Thursday 4 February 2016

ရခိုင်ပြည်နယ်ရှိ ပြတိုက်များ လေ့လာသူနည်းပါး၍ ဝင်ကြေးကောက်ခံမှု ရပ်ဆိုင်းထား

ကျောက်​​တော်​မဟာမုနိဘုရားပြတိုက် (ဓာတ်ပုံ − မောင်ကံ)
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်၊ ကျောက်တော် မြို့နယ်ရှိ မဟာမုနိဘုရားပြတိုက် နှင့် မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်များ၏ ဝင်ကြေး ကောက်ခံမှုကို ရပ်ဆိုင်းထား ကြောင်း သတင်းရရှိသည်။
‘‘ပြတိုက်ဝင်ကြေးပေးရတဲ့ အတွက် ဝင်ရောက်လေ့လာသူ တွေ နည်းလာတဲ့အတွက် ၂၀၁၅ ဇွန်လလောက်ကတည်းက ဝင်ကြေးမကောက်ဖို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ညွှန်ကြားခဲ့တာ ဖြစ်ပါ တယ်’’ဟု ကျောက်တော်မြို့နယ် မဟာမုနိဘုရားပြတိုက်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခင်က ပြတိုက်ဝင်ကြေး အဖြစ် လူကြီး ကျပ်၂၀၀ နှင့် ကလေးငယ် ကျပ် ၁၀၀ ကောက်ခံခဲ့ပြီး ယခုအခါ ပြတိုက်ဝင်ကြေး လုံးဝ ကောက်ခံမှုမရှိတော့ကြောင်း ၎င်း က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့များရှိ ပြတိုက်များအနက် ယဉ်ကျေးမှုပြတိုက်၊ မဟာမုနိပြတိုက်နှင့် မြောက်ဦးရှေးဟောင်းသုတေ သနပြတိုက်များသို့ ဘုရားဖူးဧည့်သည်များ အများဆုံးလာရောက်လေ့ရှိပြီး အပတ်စဉ်တနင်္လာနေ့ ကို ပြတိုက်ပိတ်ရက်အဖြစ် သတ် မှတ်ထားကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment