Thursday 1 August 2013

" လှိုင်သာယာ စက်မှုဇုန် လျှပ်စစ်ပေးရေး ဒေါ်လာသန်း ၁ဝဝ မြှုပ်နှံကာ ၈ လအတွင်း အကောင် အထည်ဖော် မည်"

Photo: " လှိုင်သာယာစက်မှုဇုန် လျှပ်စစ်ပေးရေး ဒေါ်လာသန်း ၁ဝဝ မြှုပ်နှံကာ
၈ လအတွင်းအကောင်အထည်ဖော်မည်"
Thursday, 01 August 2013

ဒေါ်လာသန်း ၁ဝဝ ရင်းနှီးမြှုပ်နှံ ကာ လှိုင်သာယာ စက်မှုဇုန်ကို လျှပ်စစ် မီးပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း အဆိုပါစက်မှုဇုန်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် လျှပ် စစ်ထုတ်လုပ်ရန် စိတ်ဝင်စားသော ပြည် တွင်းကုမ္ပဏီများပူးပေါင်းကာ အထက်ပါ အစီအစဉ်ကို ရှစ်လအတွင်း အကောင်အ ထည်ဖော်သွားမည်ဟု ၎င်းကပြောသည်။

လျှပ်စစ်ထုတ်လုပ်ရန် သန့်စင်သော လောင်စာ ဆီဖြင့် ဆောင်ရွက်သွားမည်
 ဖြစ်ပြီး တစ်ယူနစ်လျှင် ကျပ် ၁၅ဝ ခန့် ကျမည်ဖြစ်ကြောင်း၊ အများပိုင်
ကုမ္ပဏီ ပုံစံမျိုးဖွဲ့စည်း ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ် သက်၍ Fuel Oil နဲ့ လုပ်မှာ။ လော လော
ဆယ်တော့ ပြည်တွင်းလုပ်ငန်းရှင် တွေနဲ့ပဲလုပ်မယ်'' ဟု၎င်းက ပြောသည်။ လက်ရှိတွင် ဟီတာချီ၊ ဒေဝူး၊ တိုရှီ ဘာစသည့် နိုင်ငံခြား ကုမ္ပဏီများက
လျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးမှုများရှိပြီး ဖက်စပ် ပုံစံမျိုး လုပ်ဆောင်ရန် ကမ်းလှမ်းလာ ကြောင်း၊ သို့သော်လည်း
 နိုင်ငံခြားကုမ္ပ ဏီများထက် ပြည်တွင်းကုမ္ပဏီများနှင့် ဦးစွာ ပူးပေါင်း
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

''သုံးနှစ်လောက် စောင့်ပြီး Gas တွေ၊ ဘာတွေရတယ်ဆိုရင်တော့ Gas နဲ့
လုပ်မှာပေါ့။ ခုကတော့ Fuel Oil နဲ့ပဲ အရင်လုပ်မှာပါ'' ဟု ၎င်းက ပြော
သည်။ရေအားနည်းသော အချိန်များတွင် လျှပ်စစ်မီးရချိန်နည်းသောကြောင့် စက် မှုဇုန် လုပ်ငန်းရှင်များသည် လျှပ်စစ်ရရှိ ရေးအတွက် ကိုယ်ထူကိုယ်ထ လုပ် ဆောင်ရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်။ 

လှိုင်သာယာစက်မှုဇုန်ကိုလည်း ၂ဝ၁၄ မတ်လအတွင်း လျှပ်စစ်မီးပေး နိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ရေရရှိမှုများလာ သောကြောင့် ဇူလိုင် ၂ဝ မှစ၍ မီးပေး ချိန် တိုးမြှင့်လိုက်ကြောင်း ၊ညနေ ၅ နာ ရီမှ ည ၁၁ နာရီအထိသာ သုံးစွဲခွင့် ပိတ်ပြီး ကျန် ၁၈ နာရီကို မီးသုံးစွဲခွင့် ပြုထားသောကြောင့် လုပ်ငန်းရှင်များ အတွက် အထိုက်အလျောက် အဆင်ပြေ လာကြောင်း ၎င်းကပြောသည်။

Popular Myanmar News Journal
ဒေါ်လာသန်း ၁ဝဝ ရင်းနှီးမြှုပ်နှံ ကာ လှိုင်သာယာ စက်မှုဇုန်ကို လျှပ်စစ် မီးပေးနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ် ကြောင်း အဆိုပါစက်မှုဇုန်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် လျှပ် စစ်ထုတ်လုပ်ရန် စိတ်ဝင်စားသော ပြည် တွင်းကုမ္ပဏီများပူးပေါင်းကာ အထက်ပါ အစီအစဉ်ကို ရှစ်လအတွင်း အကောင်အ ထည်ဖော်သွားမည်ဟု ၎င်းကပြောသည်။
လျှပ်စစ်ထုတ်လုပ်ရန် သန့်စင်သော လောင်စာ ဆီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ယူနစ်လျှင် ကျပ် ၁၅ဝ ခန့် ကျမည်ဖြစ်ကြောင်း၊ အများပိုင်ကုမ္ပဏီ ပုံစံမျိုးဖွဲ့စည်း ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ထုတ်လုပ်ရေးနှင့်ပတ်သက်၍ Fuel Oil နဲ့ လုပ်မှာ။ လောလောဆယ်တော့ ပြည်တွင်းလုပ်ငန်း ရှင် တွေနဲ့ပဲလုပ်မယ်'' ဟု၎င်းက ပြောသည်။ လက်ရှိတွင် ဟီတာချီ၊ ဒေဝူး၊ တိုရှီ ဘာစသည့် နိုင်ငံခြား ကုမ္ပဏီများက လျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးမှုများရှိပြီး ဖက်စပ် ပုံစံမျိုး လုပ်ဆောင်ရန် ကမ်းလှမ်းလာ ကြောင်း၊ သို့သော်လည်း နိုင်ငံခြားကုမ္ပဏီများထက် ပြည်တွင်း ကုမ္ပဏီ များနှင့် ဦးစွာ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

''သုံးနှစ်လောက် စောင့်ပြီး Gas တွေ၊ ဘာတွေရတယ်ဆိုရင်တော့ Gas နဲ့ လုပ်မှာပေါ့။ ခုကတော့ Fuel Oil နဲ့ပဲ အရင်လုပ်မှာပါ'' ဟု ၎င်းက ပြောသည်။ရေအားနည်းသော အချိန်များတွင် လျှပ်စစ်မီးရချိန် နည်းသောကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များသည် လျှပ်စစ်ရရှိရေးအတွက် ကိုယ်ထူကိုယ်ထ လုပ် ဆောင် ရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်။

လှိုင်သာယာစက်မှုဇုန်ကိုလည်း ၂ဝ၁၄ မတ်လအတွင်း လျှပ်စစ်မီးပေးနိုင်ရန် ကြိုးစားနေကြောင်း ၎င်း က ပြောသည်။

လက်ရှိတွင် ရေရရှိမှုများလာ သောကြောင့် ဇူလိုင် ၂ဝ မှစ၍ မီးပေး ချိန် တိုးမြှင့်လိုက်ကြောင်း ၊ညနေ ၅ နာ ရီမှ ည ၁၁ နာရီအထိသာ သုံးစွဲခွင့် ပိတ်ပြီး ကျန် ၁၈ နာရီကို မီးသုံးစွဲခွင့် ပြုထားသောကြောင့် လုပ်ငန်းရှင် များ အတွက် အထိုက်အလျောက် အဆင်ပြေ လာကြောင်း ၎င်းကပြောသည်။
Popular Myanmar News Journal

No comments:

Post a Comment