ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအပါအ၀င်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ရေးဆွဲရန် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ရက်အထိ လေးရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုဒေးဗစ်တာကပေါက ပြောသည်။
Friday, 2 August 2013
အခွန်ရှောင်ကာ အခွန်ကြေညာလွှာ မတင်သည့် ကုမ္ပဏီများအား ၀င်ငွေခွန်ဥပဒေအရ အရေးယူတော့မည်
ဝင်ငွေခွန် ကြေညာလွှာမတင်ဘဲ ပျက်ကွက်နေသည့် ကုမ္ပဏီများအား ၀င်ငွေခွန်ဥပဒေအရအရေးယူ ရန် ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင် က ပြော ကြားသည်။
Thursday, 1 August 2013
ရန်ကုန်တွင် အလိုအလျောက်အမှိုက်သိမ်းယာဉ် များဖြင့် သန့်ရှင်းရေး လုပ်မည်
ရန်ကုန်မြို့တော်ရှိ သန့်ရှင်းရေးလုပ်ငန်း များနှင့် စွန့်ပစ်အမှိုက်များ
သိမ်းဆည်းခြင်းကို အမေရိကန်နိုင်ငံ ထုတ် အလိုအလျောက် အမှိုက်သိမ်း
ယာဉ်များဖြင့် ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှဌာနမှူး
ဦးသန်းလွင်ဦး က ပြောကြားသည်။
ကျောက်ဖြူကို နေ့စဉ်ဓာတ်ငွေ့ကုဗပေ သန်း၂၀ အစိုးရမှ ခွဲတမ်းပေး
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ကူမင်းသို့သွယ်တန်းသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ သယ်ပို့မည့် ဓာတ်ငွေ့များအနက်မှ ကုဗပေ သန်း၂၀ကို ကျောက်ဖြူမြို့တွင်အသုံးပြုရန် အစိုးရက ခွဲတမ်း ချ ထားပေးကြောင်း ဇူလိုင် ၃၀ ရက် ထုတ် နိုင်ငံပိုင် သတင်း စာတွင် ဖော်ပြထားသည်။
တနင်္သာရီတွင်လည်း ရေကြီးနေ
တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းနေ ခြင်းကြောင့် တနင်္သာရီ မြို့ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ တနင်္သာရီ အထကကျောင်းဝင်းတို့အတွင်း ရေ သုံးပေခွဲမှသည် တစ်ပေခွဲ အထိ မြင့်တက်လျက် ရှိနေသည်။
မြောက်ဦးတွင် ဆရာဝန်အိမ်ကို ဝင်ခိုးသည့်အမှု နာရီပိုင်းအတွင်း ရဲက ဖော်ထုတ်နိုင်
စစ်တွေ (မဇ္ဈိမ)။ ။ မြောက်ဦးမြို့၊ ဆေးရုံဝင်းအတွင်း နေထိုင်သော
ဆရာဝန်တဦး၏ နေအိမ်ကို ဝင်ခိုး သည့် အမှုအား ရဲတပ်ဖွဲ့က ၁ နာရီအတွင်း
သံသယရှိသူအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း မြို့မရဲစခန်းမှတဆင့် သတင်းရရှိသည်။
နယ်စပ်ကနေ နိုင်ငံခြားသားတွေ မြန်မာပြည်ထဲ အလည်သွားလို့ရပြီ
| ယမန်နှစ်က မြ၀တီ-မဲဆောက် နယ်စပ်ဂိတ် မြင်ကွင်းတခု၊ ဓာတ်ပုံ- အိမ့်သံစဉ်/ဧရာဝတီ |
ထိုင်း-မြန်မာနယ်စပ် တံခါးပေါက်တွေကနေ ထိုင်းနိုင်ငံသားအပါအ၀င် အခြားနိုင်ငံခြားသားတွေအနေနဲ့ မြန် မာပြည်ကို ၀င် ရောက်လည်ပတ်ခွင့် ရှိပါပြီ။
နိုင်ငံတော် သမ္မတရဲ့ သြဂုတ် ၁ ရက်နေ့ ရေဒီယို မိန့်ခွန်း

