Thursday, 19 December 2013

မောတောင် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ကုန်သွယ်ခွင့်ပြုထား

Photo: မောတောင် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ကုန်သွယ်ခွင့်ပြုထား
Thursday, December 19, 2013

တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တစ်ဦးချင်းကုန် သွယ်မှုကတ် ၁၂ ကတ်အထိသာ ရှိသေးပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင် ၅ ရက်တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ခွင့်ပြုထားကြောင်း သိရသည်။ တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ဖြင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် လိုင်စင်တစ်ခါ လျှောက်ထားလျှင် ကျပ် ၁၀ သိန်းအထိ ခွင့်ပြုထားပြီး တစ်နိုင်တစ်ပိုင်ကုန်သွယ်မှု ပြုသူများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

"လိုင်စင်တစ်ခါလျှောက်ရင် ကျပ် ၁၀ သိန်းအထိ ခွင့်ပြုထားပါတယ်။ တကယ်လို့ နေ့စဉ် ကျပ် ၁၀ သိန်းစီ ကုန်သွယ်မှုမပြုဘဲ ရုံးဖွင့်ရက် ၅ ရက် တစ်ပတ်အတွင်းမှာ စုပေါင်းပြီး ကျပ် သိန်း ၅၀ တစ်ပြိုင်တည်း ကုန်သွယ်မှု ပြုလုပ်ချင်ရင်လည်း ခွင့်ပြုထားပါတယ်" လို့ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွန်ကြားရေးမှူး ဦးနေမင်းထက်က ပြောကြားခဲ့သည်။

မောတောင်နယ်စပ်မှ ကုန်သွယ်မှုပြုလုပ်ရာတွင် လက်ရှိအနေထားအရ တစ်နိုင်တစ်ပိုင် ကုန်သွယ်သူများသာ အများဆုံး ကုန်သွယ်မှုပြုလုပ်နေကြပြီး ဒေသထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။ သွင်းကုန်များ တင်သွင်းရာတွင်လည်း တစ်နိုင်တစ်ပိုင် ကုန်သွယ်သူများ အနေဖြင့် ဒေသအတွင်း အသုံးပြုရန်အတွက် စားသောက်ကုန်များနှင့် လူသုံးကုန် တချို့သာ တင်သွင်းကြပြီး အများအားဖြင့် ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရိခံ ခရိုင်မှ အဓိက ထွက်ရှိသောမွေ့ရာ၊ ဖက်ခေါင်းအုံး၊ စောင်နှင့်အခင်းပိုင်းများကို အဓိက တင်သွင်းလာလေ့ရှိကြောင်း သိရသည်။ အဆိုပါ ကုန်စည်များကို တစ်နိုင်တစ်ပိုင် ကုန်သွယ်သူများမှ တနင်္သာရီမြို့နှင့် ညောင်ပင်ကွင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပြန်လည်ဖြန့်ဖြူးကြကြောင်း သိရသည်။

"တခြားကုန်စည်များကို ထိုင်းနိုင်ငံအတွင်းကို တင်ပို့မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့တွေရဲ့ ထောက်ခံချက်တွေ၊ စာရွက်စာတမ်းတွေ၊ ကျွန်တော်တို့ရုံးချုပ်ရဲ့ ခွင့်ပြုချက်တွေနှင့် ဆောင်ရွက်ပေးလို့ ရပါတယ်။ မောတောင်ဒေသမှာ လိုအပ်တဲ့ကုန်စည်တွေကို ဒေသအတွက် တင်ပို့လာရင်တော့ ရပါတယ်။ ဒါပေမဲ့ အတိုင်းအတာ ပမာဏ ရှိပါတယ်။ ဒီထက်ပိုလာရင် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပါမယ်" ဟု ဦးနေမင်းထက်က ပြောကြားသည်။

Eleven Media Group

(မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ်အနီး ကုန်အတင်အချ လုပ်နေသော ကုန်တင်ယာဉ်တစ်စီး)
(မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ်အနီး ကုန်အတင်အချ လုပ်နေသော ကုန်တင်ယာဉ်တစ်စီး)
တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တစ်ဦးချင်းကုန် သွယ်မှုကတ် ၁၂ ကတ် အထိသာ ရှိသေးပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင် ၅ ရက်တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ခွင့်ပြု ထားကြောင်း သိရသည်။

တရုတ်သို့ ရာသီချိန် သွားရောက်သော လုပ်သားများ လူကုန်ကူးခံရဟုဆို

တရုတ် နိုင်ငံသို့ မြန်မာနိုင်ငံမှ သွားရောက် လုပ်ကိုင်သော ရာသီချိန်လုပ်သား များမှာ လူကုန်ကူးခံရခြင်း၊ လူ မှောင်ခိုလုပ်ခြင်းများခံကြရကြောင်း ရတနာမြေဖွံ့ဖြိုးရေးအသင်းမှ ဦးဇော်မြင့်ထွန်းက ပြောသည်။

ရွာသား၂၀ ကျော် ကေအိုင်အေထံက ပြန်လည်လွတ်မြောက်

Photo: ရွာသား၂၀ ကျော် ကေအိုင်အေထံက ပြန်လည်လွတ်မြောက်
Thursday, December 19, 2013

ကချင်ပြည်နယ် ဗန်မော်းခရိုင် မန်စီမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံ ၅၀ ကျော်ထဲက ၂၂ ယောက် မနေ့က ပြန်လည်လွတ်မြောက်လာကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးက RFA ကို ဒီနေ့ အတည်ပြု ပြောကြားပါတယ်။

ပြန်လွတ်လာသူတွေဟာ ဗန်းမော်ခရိုင် မန်စီမြို့နယ် ဟန်ထက်၊ မန်ဝိန်းလေးစတဲ့ရွာတွေက ရွာသားတွေ ဖြစ်တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က RFA ကို ပြောပါတယ်။

“မနေ့ကနေ့လယ်ပိုင်းမှာ ၂၂ ယောက်လွတ်ပါတယ်၊ ဒီဇင်ဘာ ၇ ရက်ရယ်၊ ၈ ရက်ရယ်၊ နောက်ပြီးတော့ ၁၃ ရက်ပေါ့ ပါတဲ့အခေါက်ထဲက အားလုံးပြန်ရောက်တယ်ခင်ဗျ၊ ၄ ရက်နေ့က ၂၁ ယောက်ကို ဖမ်းထားတာရှိတယ်ခင်ဗျ၊ အဲဒါတော့ တစ်ယောက်မှ မပြန်လာဘူး၊ ”

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရှမ်းရွာသားတွေ လွတ်မြောက်ရေးအတွက် မြစ်ကြီးနားအခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မြစ်ကြီးနားမှာ ဖွင့်လှစ်ထားတဲ့ ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက အခုလွတ်မြောက်လာသူတွေနဲ့ ပတ်သက်ပြီးတော့ ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက အကြောင်းကြားတာတော့ မရှိသေးဘူးလို့ ပြောပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကတည်းက ကေအိုင်အိုတပ်တွေက ရှမ်းဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိတယ်လို့ ဒေသခံတွေနဲ့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ပထမပတ်အတွင်းက ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီလို ရွာသားတွေကို ဖမ်းဆီးတာ၊ တပ်သားသစ်စုဆောင်းတာတွေ လုံးဝမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

RFA
ကချင်ပြည်နယ် ဗန်မော်းခရိုင် မန်စီမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်း ဆီးခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံ ၅၀ ကျော်ထဲက ၂၂ ယောက် မနေ့က ပြန်လည်လွတ်မြောက်လာကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးက RFA ကို ဒီနေ့ အတည်ပြု ပြောကြားပါတယ်။

Wednesday, 18 December 2013

ထိုင်းသွားမည့် မြန်မာလုပ်သား ၆,၀၀၀ ကျော် မြ၀တီတွင် သောင်တင်နေ

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၆,၀၀၀ ခန့် မြ၀တီတွင် စောင့် ဆိုင်းနေရဆဲဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှု ကော် မတီ Joint Action Committee for Burmese Affairs (JACBA) မှ ဦးမိုးကြိုးက ပြောသည်။

အလောင်းတော်ကဿပ ဘုရားဖူးရာသီ စတင်ဖွင့်လှစ်

Photo: အလောင်းတော်ကဿပ ဘုရားဖူးရာသီ စတင်ဖွင့်လှစ်
Wednesday, December 18, 2013

စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ် အလောင်းတော် ကဿပ ဘေးမဲ့တော အနီးရှိ အလောင်းတော်ကဿပ ရဟန္တာမထေရ်ကို သွားရောက်ဖူးမျှော် လိုသူများအတွက် ယခုနှစ် ဘုရားဖူးရာသီအတွက် ဘုရားဖူး လမ်းဖွင့်ပွဲကို ၁၃၇၅ ခုနှစ် နတ်တော်လဆန်း ၁၁ ရက်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက်ပိုင်းက အလောင်းတော်ကဿပ တောင်ပေါ်လမ်းတွင် ဖိုလ်ဝင်တောင် ဆရာတော် ဘဒ္ဒန္တ သုမန ( မဟာသဒ္ဒမဇောတိကဓဇ) ပုပ္ပားကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် ပုလဲ၊ ကနီ၊ ယင်းမာပင်၊ ဆာလင်းကြီး လေးမြို့နယ်ရှိ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများမှ ဘုရားဖူးလမ်း အသွားအပြန် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်၍ အခမ်းအနား ဖွင့်လှစ်ပြီးကြောင်း အလောင်းတော်ကဿပ ဂေါပက အဖွဲ့ထံမှ သိရှိရသည်။

လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်မှ စ၍ တပို့တွဲလပြည့် ဆီမီးကိုးထောင် ကပ်လှူပွဲ၊ နှမ်းမနဲကပ်လှူပွဲ ကျင်းပသည့် ရက်များတွင် ရဟန္တာ ကိုယ်တော်မြတ်ကြီးစံပယ်ရာ ဂူတံခါး ပွင့်သည့်ဟု သတင်းများ၊ ဓာတ်ပုံများတွင် ဖတ်ရှု မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းနှစ်များတွင် ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် ဘုရားဖူး ပို့ဆောင် ရေးအဖွဲ့မှလည်း ခရီးစဉ်စတင်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

