Friday 2 August 2013

အခွန်ရှောင်ကာ အခွန်ကြေညာလွှာ မတင်သည့် ကုမ္ပဏီများအား ၀င်ငွေခွန်ဥပဒေအရ အရေးယူတော့မည်

ဝင်ငွေခွန် ကြေညာလွှာမတင်ဘဲ ပျက်ကွက်နေသည့် ကုမ္ပဏီများအား ၀င်ငွေခွန်ဥပဒေအရအရေးယူ ရန် ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင် က ပြော ကြားသည်။

သြဂုတ် ၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယ၀န်ကြီး ဒေါက်တာ လင်းအောင် က ၀င်ငွေခွန် ဥပဒေပုဒ်မ(၁၇)အရ မည်သူမဆို ၀င်ငွေနှစ်အတွင်း ၀င်ငွေခွန် စည်းကြပ်ထိုက် သည့် စုစုပေါင်း ၀င်ငွေရှိလျှင် မိမိ၏ ၀င်ငွေကြေညာလွှာကို စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့် အတိုင်း ၀င်ငွေနှစ် ကုန်ဆုံးပြီး သုံးလအတွင်း နှစ်စဉ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက် အတွင်း ကုမ္ပဏီများဆိုင်ရာ အခွန် ဦးစီးရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးရုံးများသို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ ထိုသို့အကြောင်း ကြားခြင်း၊ ပေး ပို့ခြင်းမရှိသော ကိစ္စရပ်များ၊ ၀င်ငွေခွန် ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သူများအတွက် အခွန် ပညာပေး စည်းရုံးဆောင်ရွက်ခြင်း၊ ၀င်ငွေခွန် ဥပဒေပုဒ်မ ၁၉ (ဃ)နှင့်အညီ ရနိုင်သရွေ့ အထောက် အထားများကို အခြေပြု၍ ၀င်ငွေခွန် စည်းကြပ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ကုမ္ပဏီများဆိုင်ရာ အခွန် ဦးစီးရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးရုံးများသို့ သတင်းပေးပို့ အကြောင်းကြားခြင်း မရှိသော ကိစ္စများ အတွက်ဝင်ငွေခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ဖြေကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် နာမည်ကျော် ကုမ္ပဏီကြီးများမှာ ယခုအထိ အခွန်တိမ်းရှောင်ခြင်း၊ ၀င်ငွေခွန် ကြေညာလွှာ တင်ရာတွင်လည်း လုပ်ငန်းအရှုံးပြကာ တိမ်းရှောင်သည့် နည်းလမ်းအားကျင့်သုံးခြင်းများရှိနေဆဲဖြစ်သည်။

ယခုအခါတွင် ထိုသို့အခွန် တိမ်းရှောင်မှုများအတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့ စည်းထားပြီး စိစစ်လျက် ရှိကြောင်းလည်း သိရသည်။
Eleven Media Group

No comments:

Post a Comment