သမ္မတ ဦးသိန်းစိန်က မကြာခဏ ရေဒီယို၊ ရုပ်မြင်သံကြာတို့ကနေ အခါအားလျော်စွ မိန့်ခွန်း ပြောလေ့ရှိပါ တယ်။ ဒါဟာ အရင် စစ်အစိုးရများ မလုပ်ခဲ့ဖူးသေးတဲ့ ထူးခြားတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးခွဲ မြန်မာတွင် ဖွင့်ရန် ဆွေးနွေး
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂတို့ ဆွေးနွေးမှုများ ပြု လုပ်နေကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
အမေရိကန်၌ အစ္စရေးနှင့် ပါလက်စတိုင်းတို့ ဆွေးနွေးပွဲကျင်းပ
အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ဇူလိုင်၂၉ ရက် မွန်းလွဲပိုင်းက စတင်ကျင်းပကြောင်း အမေရိကန် အရာရှိများက သတင်းထုတ်ပြန်သည်။
မအောင်မြင်သည့် ကြားဖြတ်ဒုံးကျည်စနစ် အမေရိကန်နိုင်ငံ ဒေါ်လာ ၂၅၀ ဘီလီယံ ဆုံးရှုံး
အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေး စနစ်တွင် နှစ် ၃ဝ ကြာ သုတေသနပြု၍ တီထွင်ခဲ့သော ကြားဖြတ် ဒုံးကျည် စနစ်တစ်ရပ်ကို မကြာသေးမီက စမ်းသပ်စစ်ဆေးခဲ့ရာ ပစ်မှတ်လွဲချော်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၂၅ဝ ဘီလီယံခန့် စိုက်ထုတ်ထားရသည့် စီမံကိန်းတစ်ခုလုံး အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဆုံးရှုံးရကြောင်း ပရက်စ်တီဗွီက ဇူလိုင် ၃၁ ရက်တွင် ဖော်ပြသည်။
ကမ္ဘောဒီးယားတွင် တင့်ကားဖျက် မိုင်းဗုံးဟောင်းပေါက်ကွဲ
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း အော့ဒိုးဖီးန်ချီပြည်နယ်တွင် သစ်တိုက်လာသော ကျွဲတပ် လှည်းတစ်စီးက တင့်ကားဖျက် မိုင်းဗုံးဟောင်း တစ်လုံးအပေါ် ဖြတ်သန်းမောင်းနှင် မိရာမှ ပေါက်ကွဲ မှုဖြစ်ပွားရာ လှည်းပေါ်တွင် လိုက်ပါလာသော ဖခင်ဖြစ်သူနှင့် ၄င်း၏ ကလေးနှစ်ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း မိုင်းရှင်းလင်းရေးဌာန အကြီးအကဲက ဇူလိုင် ၃၁ ရက်တွင် အတည်ပြု ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ကိုးလအတွင်း သဘောတူညီချက်ရရန် မျှော်မှန်း
ရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကိုးလအတွင်း သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြ မည်ဖြစ်ကြောင်း အစ္စရေးနှင့် ပါလက် စတိုင်း စေ့စပ်ဆွေးနွေးရေး
ယာဉ်နံပါတ် အင်္ဂလိပ်အက္ခရာ အသစ်တစ်ခုထွက်ရှိ
အသစ်ရောက်ရှိလာသော မော်တော်ယာဉ်များကို မူသေအမှတ် သတ်မှတ်ရာတွင် 5F/1001 ပေါင်းခြင်း ၁ဝ နှင့် ၁၃ မပါ သတ်မှတ်ပေးလျက်ရှိကြောင်း မော်တော်ယာဉ် ကနဦး မှတ်ပုံတင်ဌာနမှ စုံစမ်းသိရသည်။
ထိုင်းကျောက်မျက်ပြပွဲသို့ မြန်မာကျောက်မျက်အသင်းသားများ ပထမဆုံး သွားရောက်ပြသမည်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် (၅၂)ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲ သို့ မြန်မာနိုင် ငံ ကျောက်မျက် ရတနာအသင်းမှ အသင်းသားများက ပထမဆုံး သွားရောက်ပြသမည်ဖြစ်ကြောင်း
ယာဉ်အရောင်းပြခန်းတွင် ၂၀၁၂ မော်ဒယ်လ်များ ရောင်းခွင့်ပြုရန် စီစဉ်
မော်တော်ယာဉ် အရောင်းပြခန်းများ ၂၀၁၂ ခုနှစ် မော်ဒယ်လ်ယာဉ်များကို ဝယ်ယူသူ အမည်ပေါက်ဖြင့် တရားဝင် ရောင်းချခွင့်ပြုရန် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက စီစဉ်နေကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သည် လုပ်ငန်းရှင်များအသင်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အသံတိတ် သံချပ်ကာယာဉ် ရုရှားထုတ်လုပ်

ရုရှားနိုင်ငံမှ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ၄င်း၏ စွမ်းအင်နှစ်မျိုးသုံး အသံတိတ် သံချပ်ကာယာဉ် APC ကိုထုတ်လုပ်ခဲ့ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူ ဆာဂျီဆူဗိုရော့ဗ်က ယမန်နေ့က ပြောကြားခဲ့သည်။
" လှိုင်သာယာ စက်မှုဇုန် လျှပ်စစ်ပေးရေး ဒေါ်လာသန်း ၁ဝဝ မြှုပ်နှံကာ ၈ လအတွင်း အကောင် အထည်ဖော် မည်"

ဒေါ်လာသန်း ၁ဝဝ ရင်းနှီးမြှုပ်နှံ ကာ လှိုင်သာယာ စက်မှုဇုန်ကို လျှပ်စစ် မီးပေးနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ် ကြောင်း အဆိုပါစက်မှုဇုန်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် လျှပ် စစ်ထုတ်လုပ်ရန် စိတ်ဝင်စားသော ပြည် တွင်းကုမ္ပဏီများပူးပေါင်းကာ အထက်ပါ အစီအစဉ်ကို ရှစ်လအတွင်း အကောင်အ ထည်ဖော်သွားမည်ဟု ၎င်းကပြောသည်။
တကယ့် နည်းပညာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ မှာတောင် ပရင့်မီဒီယာ က ပျောက် သွားတာ မှ မဟုတ်တာ အတူယှဉ်တွဲ ရှိနေတာပဲ

► မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တွေ့ဆုံခြင်း
အီဂျစ်နိုင်ငံရေး တင်းမာမှုနှင့် ဆန္ဒပြသူ များ၏ အကြမ်းဖက် မှုများ အထွတ် ထိပ် သို့ရောက်
စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေးတင်းမာမှုများ အဆမတန် မြင့်တက်လျက် ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက် ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြ သည်။
Subscribe to:
Posts (Atom)