Thursday 4 February 2016

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်စင်တွင် လှုပ်ရှားမှုများ ရှိနေဟု ဂျပန်မီဒီယာ ဖော်ပြ

မြောက်ကိုရီးယား၏ ဒုံးကျည်တင် စစ်ထရပ်ကားတစ်စီး
ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယား၏ ရွေ့လျားဒုံးကျည်ပစ်စင် နေရာပြောင်းရွှေ့မှုများရှိနေကြောင်း ဂျပန်အခြေစိုက် NHK သတင်းဌာနက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲအပြီး တစ်လကျော်အကြာတွင် တာဝေးပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်မည်ဟု သတင်းကြီးနေသည်။ ထိုအတောအတွင်း မြောက်ကိုရီးယားမီဒီယာများကလည်း နိုင်ငံအနေဖြင့် ဂြိုဟ်တုတစ်လုံး လွှတ်တင်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ အဆိုပါဂြိုဟ်တု လွှင်တင်မည့်အစီအစဉ်သည် ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ဖုံးကွယ်ထားခြင်းဟု ယူဆနေသည်။

မြောက်ကိုရီးယားကမူ မိမိတို့၏အစီအစဉ်သည် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုတစ်ခုလွှတ်တင်ရန် သက်သက်သာဖြစ်ကြောင်း အခိုင်အမာပြောဆိုထားသည်။ NHK ၏ အဆိုအရ မြောက်ကိုရီးယား၏ ရွေ့လျားဒုံးကျည်ပစ်စင်သည် ပုံမှန်အားဖြင့် နေရာပြောင်းရွှေ့လေ့ မရှိကြောင်းလည်း သိရသည်။

“မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ကမ်းခြေမှ အခြေစိုက်ထားတဲ့ ဒုံးကျည်ပစ်စင် ရွေ့လျားနေရာပြောင်းလဲမှုတွေ ရှိခဲ့တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု သတင်းဌာနက ဖော်ပြသည်။ အဆိုပါပစ်စင်ပေါ်တွင် တိုက်ချင်းပစ်ဒုံးကျည်တစ်စီး တပ်ဆင်ထားသည်ဟု ယူဆရဖွယ်ရှိကြောင်းလည်း NHK က ဆိုသည်။ သို့သော် မြောက်ကိုရီးယားကမူ အဆိုပါဒုံးကျည်သည် တာတိုပစ်၊ သို့မဟုတ် တာဝေးပစ်အမျိုးအစား ဖြစ်သည်ကို အတည်မပြုချေ။

မြောက်ကိုရီးယားက မိမိတို့သည် ကမ္ဘာမြေဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို ဒုံးပျံနှင့်အတူလွှတ်တင်ရန် ပြင်ဆင်နေပြီး
ဖေဖော်ဝါရီ ၈ ရက်မှ ၂၅ ရက်အတွင်း လက်တွေ့ပစ်လွှတ်မှု ပြုလုပ်မည်ဟု ကြေညာထားသည်။

Ref: CNA

No comments:

Post a Comment