Thursday 1 August 2013

ကမ္ဘောဒီးယားတွင် တင့်ကားဖျက် မိုင်းဗုံးဟောင်းပေါက်ကွဲ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း အော့ဒိုးဖီးန်ချီပြည်နယ်တွင် သစ်တိုက်လာသော ကျွဲတပ် လှည်းတစ်စီးက တင့်ကားဖျက် မိုင်းဗုံးဟောင်း တစ်လုံးအပေါ် ဖြတ်သန်းမောင်းနှင် မိရာမှ ပေါက်ကွဲ မှုဖြစ်ပွားရာ လှည်းပေါ်တွင် လိုက်ပါလာသော ဖခင်ဖြစ်သူနှင့် ၄င်း၏ ကလေးနှစ်ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း မိုင်းရှင်းလင်းရေးဌာန အကြီးအကဲက ဇူလိုင် ၃၁ ရက်တွင် အတည်ပြု ပြောကြားသည်။

ဇူလိုင် ၃ဝ ရက် မွန်းလွဲပိုင်းက ကရာပိန်းပရာဆတ်ခရိုင်ရှိ တောအုပ် တစ်ခုတွင် သစ်တိုက်လာသော ကျွဲလှည်းက တင့်ကားဖျက် မိုင်းဗုံးဟောင်း အပေါ်သို့ ဖြတ်နင်း မိခြင်းဖြစ်ကြောင်း၊ အဆို ပါ တောအုပ်မှ ခုတ်ယူသော သစ်များဖြင့် နေအိမ်တစ်လုံး ဆောက်လုပ်နိုင်ရန် သစ်တိုက်လာသည့် သားဖသုံးဦး မိုင်းပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးရခြင်းဖြစ်ကြောင်း မိုင်းရှင်းလင်းရေးဌာန အကြီးအကဲ ဟန်းရာတာနာက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။ သေဆုံးသူများမှာ အသက်(၄၅)နှစ် အရွယ်ရှိ ဖခင်၊ အသက် (၁၃)နှစ် အရွယ်ရှိ သားနှင့် အသက်(၁၂)နှစ် အရွယ်ရှိ သမီးတစ်ဦးတို့ဖြစ်ကြောင်း၊ ယင်းတောအုပ်သည် ယခင်က စစ်မြေပြင်ဟောင်း တစ်ခုဖြစ်ခဲ့ပြီး လက်ကျန်ဗုံးများအား ယခုအချိန်အထိ မရှင်းလင်းရသေးကြောင်း ၄င်းက ပြောကြားသည်။ (ဆင်ဟွာ)

Khit Lu Nge

No comments:

Post a Comment