Thursday 4 February 2016

နိုင်ငံတကာအဆင့်မီ တည်ဆောက်နေသော စစ်တွေမြို့ ပွိုင့်ကမ်းခြေ ယခုလအတွင်း ဖွင့်လှစ်မည်

အဆင့်မြင့် တည်ဆောက်ထားသော စစ်တွေပွိုင့်ကမ်းခြေတစ်နေရာ (ဓာတ်ပုံ − မောင်ကံ)
နိုင်ငံတကာ အဆင့်မီ ပြန်လည်တည်ဆောက်နေသော စစ်တွေမြို့၏ ပွိုင့်ကမ်းခြေကို ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ပွိုင့်ကမ်းခြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ရာနှုန်းပြည့်ပြီးစီးနေပါပြီ။ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်။ လုပ်ငန်းဆောင်ရွက်နေတဲ့ ကာလအတွင်းမှာလည်း လူတွေကို ဝင်ထွက်လေ့လာခွင့်ပြုခဲ့ပါတယ်’’ဟု အေးငြိမ်ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တွေမြို့ပွိုင့်ကမ်းခြေကို အေးငြိမ်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ရခိုင်ရိုးရာယဉ်ကျေးမှု လက်ရာများဖြစ်သည့် ရခိုင်ညွှန့် ဖူးရုပ်တု၊ ရခိုင်ဗျာလ်ရုပ်တု၊ ရခိုင် ရိုးရာကျင်ကိုင်နေပုံများကို ထုလုပ်ပြသထားကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ လာရောက်ကြသည့် ဧည့်သည်များနှင့် အခြားဒေသများမှ ဧည့်သည်များ၊ နိုင်ငံခြားခရီးသွားဧည့်သည်များ အလေးထားလာရောက်၍ အပန်းဖြေကြလေ့ရှိကြောင်း မြို့ခံအများစုက ပြောသည်။

7Day Daily

No comments:

Post a Comment