Thursday 4 February 2016

နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်များ ဈေးနှုန်းလျှော့ချ

စွမ်းအင်ဝန်ကြီးဌာန သည် နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချသည့် စက်သုံးဆီ ဈေးနှုန်းများကို လျှော့ချသတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။
အစိုးရ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအတွက် သီးခြား ရောင်းချပေးနေသည့် နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်များ သည် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဈေးနှုန်းများပြောင်းလဲရောင်းချ ပေးနေကြောင်း စွမ်းအင်ဝန်ကြီး ဌာနက ကြေညာသည်။

ယင်းအရောင်းဆိုင်များတွင် ရောင်းချသည့် စက်သုံးဆီအမျိုး အစား သုံးမျိုးစလုံးကို ဈေးနှုန်း လျှော့ချလိုက်ခြင်းဖြစ်ပြီး ယခင် ကထက် တစ်ဂါလန်လျှင် ကျပ် ၄၀၀ မှ ကျပ် ၇၀၀ ခန့်အထိ ဈေး ကျဆင်းသွားခဲ့သည်။

ယခင်က ပြည်တွင်းထုတ် ဓာတ်ဆီတစ်ဂါလန်လျှင် ၂,၈၀၀ ကျပ်မှ ယခု ကျပ်၂,၄၅၀သို့လည်း ကောင်း၊ အောက်တိန်း 92 တစ် ဂါလန်လျှင် ယခင်ကျပ် ၃,၀၅၀ မှယခု ၂,၅၀၀ ကျပ်သို့လည်း ကောင်း၊ ဒီဇယ်တစ်ဂါလန် ယခင် ကျပ် ၂,၉၅၀ မှ ယခု ကျပ်၂,၂၅၀ သို့လည်းကောင်း ပြောင်းလဲသတ် မှတ်လိုက်ခြင်းဖြစ်သည်။

‘‘ပြင်ပဈေးတွေလည်း အ ထိုက်အလျောက် လျှော့ချလာကြ တာဆိုတော့ နိုင်ငံပိုင်အရောင်း ဆိုင်တွေကလည်း ပြင်ပဈေးနဲ့ချိန် ဆပြီး ဈေးနှုန်းလျှော့ချပေးတဲ့ သ ဘောပါ’’ဟု စွမ်းအင်ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

ကမ္ဘာ့ရေနံစိမ်းဈေးကျဆင်း နေခြင်းကြောင့် ပြည်တွင်းဈေးနှုန်း လျှော့ချနိုင်ရန် စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းရေးကော်မတီက ကြီး ကြပ် ဆောင်ရွက်ခဲ့ရာ ဇန်န၀ါရီ ၁၈ ရက်မှစ၍ စက်သုံးဆီ အ ရောင်းဆိုင်များသည် စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၅၀ မှ ကျပ် ၈၀ ခန့်အထိ ဈေးလျှော့ချခဲ့ကြသည်။

သို့သော် အရောင်းဆိုင်များ က လျှော့ချလိုက်သည့်ဈေးနှုန်း ထက် ထပ်မံလျှော့ချ၍ ရသေး သည်ဟုဆိုကာ စွမ်းအင်ဝန်ကြီး ဌာနက ဈေးဆက်လက်ကျဆင်း ရေး ဆောင်ရွက်ရန် မြန်မာ နိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းသို့ ဇန်န၀ါရီ ၂၇ ရက်တွင် ထပ်မံတိုက်တွန်းခဲ့ သည်။

နိုင်ငံပိုင်စက်သုံးဆီအရောင်း ဆိုင်များသည် ပုဂ္ဂလိကအရောင်း ဆိုင်များ ဈေးလျှော့ချပြီး နှစ်ပတ်ခန့်အကြာမှ ဈေးနှုန်းပြင်ဆင် သတ်မှတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။စွမ်းအင်ဝန်ကြီးဌာန အနေ ဖြင့် ၂၀၁၁ တွင် နိုင်ငံပိုင်စက်သုံး ဆီအရောင်းဆိုင်များကို ပုဂ္ဂလိက သို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့ သော်လည်း ရန်ကုန်မြို့ရှိဆိုင်သုံးဆိုင် အပါအ၀င် တစ်နိုင်ငံလုံးတွင်စက်သုံးဆီ အရောင်းဆိုင် ၁၂ ဆိုင်ကို နိုင်ငံပိုင်အရောင်းဆိုင်အဖြစ်ဆက်လက်ထားရှိခဲ့သည်။

7Day Daily

No comments:

Post a Comment