Thursday 1 August 2013

ထိုင်းကျောက်မျက်ပြပွဲသို့ မြန်မာကျောက်မျက်အသင်းသားများ ပထမဆုံး သွားရောက်ပြသမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် (၅၂)ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲ သို့ မြန်မာနိုင် ငံ ကျောက်မျက် ရတနာအသင်းမှ အသင်းသားများက ပထမဆုံး သွားရောက်ပြသမည်ဖြစ်ကြောင်း ယင်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြားသည်။ ဘန်ကောက်မြို့ IMPACT Convention Center တွင် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော် ဝင်ရောက်ပြသမည် ဖြစ်ကြောင်း ယင်းအသင်းထံမှ စုံစမ်းသိရှိရသည်။

“အရင်တုန်းကတော့ အသင်းသား အနေနဲ့ မသွားဖူးဘူး။ UMFCCI ကနေ ကိုယ့်အုပ်စုနဲ့ကိုယ်ပဲ သွားပြကြ တာ များတယ်။ အသင်းသား အနေနဲ့ကတော့ ပထမဆုံးပဲ” ဟု ဦးလှထွန်းအောင်က ပြောဆိုသည်။ ယင်းပွဲတွင် ထိုင်းနိုင်ငံအကြိုက် ပတ္တမြားနှင့် နီလာတို့ကို အဓိကပြသမည်ဖြစ်ပြီး ရွှေထည်များလည်း ပါဝင်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ထိုင်းနိုင်ငံ ကျောက်မျက်ပြပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာန တို့၏ ခွင့်ပြုချက်ဖြင့် သွားရောက်ြ ပသခြင်းဖြစ်ပြီး ပြသမည့် ကျောက်မျက် ရတနာများကို ကျောက်မျက်ကျွမ်းကျင် ပညာရှင်များ၊ ရာဖြတ် များဖြင့် စစ်ဆေးပြီးမှသာ ပြသခွင့်ပြုမည်ဖြစ်ကာ လာရောက်လျှောက်ထားသော အသင်းသားဦးရေ ၂၀ ခန့်ရှိကြောင်း ၄င်းက ပြောဆိုသည်။

 ကျောက်မျက်ရတနာအသင်းကို ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အသင်းသားဦးရေ ၆၀၀၀ ခန့်ရှိကြောင်း ယင်းအသင်းထံမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment