Thursday 1 August 2013

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ကိုးလအတွင်း သဘောတူညီချက်ရရန် မျှော်မှန်း

ရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကိုးလအတွင်း သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြ မည်ဖြစ်ကြောင်း အစ္စရေးနှင့် ပါလက် စတိုင်း စေ့စပ်ဆွေးနွေးရေး
မှူးများက ဇူလိုင် ၃၁ ရက်တွင် ပြောကြားကြသည်။ သုံးနှစ်ကြာ ရပ်ဆိုင်းနေခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်၌ ပြန်လည် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်အတူ အစ္စရေးနှင့် ပါလက်စတိုင်း စေ့စပ်ဆွေးနွေးရေးမှူး များ ဆွေးနွေးခဲ့ကြသည်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို လာမည့် ရက်သတ္တနှစ်ပတ် အတွင်း အစ္စရေး သို့မဟုတ် ပါလက်စတိုင်း နယ်မြေတွင် ကျင်းပရန် နှစ်ဖက်သဘောတူညီကြကြောင်း ဂျွန်ကယ်ရီက ပြောကြားသည်။ (စီအင်န်အေ)

Khit Lu Nge

No comments:

Post a Comment