ရခိုင်ပြည်နယ်တွင် လူ သားချင်းစာနာမှုဆိုင်ရာလုပ်ငန်း များ ပြန်လည်ဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့ အစည်း များမှ တင်ပြလာသော လုပ်ငန်းစဉ်များ သည် ပွင့်လင်းမြင်သာမှုမရှိသည့် အတွက် ထပ်မံတင်ပြပြီး မှ သာ ဆောင်ရွက်ခွင့်ပြုရန် ဆုံးဖြတ် လိုက်သည်။
Thursday, 24 April 2014
ဗိုလ်ချုပ်ဂွမ်မော်ရဲ့  ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ဗွီအိုအေမြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ က ပြည် တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား ဖယ်ဒရယ်ပြည်ထောင်စုအရေး စတဲ့အကြောင်းအရာများကို သီးသန့်တွေ့ ဆုံမေးမြန်း တင်ပြထားပါတယ်။
သန်းခေါင်စာရင်း အကောက်မခံသောမြို့နယ်များ ရခိုင်ပြည်နယ်တွင် စည်းရုံးရေးဆင်းကာ ပြန်လည်ကောက်ယူမည်
ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းအကောက်မခံသောမြို့နယ်များရှိ ဘင်္ဂါလီလူမျိုးများအား သန်းခေါင် စာရင်း သတ်မှတ်ကာလ ဖြစ်သည့်နှစ်လအတွင်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စည်းရုံး၍ရခဲ့မည် ဆိုလျှင် ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ရင်ဦး ကပြောသည်။
လာမည့်ပညာသင်နှစ် ရှစ်တန်းနှင့်ကိုးတန်း စာမေးပွဲကျဆုံးမှု ယခုနှစ်ထက်ပိုများနိုင်
အရည်အသွေးရှိကျောင်းသား၊ ကျောင်းသူများမွေးထုတ်ရန် ရည်ရွယ် ပြုလုပ်နေခြင်းကြောင့် လာမည့်ပညာ သင်နှစ် တွင် ရှစ်တန်းနှင့် ကိုးတန်း ကျောင်းသား၊ ကျောင်းသူများ ကျရှုံး မှုသည် ယခုနှစ်ထက်ပို ဆိုးလာ မည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးကဆို သည်။
ကချင်ပြည်နယ်ရှိကလေးငယ်များ အရေးပေါ်ပြုစုစောင့်ရှောက်မှု လိုအပ် မည်ဟု ယူနီဆက်ဖ်သတင်းထုတ်ပြန်
ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) မှထုတ်ပြန်သော သတင်းထုတ်ပြန်ချက် တစ်ရပ် ၌ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ကြားတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲသစ် များကြောင့် ကချင်ပြည်နယ်ရှိ ကလေးငယ်များသည် အရေးပေါ်ပြုစုစောင့်ရှောက် မှုလိုအပ်လျက်ရှိသည်ဟု ဖော်ပြ ထားကြောင်း တရုတ်နေ့စဉ်သတင်း ဌာနက ယနေ့ဖော်ပြသည်။
ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းအနီး အသေးစားနှင့်အလတ်စား စက်မှုဇုန် တည်ဆောက်ရန် စီစဉ်
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် အတွင်းရှိ ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းအနီး၌ အသေး စားနှင့် အလတ်စား စက်မှုဇုန် တည်ထောင်ရန် စီစဉ်လျက် ရှိ ကြောင်း စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။
ကချင်တိုက်ပွဲများကြောင့် ဗန်းမော်မြို့ အိမ်ခြံမြေ ဈေးနှုန်းများ တစ်ရှိန်ထိုး မြင့်တက်
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဗန်းမော်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းများသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ကြောင်း ဗန်းမော်မြို့ရှိ အိမ်ခြံမြေ ပွဲစားများထံမှ စုံစမ်းသိရှိရသည်။
အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များကို ရွေးချယ်ပြီးဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယနေ့တင်ပြမည်
အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များကို ရွေးချယ်ပြီးဖြစ်ကာ အဆိုပါစာရင်းကို ယနေ့ဧပြီ ၂၄ ရက်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း အာဆီယံပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီမှ သိရသည်။
ပြည်တွင်း ထုတ်ကုန် စုစုပေါင်း တန်ဖိုး စားသုံးမှုနှင့် အခြေခံ အဆောက်အဦများ တိုးတက် မြင့်မားရေး
ကမ္ဘာ့နိုင်ငံများမှ အရှေ့တောင်အာရှ နိုင်ငံများတွင် လူဦးရေ သန်းပေါင်း ၇၅ဝ နီးပါး နေထိုင် လျက်ရှိကြရာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ မှစ၍ တစ်ဦးချင်း တစ်နေ့ဝင်ငွေ လျော့ကျလာ ခဲ့ခြင်းကြောင့် ယခုအချိန်တွင် အဆိုပါ နိုင်ငံများရှိ လူတစ်ဦးချင်း တစ်နေ့ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၅ ဒေါ်လာ ထက် လျော့ နည်းကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဦးပိန် တံတား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း ၉ဝ ရာခိုင်နှုန်း ပြီးစီး

