Thursday 4 February 2016

ခံစားချက်ပိုမိုဖော်ပြနိုင်မည့် ရုပ်ပုံငယ်များ ဖေ့စ်ဘွတ်ခ်တွင် ထည့်သွင်းမည်

ခံစားချက်များကို ပိုမိုကွဲပြားစွာ ဖော်ပြနိုင်မည့် Reactions ဟုခေါ်သော ရုပ်ပုံငယ်များထည့်သွင်းရန် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ လုပ်ဆောင်နေသည်။
စပိန်၊ အိုင်ယာလန်နှင့် အခြားနေရာအနည်းငယ်တွင် စမ်းသပ်နေသော Reactions အစီအစဉ်ကိုမကြာမီ နေရာတိုင်း၌ သုံးပြုနိုင်တော့မည်ဖြစ်သည်။

စိတ်ဆိုးဒေါသထွက်စေသော အကြောင်းအရာတစ်ခုကို ဝေမျှလိုက်ချိန်တွင် Like နှိပ်ရန် နေရာသာပါရှိသောကြောင့် လူအများ ယင်းအကြောင်းအရာကို တုံ့ပြန်ရန် နည်းလမ်းမရှိဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ခံစားချက်များကို ပိုမိုဖော်ပြနိုင်မည့် Love, ha ha, wow, sad နှင့် angry စသော ချစ်ခင်ရယ်မော၊ အံ့သြ၊ ဝမ်းနည်းခြင်း ခံစားချက်များဖော်ပြနိုင်မည့် ရုပ်ပုံသစ်များ ထည့်သွင်းပေးမည်ဖြစ်သည်။

yay ဟု ဖော်ပြနိုင်သော ရုပ်ပုံတစ်ခုကို ယခင်ကထည့်သွင်းခဲ့သော်လည်း ပထမဆုံးအသုံးပြုသူများ သဘောမကျသဖြင့် ပြန်ဖယ်ရှားခဲ့ကြောင်း သိရသည်။

ဈေးကွက်ရှာဖွေရေးအေဂျင်စီလီဒါမှ မဟာဗျူဟာရေးဆွဲရေး အရာရှိချုပ် ဆိုင်မွန်ကားလ်ဗက်က ယင်းစနစ်သည် လူသားများ၏ခံစားချက်များကို အတိအကျဖော်ပြနိုင်ပါက အလွန်စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု ပြောသည်။

ဖေ့စ်ဘွတ်ခ်က ယခုကဲ့သို့ အပြောင်းအလဲတစ်ခု ပြုလုပ်လိုက်ချိန်တွင် အလွန်စိတ်လှုပ်ရှားစရာကောင်းသော အပြောင်းအလဲတစ်ခုဖြစ်လေ့ရှိကြောင်း လူမှုကွန်ရက်ဈေးကွက်ရှာဖွေရေးကျွမ်းကျင်သူ ခရစ္စတယ် အိုင်ယာလန်က ပြောကြားသည်။

ယင်းအစီအစဉ်ကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေမျှလိုက်သော အကြောင်းအရာအတွက် မြင်တွေ့ရသူများ ၎င်းတို့ခံစားချက်များကို အသေးစိတ်ဖော်ပြနိုင်တော့မည် ဖြစ်သည်။

Ref: BBC

No comments:

Post a Comment