Thursday 19 December 2013

တရုတ်သို့ ရာသီချိန် သွားရောက်သော လုပ်သားများ လူကုန်ကူးခံရဟုဆို

တရုတ် နိုင်ငံသို့ မြန်မာနိုင်ငံမှ သွားရောက် လုပ်ကိုင်သော ရာသီချိန်လုပ်သား များမှာ လူကုန်ကူးခံရခြင်း၊ လူ မှောင်ခိုလုပ်ခြင်းများခံကြရကြောင်း ရတနာမြေဖွံ့ဖြိုးရေးအသင်းမှ ဦးဇော်မြင့်ထွန်းက ပြောသည်။
နှစ်စဉ် တရုတ်နိုင်ငံသို့ ရာ သီချိန်လုပ်သားများအဖြစ် မြန်မာ နိုင်ငံမှ လုပ်သား ၂၀၀၀ဝ ခန့်သည် ဆောက် လုပ်ရေး လုပ်ငန်းခွင်၊ ကုန် တင်ကုန်ချ၊ စိုက်ပျိုးရေး၊ စား သောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်နှင့် သကြားစက်ရုံ၊ ကာရာအိုကေ ခန်းမနှင့် ကလပ်များတွင်လုပ် ကိုင်လေ့ရှိကြပြီး ယင်းမှတစ်ဆင့် လူကုန်ကူးခံရခြင်းများ ကြုံတွေ့ ရကြောင်း ပြောသည်။

ဦးဇော်မြင့်ထွန်းက ''စပါး စိုက်တဲ့ ရာသီကုန်ပြီဆိုရင် အပူ ပိုင်းဒေသဖြစ် တဲ့ မြင်းခြံ၊ နွားထိုး ကြီး၊ တောင် သာ၊ ကျောက်ဆည်၊ စစ်ကိုင်းနဲ့မုံရွာေ တွက ဖေဖော်ဝါရီ မှ ဇွန်လအတွင်း သွားရောက်ကြ တယ်။

ရာသီကုန်ပြီဆိုတာနဲ့ပြန် လာကြတယ်။ အဲဒီမှာအမျိုးသ မီးတွေကတော့ တရုတ်အမျိုးသား တွေအတွက် မိန်းမ အဖြစ်ရောင်း စားခံရတာများတယ်''ဟုပြောသည်။

ယင်းကဆက်လက်ပြီး အ ဆိုပါလုပ်ကိုင်ကြသော လုပ်သားများမှာ ရာသီဥတုဖောက်ပြန်မှု ကြောင့် လုပ် ကိုင်ကြခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် မြန်မာ နိုင်ငံ၌ လုပ်ကိုင်စားသောက်ရန် ဝင်ငွေ နည်းပါးခြင်းကြော င့်ဖြစ် ကြောင်း သိရသည်။

''သူတို့တွေက နယ်စပ်မြို့ တွေဖြစ်တဲ့ ကြယ်ဂေါင်နဲ့ ရွှေလီ မြို့တွေကို သွားကြတာဖြစ်ပြီး ပြည်မကြီးကို ဝင်ရောက်လုပ်ကိုင် တာမျိုးဖြစ်တဲ့အတွက် တရုတ် အစိုးရဘက်က အကူအညီပေး တာမျိုးမရှိပါဘူး။ တကယ်လို့ လုပ်သားက ရဲနဲ့တွေ့တော့မှ ဒီ ဘက်ကိုပြန်ပို့တော့မှ သိရတာတွေ ဖြစ် တယ်။ ဟိုဘက် မှာမြန်မာ လူမျိုး ဘယ်လောက် များများ ရောက် ပြီး ဘယ်လောက်အခွင့်အရေး ချိုးဖောက်ခံရ တာ လဲ မသိ နိုင် ဘူး။ အဲဒါနဲ့ပတ်သက်လို့ သုတေသန လုပ်တဲ့ အဖွဲ့တွေမရှိသေးလို့ဖြစ် တယ်''ဟု ထပ်မံပြောသည်။

မြန်မာအမျိုးသမီးများ အ ဓိက ကုန်ကူးခံရခြင်းမှာ တရုတ် နိုင်ငံဥပဒေအရ ကလေးမွေးပေး ရန်အတွက် ဝယ်ကြခြင်းဖြစ်ပြီး အသက်အရွယ်အားဖြင့် ၅ဝကျော် နီးပါးခန့်အထိ လူကုန်ကူးခံရ ကြောင်း သိရသည်။

စိုင်းဟန်
Yangon Media Group

No comments:

Post a Comment