Thursday 4 February 2016

Online ပေါ်က ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ဘယ်လိုမှမခံစားရပါဘူး - နန်းဆုဦး

Online ပေါ်က ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ နန်းဆုဦးကို မေးမြန်းရာ သူမက ဒီဗီဒီယိုဖိုင်ထွက်လာတာက သမီးတို့နဲ့ ဘာမှမဆိုင်ဘူးပေါ့နော်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဘာဖြစ်ရတာလဲဆိုတော့ ဒါ တွေအကုန်လုံးက ရိုက်ကူးရေးပေါ်မှာပဲဖြစ်တာ။ ရိုက်ကူးနေရင်းနဲ့ပဲဖြစ်တာပါ။
ရိုက်ကူးနေတဲ့ဗီဒီယိုတွေထဲကနေ သူတို့က ပြန်ထုတ်ပြီးပြတာ ဘယ်လိုဖြစ်တာလဲဆိုတော့ ရိုက်ကူး နေတာပေါ့နော်။ ရိုက်ကူးရေးမှာ ချော်လဲတဲ့ scene တို့၊ လျှပ်တစ်ပြတ် Scene တို့ဆိုတာရှိတာပဲလေ။ ချော်လဲလို့ လှမ်းဖမ်းရတဲ့ဟာမျိုးတွေလည်း ရှိတာပဲ။ မင်းသား မင်းသမီးက ကင်မရာ Angle ကို ယူရ တယ်။ ဥပမာ ကင်မရာက အရှေ့မှာ ထောင်ထားတာဖြစ်တဲ့အတွက် မင်းသား၊ မင်းသမီးက သူတို့မျက်နှာ တွေပြရမှာ ဖြစ်တဲ့အတွက် ချော်လဲ ရင်လည်း ဒီအတိုင်း နောက်ပြန်ပဲလဲ ရမယ်။ မင်းသားက ဖမ်းရင်လည်း အနောက် ကပဲဖမ်းရမယ်။ မဟုတ် လို့ရှိရင် မင်းသားနောက်စေ့ပဲမြင် ရမယ်လေ။ သူကလည်း နောက်က ဖမ်းရတဲ့အတွက် ရုတ်တရက်ဆိုတော့ သူလည်း မလဲအောင်ဖမ်း ရမှာပဲ။ ဒါကတော့ ကောင်းကောင်းလေးဖြည့်တွေးပေးရင်တော့ နားလည်လို့ရပါတယ်။ သမီးဗီဒီယိုကို လည်း သမီးပြန်ကြည့် ပြီးပါပြီ။ သမီးကိုယ်တိုင်လည်း ရိုက်ကူးခဲ့ပါတယ်။ ဘာမှလည်း အဲလိုမျိုး ပြောစရာ ကြီးတော့ မရှိပါဘူး။

အပြင်မှာ တကယ်တမ်းဖမ်းမိရင်လည်း မတော်တဆဖြစ်သွားနိုင်တာပဲ။ တမင်သက်သက်ကြီး လာလုပ်တာ လည်းမဟုတ်ပါဘူး။ အနုပညာ မောင်နှမတွေပါပဲ။ အပြင်မှာလည်း ဒီလိုပဲ ရုတ်တရက်ဆိုရင် ကိုင်လိုက် မိမှာပါပဲ။ သမီးကတော့ ဘယ်လိုမှ မခံစားရပါဘူး။ ဘာမှမမှားတဲ့ အတွက်ကြောင့်ပါ။ အဓိကက ကိုယ်ကိုယ်တိုင် သရုပ်ဆောင်ခဲ့တယ်။ ကိုယ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကလည်း ကိုယ့်အစ်ကိုလိုလည်း ခင်နေတဲ့အတွက် နောက်ပြီး အဲဒီကားကိုငှားကြည့်ရင်လည်း အဲ ဒီအခန်းကပါပါတယ်။ အဲဒီ အတွက်ကြောင့် သမီးကို ဘာဖြစ်လဲဆိုရင် သမီးက ဘာမှမဖြစ်ပါဘူးလို့ နန်းဆုဦးက ပြောခဲ့ပါတယ်။

8Days

No comments:

Post a Comment