသို့ သွားရောက်သည့် လမ်း၌ ပုဒ်မ ၄၃၆ မပြင်ဆင်ရန် ဆန္ဒပြသူ ၂၀ နှင့် ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း NLD ပါတီဝင်အချို့က ပြောဆိုသည်။
ယင်းသို့ တွေ့ဆုံစဉ် ဆန့်ကျင်ဆန္ဒပြသည့် အဖွဲ့မှ ဦးစန်းလွင်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယခုကဲ့သို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်နေခြင်းသည် အများပြည်သူကို လမ်းပေါ်ထွက် ဆန္ဒပြရန် တွန်းအားပေးသကဲ့ ဖြစ်နေပြီး အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်များကို ခေါ်လာသည့်အတွက် ၎င်း၏ မိဘနှစ်ပါး သေဆုံးခဲ့ရကြောင်း အပါအဝင် စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ ဟောပြော လုပ်ဆောင်မှုသည် အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိသောကြောင့် မကျေနပ်ပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း အပါအဝင် တုံ့ပြန်ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။ 

အခြေခံဥပဒေ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြသည့် အစုအဖွဲ့ လေးစုခန့် ရှိပြီး မည့်သို့ အရေးယူမည်ကို မသိရှိရသေးကြောင်း အဆိုပါ နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအုပ်က ဆိုသည်။  

“သတင်းတွေတော့ တက်လာတယ်။ အရေးယူမယ် မယူဘူး ဆိုတာ မပြောနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။ 

ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ဆန္ဒပြသူများသည် မိမိတို့၏ ဆန္ဒအတိုင်း ပြုလုပ်ပိုင်ခွင့် ရှိသော်လည်း အောက်တန်းကျသော စိတ်များနှင့် အထက်အမိန့် ကြောက်ရသော စိတ်များကို ဖယ်ရှားရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပျဉ်းမနားမြို့နယ်တွင် ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။
ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်တွင် နေသည်ဟု ပြောဆိုပြီး ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ဦးအောင်လင်းက “ပုဒ်မရဲ့ အဓိပ္ပာယ်ကိုတော့ မသိဘူး။ ကျွန်တော်တို့က နိုင်ငံခြားသားနဲ့ ဘာသာခြားတွေ သမ္မတ မဖြစ်ဖို့ကို ရည်ရွယ်ပြီး ဆန္ဒပြတာပါ။ ခွင့်ပြုချက်တော့ မတင်ထားပါဘူး” ဟု ပြောဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခ မတိုးမြှင့်ရေး၊ အလုပ်သမား ဆန္ဒပြမှုများ၊ လယ်မြေ အသိမ်းခံထားရမှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့သူများကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် အရေးယူထားပြီး ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ပုဒ်မဖြင့် တရားစွဲဆို ခံထားရသူ ၈၀ ကျော် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly
နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။

မြန်မာနဲ့ ဆက်ဆံရေး တိုးတက်လိုကြောင်း ဘင်္ဂလားဒေ့ရှ် ပြောဆို

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုတဲ့ ဆန္ဒရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ယူနိုက်တက်က အလိုရှိနေတဲ့ ရိုးမားကွင်းလယ်ကစားသမား

Photo: ယူနိုက်တက်က အလိုရှိနေတဲ့ ရိုးမားကွင်းလယ်ကစားသမား
Monday, June 2, 2014

မန်ချက်စတာယူနိုက်တက်၏ နည်းပြသစ် လူးဝစ်ဇ်ဗန်ဂေါလ်သည် ရိုးမား ကွင်းလယ်လူ နယ်သာလန်သား Kevin Strootman အား ပေါင်သန်း (30) အသုံးပြု၍ ခေါ်ယူရန် ကြိုးစားနေသည်။ အဆိုပါ ကစားသမားသည် ပြီးခဲ့သည့် မတ်လ ကတည်းက ဒူးခေါင်းဒဏ်ရာ ရနေခဲ့ပြီး ထိုဒဏ်ရာကြောင့် ပင်လျှင် ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ရသူ ဖြစ်သည်။ 

