Thursday 1 August 2013

မအောင်မြင်သည့် ကြားဖြတ်ဒုံးကျည်စနစ် အမေရိကန်နိုင်ငံ ဒေါ်လာ ၂၅၀ ဘီလီယံ ဆုံးရှုံး

အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေး စနစ်တွင် နှစ် ၃ဝ ကြာ သုတေသနပြု၍ တီထွင်ခဲ့သော ကြားဖြတ် ဒုံးကျည် စနစ်တစ်ရပ်ကို မကြာသေးမီက စမ်းသပ်စစ်ဆေးခဲ့ရာ ပစ်မှတ်လွဲချော်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၂၅ဝ ဘီလီယံခန့် စိုက်ထုတ်ထားရသည့် စီမံကိန်းတစ်ခုလုံး အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဆုံးရှုံးရကြောင်း ပရက်စ်တီဗွီက ဇူလိုင် ၃၁ ရက်တွင် ဖော်ပြသည်။
 အမေရိကန်သိပ္ပံပညာရှင် အဖွဲ့အစည်းမှ အကြီးတန်းအရာရှိ ယုဆက်ဖ်ဘတ်က စီမံကိန်း အပေါ် ငွေကြေး များစွာ တစ်စုံတစ်ရာ သုံးစွဲခြင်းပြုမီစနစ်၏ ချွတ်ယွင်းချက်ကို စစ်ဆေးပြင်ဆင်သင့်ကြောင်း နယူးယောက် တိုင်းမ်တွင် ရေးသားခဲ့သည်။ အမေရိကန်နိုင်ငံသည် ဇူလိုင် ၅ ရက်က ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဘတ်ခ်ျ လေတပ် အခြေစိုက်စခန်းမှ အဆင့်မြင့် ကြားဖြတ်တိုက် ဒုံးကျည်ကို စမ်းသပ်ခဲ့သည်။ မာရှဲလ်ကျွန်းစုရှိ ကာဝါဂျာလင် ရေငန်သန္တာကျောက်တန်း ဒေသတွင်ရှိသော အမေရိကန် စစ်ရေး စမ်းသပ်ကွင်းမှ ပစ်လွှတ်လိုက်သော တာဝေးပစ် ဖျက်အားပြင်းဒုံးကျည်ကို ကြားဖြတ်ပစ်ချရာတွင် ပစ်မှတ် ထိမှန်ခြင်း မရှိဘဲ စမ်းသပ်မှု မအောင်မမြင် ဖြစ်ခဲ့သည်။
(ပရက်စ်တီဗွီ)

Khit Lu Nge

No comments:

Post a Comment