MOI Webportal Myanmar
စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ် အလောင်းတော် ကဿပ ဘေးမဲ့တော အနီးရှိ အလောင်းတော် ကဿပ ရဟန္တာမထေရ်ကို သွားရောက်ဖူးမျှော် လိုသူများအတွက် ယခုနှစ် ဘုရားဖူးရာသီအတွက်

အားကစားရုံများသို့ Aircon Express မော်တော်ယာဉ်များဖြင့် ပြေးဆွဲပေးလျက်ရှိ

Photo: အားကစားရုံများသို့ Aircon Express မော်တော်ယာဉ်များဖြင့် ပြေးဆွဲပေးလျက်ရှိ
Wednesday, December 18, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ အားကစားနည်းများ အလိုက် ပြိုင်ပွဲများ ကျင်းပလျက် ရှိရာ အားကစားရုံများသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြည့်ရှု အားပေးကြသော အားကစားဝါသနာရှင် ပရိသတ်များဖြင့် အထူးစည်ကားလျက် ရှိသည်။

အဆိုပါ အားကစားဝါသနာရှင် ပရိသတ်များ အဆင်ပြေ ချောမွေ့ စွာ ကြည့်ရှုအားပေးနိုင်ရန် အတွက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဂိတ်ဝင်၊ထွက်ပေါက် ဂိတ်များမှ ပြိုင်ပွဲကျင်းပရာ အားကစားရုံများသို့ Aircon Express မော်တော်ယာဉ်များဖြင့် နေ့စဉ် အချိန်ပြည့် ပို့ဆောင်ပေး လျက်ရှိကြောင်း သိရှိရသည်။

မြ၀တီ
(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပလျက်ရှိရာ အားကစားရုံများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြည့်ရှုအားပေးကြသော အားကစားဝါသနာရှင်ပရိသတ်များဖြင့် အထူးစည်ကားလျက်ရှိသည်။

ပြန်လည်ရောင်းချနိုင်မည့် စွန့်ပစ်ပစ္စည်းများ အလှူခံ၍ လေလွင့်ကလေးငယ် တို့ ပညာသင်နိုင်ရေး ဆောင်ရွက်မည်

Photo: ပြန်လည်ရောင်းချနိုင်မည့် စွန့်ပစ်ပစ္စည်းများ အလှူခံ၍ လေလွင့်ကလေးငယ် တို့ ပညာသင်နိုင်ရေး ဆောင်ရွက်မည်
Wednesday, December 18, 2013

ပြည်မြို့ရှိ လေလွင့်ကလေးငယ် များ စာသင်ကြားနိုင်ရေးအတွက် လို အပ်သည့် ရန်ပုံငွေကို ပြန်လည်ရောင်း ချနိုင်မည့် စွန့်ပစ်ပစ္စည်းများ အလှူခံ ခြင်းဖြင့် ပြုလုပ် သွားရန်ရှိကြောင်း ကရု ဏာလက်များကွန်ရက် (ပြည်)မှ သိရ သည်။

၎င်းတို့အနေဖြင့် လေလွင့်ကလေး ငယ်များအား စာဆက်လက် သင်ကြား ပေးနိုင်ရန် ငွေကြေးအခက်အခဲရှိနေ သော်လည်း ရန်ပုံငွေရှာဖွေမှုကို ငွေ ကြေးကောက် ခံခြင်းမျိုးပြုလုပ်မည် မဟုတ်ဟု အဆိုပါ ကွန်ရက်၏ အထွေ ထွေအတွင်းရေးမှူး ဦးပုညက ဆိုသည်။

စွန့်ပစ်ပစ္စည်းများ အလှူခံရာတွင် အထူးသီးသန့်ပြုလုပ်ထားသည့် ပုံးများ ကို လူစည်ကားရာ နေရာများတွင် ချ ထားမည်ဖြစ်ပြီး အဆိုပါ ပုံးများအတွင်း သို့ စေတနာရှင် များအနေနှင့် ပြန်လည် ရောင်းချနိုင်သည့် ရေသန့်ဘူးခွံ၊ ဘီယာ အခွံ၊ အချိုရည် ပုလင်းခွံများနှင့် ဗလာ စာအုပ်ဟောင်းများ စသည်တို့ကို လာရောက်စွန့်ပစ်ပေး ထားခြင်ြး ဖင့် လေ လွင့်ကလေးများ အတွက် လှူဒါန်းခြင်း ဖြစ်သည်ဟု သိရသည်။

”စွန့်စားပြီး လုပ်ကြည့်တာပါ။ အ ချို့က ဒီလိုကလေးတွေအတွက်ဆို ငွေ ကို သိပ်မလှူချင်ကြဘူး။ ဒါကြောင့် ဒီ ကိစ္စကို အကောင်အထည်ဖော်ဖို့စဉ်းစား တာပါ။ အလုပ် ရှုပ်မယ်ဆိုပေမယ့် အ ကျိုးရှိမယ် ထင်လို့ပါ” ဟု ဦးပုညက ဆက်ပြောသည်။

ယင်းအတွက် ပုံးများကို အထူးပြု လုပ်ရပြီး ပုံးတစ်ပုံးလျှင် ကာလတန်ဖိုး ငွေကျပ် ခုနစ်သောင်းခွဲနီးပါး ကျသင့် သည်ဟု သိရသည်။

လက်ရှိတွင် စတင်လည်ပတ်ရန် ပင် ရန်ပုံငွေအခက်အခဲ ရှိခြင်းကြောင့် ပုံးနှစ်ပုံးသာ ပြုလုပ်ထားနိုင်ပြီး ¤င်းပုံး များအား ပြည်မြို့ အဝေးပြေးကားဝင်း နှင့် ဈေးကြီးတို့တွင် လာမည့် တစ်ပတ် အတွင်း စတင် ချထားမည်ဟုလည်း သိရသည်။

ထို့အပြင် ပုံးများ ထပ်မံ ပြုလုပ်နိုင် ရန်လည်း အလှူခံမည်ဖြစ်ပြီး ပုံး၏ ပတ် လည်တွင် လေလွင့်ကလေးငယ်များ အ တွက် အလှူခံခြင်းဖြစ်ကြောင်း မြင်သာ စေရန် စာ များရေးသားထားမည်ဟု ဆို သည်။

”အမှိုက်ပုံးလို့ မမြင်စေချင်ဘူး။ အလှူခံတဲ့ ပုံးလို့ပဲ မြင်စေချင်တယ်”ဟု ဦးပုညကဆိုသည်။

ထို့အပြင် ၄င်းအစီအစဉ်ကို ပြည် သူများ အမှိုက်စွန့်ပစ်ရာ၌ စနစ်တ ကျ ဖြစ်လာစေရန် ရည်ရွယ်ခြင်းလည်းဖြစ် ပြီး ရရှိလာမည့် စွန့်ပစ်ပစ္စည်း များအား အမျိုးအစားခွဲခြား ထုပ်ပိုး၍ ပြန်လည် ဝယ်ယူမည့် သူများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကရုဏာလက်များကွန်ရက် (ပြည်) သည် ၄င်းမြို့ရှိ လေလွင့်ကလေးငယ် များ၏ ပညာရေးနှင့် စာရိတ္တပိုင်းဆိုင် ရာများ ပြုပြင်ထိန်းသိမ်းပေးနေသည့် အရပ်ဘက် ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လက်ရှိတွင် ကလေးငယ် ၃ဝ ဦး ခန့်ကို စာသင်ကြားပေးလျက်ရှိသည်။

သုတလင်း
Popular Myanmar News Journal
ပြည်မြို့ရှိ လေလွင့်ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေကို ပြန်လည်ရောင်း ချနိုင်မည့် စွန့်ပစ်ပစ္စည်းများ အလှူခံ ခြင်းဖြင့် ပြုလုပ် သွားရန်ရှိကြောင်း ကရုဏာလက်များကွန်ရက် (ပြည်) မှ သိရသည်။

ဘင်္ဂါလီ ခုနစ်ဦးကို ခေါ်ယူလာသည့် ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီ ခုနစ်ဦးကို ပါဂျဲရိုးယာဉ်ဖြင့် ရန်ကုန်မြို့တော်သို့ ခေါ်ဆောင်လာသော ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း


အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

ဂျပန်နိုင်ငံမှဒေါ်လာသန်း၆ဝဝကျော် ချေးငွေပေးအပ်

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အတွက် ချေးငွေဒေါ်လာသန်း ၆ဝဝ တန်ဖိုးရှိ အကူအညီများပေးအပ် သွားမည်ဟု သိရသည်။

ဈေးချိုသော အမေရိကစမတ်ဖုန်း BLU Studio 5.5

Photo: ဈေးချိုသော အမေရိကစမတ်ဖုန်း BLU Studio 5.5
Wednesday, December 18, 2013

အမေရိကန်နိင်ငံ၊ ဖလော်ရီဒါပြည်နယ်အတွင်းရှိ မီယာမီ အခြေစိုက် ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ BLU ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဈေးနှုန်းသက်သာသော
စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

မျက်နှာပြင်အကျယ် ၅လက်မခွဲရှိပြီး Android 4.2 Jellybean ကိုသုံးထားတဲ့ ဖုန်းတစ်လုံးပါ။

ဒေါ်လာ၁၇၉ လောက်နဲ့ အမေရိကထုတ် မျက်နှာပြင်ကျယ်ဖုန်းတစ်လုံးပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Quad-core 1.2 GHz Cortex-A7 CPU ဖြစ်ကာ ဆင်းကဒ်နှစ်ကဒ်ထည်းသုံးနိင်ပါတယ်။

တောက်ပတဲ့အရောင်ကာလာတွေနဲ့ ဆင်းကဒ်နှစ်ကဒ်ထည့်သုံးနိင်ခြင်းဟာ သင့်ကို တန်စေပါတယ်။

ဒီ ဘတ်ဂျက်ဟန်းဆက်ကိုစိတ်ဝင်စားရင်တော့ Amazon မှာ
ဝယ်ယူနိင်ပါတယ်။

Aung Heine ( www.smart.com.mm )
အမေရိကန်နိင်ငံ၊ ဖလော်ရီဒါပြည်နယ်အတွင်းရှိ မီယာမီ အခြေစိုက် ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ BLU ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဈေးနှုန်းသက်သာသော စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်းထပ်မံရောက်ရှိမည်

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်း ယခုလ ၂၇ရက်တွင် ရန်ကုန်မြို့သို့ ထပ်မံ ရောက်ရှိ လာမည်ဖြစ်ကြောင်း သိရ သည်။

နိုင်ငံတကာနှင့် အညီ ရင်ဘောင်တန်း နိုင်မည့် စွမ်းရည်များ ရရှိစေရန် အတွက် စင်္ကာပူနိုင်ငံရှိ ကျောင်းများသို့ လေ့လာရေး စေလွှတ် သွားရန်ရှိ

Photo: နိုင်ငံတကာနှင့် အညီ ရင်ဘောင်တန်း နိုင်မည့် စွမ်းရည်များ ရရှိစေရန် အတွက် စင်္ကာပူနိုင်ငံရှိ ကျောင်းများသို့ လေ့လာရေး စေလွှတ် သွားရန်ရှိ
Wednesday, December 18, 2013

မြန်မာနိုင်ငံရှိ ကျောင်းသားများ နိုင်ငံတာနှင့် အညီ ရင်ဘောင်တန်း နိုင်မယ့် စွမ်းရည်များ ရရှိစေဖို့ ရည်ရွယ်ပြီး Myanmar Search International (MSI)
မှ ကြီးမှူးကာ ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူ များကို စင်္ကာပူ နိုင်ငံရှိ ကျောင်းများသို့ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ အထိ သွားရောက်ကာ လေ့လာရေး ခရီးစဉ် အဖြစ် စေလွှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ ခရီးစဉ် မှာတော့ စင်္ကာပူ နိုင်ငံရဲ့ ပညာသင်ကြားမှု နည်းစနစ်များကို အသေးစိတ် လေ့လာနိုင်ပြီး နိုင်ငံတကာ ကျောင်းသားများ အတွက် ဗဟုသုတများ ရစေတဲ့ အတတ်ပညာရေး ဆိုင်ရာ ကစားနည်းများ ပါဝင်ထည့်သွင်း ထားတဲ့ အတွက် အင်္ဂလိပ်စာ တိုးတက်မှု စွမ်းရည်များ၊ တီထွင် ဖန်တီးနိုင်မှု စွမ်းရည်များ စတဲ့ အတတ်ပညာရေး ဆိုင်ရာ ကစားနည်းများကို ထည့်သွင်းထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခေါင်းဆောင်မှု စွမ်းရည်များ၊ ကျောင်းသားများ ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်မယ့် အကြောင်းအရာ ကိစ္စရပ်များ၊ လူမှု ဆက်ဆံရေး နည်းပညာများ အပြင် နိုင်ငံတကာနှင့် အညီ ရင်ဘောင် တန်းနိုင်မယ့် စွမ်းရည်များ ရရှိစေနိုင်ဖို့ ပြည်တွင်းမှ ကျောင်းသား လူငယ်များ အတွက် မရှိမဖြစ် လိုအပ်တဲ့ အစီအစဉ်များ ပါဝင်မှာ ဖြစ်တယ်လို့ သိပါတယ်။
 
အဆိုပါ စင်္ကာပူ နိုင်ငံရှိ ကျောင်းများသို့ သွားရောက် လေ့လာခြင်းကို လျှောက်ထား လိုတဲ့ သူတွေ အနေနဲ့ အသက် ၉ နှစ်နဲ့ ၁၈ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဖြစ်ရမှာဖြစ်ပြီး အတူ လိုက်ပါလိုတဲ့ မိဘများအား အထူးအစီအစဉ် အနေနဲ့ စီစဉ်ပေး သွားမှာဖြစ်ပြီး အသေးစိတ် သိရှိလို ပါက MSI ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၁၃၉၁၅ သို့ စုံစမ်း မေးမြန်း နိုင်တယ်လို့ သိရပါတယ်။

Mrtv-4
မြန်မာနိုင်ငံရှိ ကျောင်းသားများ နိုင်ငံတာနှင့် အညီ ရင်ဘောင်တန်း နိုင်မယ့် စွမ်းရည်များ ရရှိစေဖို့ ရည်ရွယ်ပြီး Myanmar Search International (MSI) မှ ကြီးမှူးကာ ပြည်တွင်းရှိ ကျောင်းသား ၊ ကျောင်း သူ များကို စင်္ကာပူ နိုင်ငံရှိ ကျောင်းများသို့ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ အထိ သွားရောက်ကာ လေ့လာရေး ခရီးစဉ် အဖြစ် စေလွှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ဆန္ဒ၊ အစိုးရဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ တပ်မတော်ဆန္ဒနှင့် အကောင်း ကြိုက်ကာလ

ရာဇဝင်သမိုင်းထဲမှာသာမက ဒီကနေ့ခေတ်ထိ လေးစားထိုက် သူတွေကို တွေ့နိုင်သလို ရွံရှာစက်ဆုပ်ဖွယ်လူညစ်တွေကို လည်း တွေ့နိုင် ပါသည်။

ပြစ်ဒဏ်ကျ ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံဟုဆို

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထိန်းသိမ်း အရေးယူ ခံရစဉ်တွင် တစ်ပါတည်း ဖမ်းဆီး အကျဉ်းကျခံရပြီး မလွတ်မြောက်သေး သည့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်၍ လွတ်ငြိမ်း ချမ်းသာခွင့်ပြုမည် ဆိုပါက လုံးဝလက်မခံမည် မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ထုတ်ပြန် ပြောကြားသည်။

KIA ၏ လူသစ်စုဆောင်းမှု ဒီဇင်ဘာဒုတိယပတ်အတွင်း အယောက်(၁၂၀)ကျော် အထိ ရှိလာ

Photo: KIA ၏ လူသစ်စုဆောင်းမှု ဒီဇင်ဘာဒုတိယပတ်အတွင်း အယောက်(၁၂၀)ကျော် အထိ ရှိလာ
Wednesday, December 18, 2013

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်က ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဒေသခံရှမ်းလူငယ်(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြန်ရာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း KIA ၏ လူသစ်စုဆောင်းခံရသော ဒေသခံရွာသားအ ယောက်(၁၂၀)ကျော်ရှိလာပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သရှိရသည်။

``မန်ဝိန်းကြီးနဲ့ မန်ဟွေရွာကြားက လမ်းဆုံမှာ ဖမ်းသွားတာတွေ့ပါတယ်။ 
ဆိုင်ကယ်ပေါ်မှာ မီးသွေးအိတ်တွေ တင်လာတဲ့ လူငယ်(၂)ဦးကို KIA က တားပြီး ဖမ်းတယ်။ ရှေ့ဆင့်နောက်ဆင့် ကျွန်တော်နဲ့အတူ ကြံခုတ် ပြန်လာတဲ့ ရှမ်းလူငယ်(၃)ဦးကို ထပ်ပြီး ဖမ်းပြန်တယ်။ ကျွန်တော်က တောတိုးနေလို့ လွတ်ခဲ့တာ´´ဟု ကြံခုတ် ပြန်လာစဉ် မျက်မြင်ကြုံတွေ့ခဲ့သော မန်ဝိန်းကြီးရွာသားတစ်ဦးက ပြောပြသည်။

တနိုင်းမြို့နယ် ပယင်းမှော်တွင်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့က KIA တပ်မဟာ(၂)၊ ရင်း(၁၄)မှ မှော်လုပ်သား (၁၀)ဦးခန့်အားလည်းကောင်း၊ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် နန်ဗျူတစ်ဝိုက်ရှိ ရွှေမှော်များမှ ဒေသခံ(၂၅)ဦးခန့် အားလည်းကောင်း လူသစ်အဖြစ် KIA တပ်ရင်း(၁၄)ဌာနချုပ်ဟောင်း ကောင်ဂျာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တနိုင်းမြို့ခံဈေးသည် တစ်ဦးဆီမှ သိရသည်။ 

``မန်စီတင်မကပါဘူး။ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးညှင်းဘက်တွေမှာလည်း KIA က လူသစ်တောက်လျှောက် စုနေ လို့ တရုတ်ဘက်ကို ထွက်ပြေးကုန်ကြပြီ၊ တစ်ချို့ကတော့ ရှမ်းပြည် နမ့်ခမ်းဘက်ကို သွားကြတယ်။ ပေးပို့လာ တဲ့စာရင်းအရဆိုရင် လူသစ်စုခံရတဲ့ ဒေသခံရွာသား(၁၂၀)ကျော်ရှိပါပြီ´´ဟု မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်နေ့တွင် မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင်တွင် စပါးရိတ်သိမ်းနေသော ရွာသား(၂၁)ဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား
(၂)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်းကျေးရွာများမှ သစ်ကယ်ရီသမား များနှင့် ဒေသခံတောင်သူ(၁၇)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင် စပါးရိတ်နေသော ရွာသား(၄)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ(၁၃) ရက်နေ့တွင် မန်စီမြို့နယ် ဟန်ထက်ကျေးရွာနှင့် မိုင်းခေါင်၊ ပန်ဆက်၊ တုံပလွေရွာများမှ ဒေသခံရွာသား(၃၀)ဦး အား လက်ပြန်ကြိုးတုပ်၍လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မိုးမောက်မြို့နယ် နန့်ဆိုင်းကျေးရွာမှ မောင်လရှီးနော်အပါအ၀င်(၈)ဦး၊ မန်စီမြို့နယ်နားလုံးနှင့် ကုန်ခမ်းရွာကြား ကြံခုတ်နေသော ရှမ်းလူငယ်(၄)ဦး အားလည်းကောင်း၊ ဖမ်းဆီးမှုအပါအ၀င် ဒီဇင်ဘာ(၁၅)ရက်နေ့အထိ KIA မှ လူသစ်စုဆောင်းသွားသော ဒေသခံရှမ်း၊ ဗမာ၊ ကချင်လူမျိုးရွာသားများမှာ စုစုပေါင်းဦးရေ(၁၂၀)ကျော်ရှိပြီဖြစ်ကြောင်း ယင်းအစိုးရရုံးမှ သိရှိ ရပါသည်။

ခွန်နော်
ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်က ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဒေသခံရှမ်းလူငယ်(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြန်ရာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း KIA ၏ လူသစ်စုဆောင်းခံရသော ဒေသခံ ရွာသားအ ယောက်(၁၂၀)ကျော်ရှိလာပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သရှိရသည်။

မြောက်ပိုင်းကျောင်းသားများသေဆုံးမှု ဖြေရှင်းချက်ပေးရန် အစီရင်ခံစာရေးနေပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်မှ မြောက်ပိုင်းတွင် ကျောင်းသားများ သေဆုံးမှုနှင့်ပတ် သက်၍ စစ်တမ်းပြန်လည်ကောက်ယူ မှုများ ပြုလုပ်ခဲ့ပြီး ကောက်ယူထားသည့် စစ်တမ်းများကို အတည် ပြုကာ အစီရင်ခံစာအဖြစ် စတင်ရေးသားမည်ဟု အစီခံစာရေးသားရန် တာဝန်ယူထားသူ ကိုကျော်ကျော် လင်းက မဇိ္ဈမသို့ ပြောသည်။

မန္တလေးတွင် ယာဉ်တိုက်မှုနှင့် မူးယစ်ဆေးဝါးမှု အများဆုံး ချမ်းအေးသာစံမြို့နယ်ဖြစ်

မန္တလေးမြို့၏ ဗဟိုကျသော မြို့နယ်တစ်ခုဖြစ်သည့် ချမ်းအေးသာစံမြို့နယ်သည် သက်ဆိုင်ရာဌာနများ ၏ စစ်တမ်းများအရ အခြားမြို့နယ် ခြောက်ခုထက် ယာဉ်တိုက်မှုဖြစ်ပွားနှုန်းနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရ ရှိမှု အများဆုံးဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ပြောကြားလိုက်သည်။

ကေအိုင်အေ၏ အနိုင်ကျင့်မှုကို ခံနေရသော ရှမ်းမျိုးနွယ်စုများ

Photo: ကေအိုင်အေ၏ အနိုင်ကျင့်မှုကို ခံနေရသော ရှမ်းမျိုးနွယ်စုများ
Wednesday, December 18, 2013

ယနေ့ သတင်းမီဒီယာဝက်ဆိုဒ် တော်တော်များများမှာ KIAအဖွဲ့မှ ကချင်ပြည် နယ်အတွင်းမှာရှိသော ရှမ်းမျိုးနွယ်စု များအပေါ် ကာယကံရှင် ဆန္ဒမပါဘဲ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ၊ ဆက်ကြေး ကောက်ခံမှုများ အား နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။ ကချင်ပြည်နယ်သည် ၁၉၄၈ခုနှစ် မတိုင်မီက မြေပြန့်တောင်ပေါ် ခွဲခြားအုပ်ချုပ်ခဲ့သော်လည်း လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ကချင်ပြည်နယ် သတ်မှတ် သည့်အချိန်တွင် ရှမ်းနယ်မြေ များစွာ ပါဝင်သွားခဲ့ပါတယ်။ ကချင်ပြည်နယ်ကို အဓိက ခရိုင်ကြီး(၄)ခုဖြင့် ဖွဲ့စည်းထားပြီး ခရိုင်(၄)မြို့၏ အမည်များဟာ ရှမ်းနာမည်များသာ ဖြစ်ပါတယ်။

KIA ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း ရှမ်းရွာများတွင် KIA ဆက်ကြေး ကောက်မခံရသော ၊ လူသစ်စုဆောင်းခြင်း မခံရသော၊ အသတ် မခံရသော ကျေးရွာများမှာ မရှိသလောက်ပင် ဖြစ်ပါတယ်။ဒီဒုက္ခတွေကို ကျနော်တို့ ရှမ်းလူမျိုးတွေ ခံစားလာရတာဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ခံစားလာခဲ့ရတာပါ။ KIA၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံစားခဲ့ရပေမယ့် ဒေသခံများမှာ အသက်အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်ခဲ့သည့်အတွက် မည်သည့်အဖွဲ့အစည်းကိုမှ တင်ပြတိုင်တန်း ခဲ့ခြင်း မရှိခဲ့ပါဘူး။ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်မီ အစိုးရနှင့်တိုက်ပွဲများ ဖြစ်နေသောကာလတွင်လည်း KIAအဖွဲ့များမှာ လမ်းတံတားများ ဖျက်ဆီးခြင်း ၊ လူသစ်စုဆောင်းခြင်း ၊ မိုင်းထောင်ဖောက်ခွဲခြင်းစတဲ့ လုပ်ရပ်တွေကို ပြုလုပ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုတွေ များစွာ ကြုံတွေ့ခဲ့ရပါတယ်။ KIAရဲ့ လုပ်ရပ်တွေကို မနှစ်မြိုပေမယ့် ထိုအချိန်ကတည်း က ကြောက်ရွံခဲ့ရ၍သာ ငြိမ်ခံနေခဲရတာပါ။

ယခုလို တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်ဆဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပြီးသည့် နောက်ပိုင်းကာလတွင် ဒီဒုက္ခတွေကို ပိုမိုပြီး သိသိသာသာ ခံစားလာရပါတယ်။KIAဟာ ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မဟုတ်ပေမယ့် ကိုယ့်ပြည်နယ် ဒေသအတွင်းမှာရှိသော ၄င်းတို့၏ မျိုးနွယ်စုများမှလွဲ၍ တခြားမျိုးနွယ်စု များအပေါ်တွင် တစ်နေ့ထက်တစ်နေ့ ထင်ထင်ပေါ်ပေါ် လူသစ်စုမှုများ၊ ဆက်ကြေး ကောက်မှုများ ပြုလုပ်လာတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိသော ရှမ်းနီပါတီနှင့် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့များမှ ကေအိုင်အေအဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း မပြုရန် မေတ္တာရပ်ခံထားသောလည်း ကေအိုင်အေ အဖွဲ့က ရှမ်းရွာသားများ အား ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေပါတယ်။ ကေအိုင်အေအဖွဲ့က ယခုလဆန်းပိုင်းကစပြိး တပ်သားသစ် စုဆောင်းနေမှုများဟာ ယနေ့တိုင်ပင် ဖြစ်ပြီး အများစုမှာ ရှမ်းရွာသားပဲ ဖြစ်ပါတယ်။KIAရဲ့ လူသစ်စုဆောင်မှု များ တွင် အသက်မပြည့် သေးသူများလည်း အများအပြား ပါဝင်နေပါတယ်။ ယခုဆိုလျင် ရွာထဲတွင်သာ လာရောက် စုဆောင်းခြင်း မဟုတ်တော့ဘဲ လုပ်ငန်းခွင်များထဲအထိပါ လာရောက်ပြီး အတင်းအဓမ္မ စုဆောင်းခြင်း ပြုလုပ်လာပါတယ်။ဒီနှစ် ဒီဇင်ဘာလအတွင်းတွင် ကေအိုင်အေကနေ ဖမ်းဆီးထားတာ အယောက်(၁၀၀)ကျော် ရှိနေပါပြီ။ ထွက်ပြေးလွတ်မြောက် လာသူများကိုလည်း ကေအိုင်အေ က တဖန်ပြန်လည်ဖမ်းဆီးပါတယ်။

ကေအိုင်အေမှ အခုလိုလုပ်ရပ်များ ပြုလုပ်နေခြင်းဟာ ငြိမ်းချမ်းရေးကို မလိုလားဘဲ “၀”တွေလို ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင် ပဌာန်းခွင့်ရယူလို၍ ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေက “၀”အထူးဒေသမှာဆိုရင်လည်း “၀”တပ်တွေရဲ့ ဆက်ကြေးကောက်ခံခြင်း ၊ လူသစ်စုဆောင်းခြင်း တွေကို ခံရပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာဖြစ်ဖြစ် ကျနော်တို့ ရှမ်းမျိုးနွယ်စုတွေဟာ အခံဘက်ကပဲ ဖြစ်နေပါတယ်။သို့ဖြစ်ပါ၍ ကျနော်တို့ ရှမ်းမျိုးနွယ်စုများဘက်မှ တာဝန်ရှိသူများက မျှမျှတတဖြစ်အောင် ပြုလုပ်ပေးစေလိုပါတယ်။ အကယ်၍ ထိုသိုမျှတမှုရရှိအောင် တာဝန်ရှိသူများမှ ပြုလုပ်ပေးခြင်း မရှိလျင် လက်နက် ကိုင်ပြီး တိုက်ခိုက်ရုံမျှလွဲပြီး တခြားနည်းဖြင့် တရားမျတမှုကို ရရှိနိုင်တော့မည် မဟုတ်ပါကြောင်း ပြောကြားလိုက်ချင်ပါတော့သည်။

စိုင်းအိုက်ပီး
ယနေ့ သတင်းမီဒီယာဝက်ဆိုဒ် တော်တော်များများမှာ KIAအဖွဲ့မှ ကချင်ပြည် နယ်အတွင်းမှာရှိသော ရှမ်းမျိုးနွယ်စု များအပေါ် ကာယကံရှင် ဆန္ဒမပါဘဲ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ၊ ဆက်ကြေး ကောက်ခံမှုများ အား နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဇန်နဝါရီလတွင် ကျင်းပမည်

အာဆီယံဥက္ကဋ္ဌတာဝန်လွှဲပြောင်းရယူထားသော မြန်မာနိုင်ငံတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ များမှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပုဂံမြို့ရှိ အော်ရီယမ်ပဲလေ့စ် ဟိုတယ်၌ ပြုလုပ်မည် ဖြစ်ကြောင်း အာဆီယံရေးရာ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။