မန္တလေးတိုင်း ဒေသကြီး အမရ ပူရမြို့နယ် တောင်သမန် ဒေသရှိ ဦးပိန်တံတား၏ တိုင်အချို့နှင့် ကြမ်းခင်း များ၏ သက်တမ်းမှာ နှစ် ၁၆ဝကျော်ရှိပြီ ဖြစ်၍ ယိုယွင်း ပျက်စီးမှုများ ရှိလာရာ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၃ဝကျော် ထောက်ပံ့ပြီး ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္တလေး)တို့၏ ကြီးကြပ်မှုဖြင့် ဧပြီ ပထမပတ်မှ စတင်ကာ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး ရန်ကုန်ရွှေ့မည်
ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် အဓိက တာဝန်ယူ လုပ်ဆောင်နေ သည့် မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးကို နေပြည်တော်မှ ရန်ကုန်သို့ ပြောင်းရွှေ့ ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြား သည်။
မြန်မာနိုင်ငံ အလယ်ပိုင်း အပူချိန် မြင့်

အခုရက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ တွေမှာ အပူဒဏ်ကြောင့် ဆေးရုံ ရောက်သူတွေ များလာ သလို သက်ကြီးရွယ်အို တွေ သေဆုံးမှု တိုးလာ နေပါတယ် ။
အကျိုးစီးပွား ခြိမ်းခြောက်ရင် ရုရှားက တုံ့ပြန်မယ်

ဒွန်းညှက်မြို့က အစိုးရရုံးရှေ့မှာ စောင့်ကြပ်နေတဲ့ ရုရှား လိုလားသူ အချို့
ရုရှား လူမျိုးတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ရင် ပြန်လည်တုန့်ပြန်သွားမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောလိုက်ပါတယ်။
ရုရှား လူမျိုးတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ရင် ပြန်လည်တုန့်ပြန်သွားမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောလိုက်ပါတယ်။
ဘုရားသုံးဆူ - သံဖြူ ဇရပ် ကားလမ်းတွင် ကားတိမ်းမှောက်၍ ၁ဦးသေ၊ ၉ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူ မြို့နယ်ခွဲရှိ ဘုရားသုံးဆူ-သံဖြူ ဇရပ် ကားလမ်း တနေရာ၌ ယနေ့နံနက် ၁၀နာရီအချိန်တွင် ခရီးသည်တင် ကားတစ်စီး တိမ်းမှောက်သွားခဲ့ရာ လူ ၁ဦး သေဆုံးသွားပြီး ၉ဦး ဒဏ်ရာရရှိ သွားခဲ့သည်ဟု သိရသည်။
Wednesday, 23 April 2014
ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင် KIA တပ်ဖွဲ့ဝင်များ အလင်းဝ င်ရောက်မှု ပိုမိုများပြား

အေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် KIA တပ်ဖွဲ့ဝင်များ အလင်း ၀င်ရောက် လာကြရာ အေပြီ ၂၂ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် (၂) ဦး လက်နက်မဲ့ထပ်မံ အလင်းဝင်ရောက် လာ ခဲ့ကြောင်း မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးတစ်ရုံးမှ သိရှိရသည်။
ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းရေး ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေး

ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒီကနေ့ ပြန်လည် ကျင်း ပ တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ပါတယ်။
စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာသော လဂျောင်ကျေးရွာ မိသားစုများမှ လူငယ်လူရွယ်များအား KIA မှ ဖမ်းဆီးကာ တိုက်ပွဲများတွင် အသုံးချရန် စီစဉ်

ကချင်ပြည်နယ်တွင် အေပြီလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ ပြီးနောက် အေပြီ ၂၀ ရက်နေ့မှ စတင်ကာ လဂျောင်ကျေးရွာနေ မိသားစုများ စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာကြရာ သက်ကြီး ရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီးများသာ ပါဝင်ပြီး လူငယ်လူရွယ်များကို KIA မှ ဖမ်းဆီးထားကြောင်း စစ်ရှောင် စခန်းသို့ ရောက်ရှိလာသော မိသားစုများထံမှ သိရသည်။
အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်းဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦး ကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။
လေယာဉ်ရှာဖွေရေးလုပ်ငန်း သုံးပုံနှစ်ပုံပြီးမြောက် ပျောက် ဆုံးလေ ယာဉ် ၏ မည် သည့်သဲလွန်စမျှ မတွေ့ရ

ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီး သည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေးဇုန် အကျယ် အ၀န်း ၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံးနေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သြစတြေးလျအစိုးရတာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင်ပြော ကြား သည်။
အချိန်ပြောင်းလဲ ပြေးဆွဲသွားမည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား

ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားကို လာမယ့် ဧပြီလ(၂၅)ရက်နေ့ကစပြီး အချိန်ပြောင်းလဲ ပြေးဆွဲ သွား မှာဖြစ် တယ်လို့ သိရပါတယ်။ ရန်ကုန်-ကျိုက်ထိုအတွက် လက်ရှိအချိန်အထိ အပတ်စဉ်ပုံမှန် ပြေးဆွဲနေတဲ့ စနေနေ့မနက်အစား တစ်ရက်တိုးပြီး သောကြာနေ့ညကို ပြောင်း လဲပြေးဆွဲသွားမှာဖြစ်ပါတယ်။ရန်ကုန်-ကျိုက်ထိုအထူးအမြန်ရထားကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ မလွှကုန်း မီးရထား စက်ခေါင်း စက်ရုံမှာ အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ် လျက်ရှိပါတယ်။
Subscribe to:
Posts (Atom)