Thursday 4 February 2016

ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ မူဆယ်၌ဖမ်းမိ

မူဆယ်မြို့တွင် တရုတ် နိုင်ငံသားတစ်ဦးက ဂိုဒေါင်တစ် ခုအတွင်း ဖောက်ခွဲရေးပစ္စည်းပြု လုပ်ရာ၌ အသုံးပြုသည့် အမိုး နီးယား နိုက်ထရိတ်များ သိုဝှက် ထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
မူဆယ်မြို့ ကောင်းမှုတုံမြို့ ပတ်လမ်းမှ ဂိုဒေါင်တစ်ခုကို ဖေဖော်ဝါရီ ၁ ရက် ည ၁၁ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ဂိုဒေါင်အတွင်း အမိုးနီးယားနိုက်ထရိတ်အိတ်ပေါင်း ၉,၁၃၅ အိတ် တွေ့ရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့ပိုင် လုံခြုံမှုရှိသည့်နေရာသို့ပြောင်းရွှေ့ထားကြောင်း သတင်းရရှိသည်။

‘‘သတင်းကြိုရလို့ ရဲအင်အားများများနဲ့ သက်သေခံတွေနဲ့ ဝင်ရှာတာ။ ကားတွေပေါ်မှာ တင်ထားတာတွေရော၊ ပုံထားတာတွေ ရော အိတ်ပေါင်း ၉,၀၀၀ ကျော် တယ်။ ဒါတွေက ဖောက်ခွဲရေး ပစ္စည်းလုပ်တဲ့နေရာမှာ သုံးလို့ရ သလို ပေါက်ကွဲရင်လည်း မလွယ် ဘူး။ ပမာဏများတယ်’’ဟု ၎င်းက ပြောသည်။

ဂိုဒေါင်ပိုင်ရှင်မှာ တရုတ် နိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ် ပြီး တိမ်းရှောင်နေကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။ အမိုးနီးယားနိုက်ထရိတ်ကို ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာ၌ အသုံးပြုသကဲ့သို့ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်လည်း အသုံးပြု၍ရသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် ဓာတုမြေသြဇာအဖြစ် အသုံးပြုကြသည်။

သို့သော် ဖောက်ခွဲရေးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်းဖြစ်သောကြောင့် သိုလှောင်ရောင်းချရာ၌ ခွင့်ပြုချက်မရှိပါက တရားမဝင် ပစ္စည်းအဖြစ် သတ်မှတ်ထား သည်။

‘‘ဒီလောက်များတဲ့ နိုက်ထ ရိတ်အိတ်တွေ မြို့ထဲမှာ လှောင်ထားတာ အတော်အန္တရာယ်များ တယ်။ မတော်တဆ ပေါက်ကွဲရင် မချောင်ဘူး။ သေချာစောင့်ကြည့် ပြီးမှ ရဲက ဝင်ဖမ်းတယ်ကြားတယ်။အမှုမှန်ကို သေချာစစ်ဆေးပေး စေချင်တယ်’’ဟု မူဆယ်မြို့ခံ ဦးသောင်းလှိုင်က ပြောသည်။

ယင်းအမှုကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တားဆီးကာ ကွယ်ရေးဥပဒေ ၃၇/၃၈ ဖြင့် မူ ဆယ်မြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment