Thursday 1 August 2013

ယာဉ်နံပါတ် အင်္ဂလိပ်အက္ခရာ အသစ်တစ်ခုထွက်ရှိ

အသစ်ရောက်ရှိလာသော မော်တော်ယာဉ်များကို မူသေအမှတ် သတ်မှတ်ရာတွင် 5F/1001 ပေါင်းခြင်း ၁ဝ နှင့် ၁၃ မပါ သတ်မှတ်ပေးလျက်ရှိကြောင်း မော်တော်ယာဉ် ကနဦး မှတ်ပုံတင်ဌာနမှ စုံစမ်းသိရသည်။

 ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို ယာဉ်နံပါတ် ၄စ/၈ဝဝဝ မှစ၍ အင်္ဂလိပ်အက္ခရာ 4F/8000 အဖြစ် သတ်မှတ်ပြောင်းလဲခဲ့ပြီး ယခုနောက်ဆုံးနံပါတ် 4F/9999 ကုန်ဆုံးသွားပြီဖြစ်သောကြောင့် မူသေနံပါတ် 5F/1001 စတင်ထုတ်ပေးခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ထုတ်ပေးသည့်နေ့တွင် အိမ်စီးယာဉ် ၁၆၈ စီး၊ ကုန်တင်ယာဉ် ၁ဝ စီး၊ ခရီးသည်တင်ဘတ်စ် နှစ်စီး စုစုပေါင်းအစီး ၁၈ဝ ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနက မှတ်ပုံတင် နံပါတ်များကို နံပါတ် 1001 မှ အက္ခရာသစ်နံပါတ်အဖြစ် ထုတ်ပေးပြီး စိတ်ကြိုက်နံပါတ် ထုတ်ယူလိုပါက သတ်မှတ်ထားသော စနစ်အတိုင်း နိုင်ငံတော်ဘဏ္ဍာသို့ ငွေပေးသွင်းကာ သတ် မှတ်ပေးခြင်း မရှိသော နံပါတ်ဂဏန်း ပေါင်းခြင်း ၁ဝ၊ ၁၃ ရယူလိုပါက ကျော်လွန် သွားသော အမှတ် ပေးသွင်းရမည် ဖြစ်ကြောင်းနှင့် ကြိုတင်တောင်းဆိုထားသော နံပါတ်ကို သတ်မှတ်နှုန်းထား အတိုင်း ပေးသွင်းရယူနိုင်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာတွင် ဖော်ပြထားပါသည်။

 Khit Lu Nge

No comments:

Post a Comment