၎င်း၏ ဒဏ်ရာသည် အောက်တိုဘာလအထိ ပါဝင်ကစားနိုင်သေးမည် မဟုတ်သော်လည်း ယူနိုက်တက် နည်းပြသစ်ဟာ ကွင်းလယ် ပြင်ဆင်မှု အတွက် အဆိုပါ (24)နှစ်သားအား ပစ်မှတ်ထားနေခဲ့သည်။
ထို့အတူ ရိုးမား အသင်းကလည်း သူတို့ကွင်းလယ်ကစားသမားကို ဆက်လက်ထိန်းသိမ်းထားလိုနေကြောင်း အီတလီသတင်းများ က ဖေါ်ပြထားသည်။

SOCCER MYANMAR
မန်ချက်စတာယူနိုက်တက်၏ နည်းပြသစ် လူးဝစ်ဇ်ဗန်ဂေါလ်သည် ရိုးမား ကွင်းလယ်လူ နယ်သာလန်သား Kevin Strootman အား ပေါင်သန်း (30) အသုံးပြု၍ ခေါ်ယူရန် ကြိုးစားနေသည်။ အဆိုပါ ကစားသမားသည် ပြီးခဲ့သည့် မတ်လ ကတည်းက ဒူးခေါင်းဒဏ်ရာ ရနေခဲ့ပြီး ထိုဒဏ်ရာကြောင့် ပင်လျှင် ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ရသူ ဖြစ်သည်။ 

ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

Photo: ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း 
Monday, June 2, 2014

ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံကာ ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇွန်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများမှ သဘောတူညီချက်များပေါ်မူ တည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် တိုင်းရင်းသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနှင့် သဟဇာတ ဖြစ်စေရန် အခြေအနေ အချိန်အခါပေါ် မူတည်၍ ပြင်ဆင်ရေးသားနိုင်သော အခြေခံမှုမျိုးကို ချမှတ်ထားမှသာ အခြေခံဥပဒေသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 

အဆိုပါ တိုင်းရင်းသားအားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး အဆိုပါ ဆွေးနွေးပွဲ မတင်မီ ကနဦးပြုလုပ်ရမည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရေးအဖွဲ့ NCCT ခေါင်းဆောင်အချို့က ဆိုထားသည်။ 

သို့သော် အခြေခံဥပဒေကို ပြင်ဆင်ရာတွင် မည်သည့် နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ် တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်မျိုး ထားရှိရန် လိုအပ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ပေးရန် တောင်းဆိုထားသော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ရေးဆိုင်ရာ အခန်း ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သဘောထားကို ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲပေးလိုစိတ်ရှိသူ မဟုတ်ဟု ဝေဖန်ပြောဆိုထားသည်။

The Voice Weekly
ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံကာ ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။ 

ပုဒ်မ ၄၃၆ မပြင်ရေး ဆန္ဒပြပွဲဦးဆောင်သူကို ဒေါ်အောင်ဆန်းစုကြည် မေးမြန်းဆွေးနွေး

ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၄၃၆ မပြင်ရေး နေပြည်တော် တပ်ကုန်းမြို့ နယ်တွင် ပြင်းထန်စွာ ကန့်ကွက် သူကို ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ် တန်းက ကားရပ်၍ ၁၀ မိနစ် ကျော်ကြာ တွေ့ဆုံမေးမြန်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ

ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ကုလားဆိုး အကြမ်းဖက်သောင်းကျန်းသူ (RSO) အဖွဲ့မှ ၀င်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့် အတွက် မိမိနယ်မြေခံလုံခြုံရေး တပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်း ကျန်းသူ အဖွဲ့မှ ဟုယူဆရသော လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးသည် မိမိနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာခဲ့ဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ် ၁ လက်နှင့် ခဲယမ်း အချို့တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ပြင်ခဲ့သော် . . .

တပ်မတော် (ရေ) မှ ကိုကိုးကျွန်းအရှေ့ ရေပြင်တွင် Combined Fleet Exercise အစီအစဉ်ဖြင့် လေ့ကျင့်ရေး ပြုလုပ်နေစဉ်
မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် (၅၂)အနီးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကိုင်နှစ်ဦးသည် မြန်မာနယ်စပ်အနီး ပေ ၈ဝ ခန့်သို့ ချဉ်းကပ်လာပြီး လုံခြုံရေးတာဝန် ဆောင် ရွက်နေသော မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပတ်ခတ်မှု ဖြစ်စဉ်တွင် အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးပြီး အမ်-၂၂ သေနတ် တစ်လက်၊ ကျည်ကတ်လေးခု၊ ကျည် ၉၈ တောင့် သိမ်းဆည်းရမိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။