Thursday 4 February 2016

ငွေဆောင် အဆင့်မြင့်အပန်းဖြေအိမ်ရာ လာမည့် မိုးရာသီတွင် စတင်တည်ဆောက်မည်

ငွေဆောင်ကမ်းခြေတွင် လာမည့် မိုးကာလ၌ စတင်တည် ဆောက်မည့် အဆင့်မြင့်အပန်းဖြေ အိမ်ရာမှ အခန်း ၅၀ ကျော် ရောင်း ချပြီးဖြစ်ကြောင်း Ayeyarwaddy Resort and Villa Development ကုမ္ပဏီမှ သတင်းရရှိသည်။
မြေဧက ၁၆၀ ကျော်တွင် တည်ဆောက်မှုအဆင့် သုံးဆင့်ခွဲ ကာတည်ဆောက်မည့် အဆိုပါ အဆင့်မြင့်အိမ်ရာစီမံကိန်းသည် ပထမအဆင့်တွင် အခန်း ၁၀၀ ကျော် အား ၂၀၁၅ ဒီဇင်ဘာမှစတင်၍ အရောင်းဖွင့်ခဲ့ရာ ၅၂ ခန်းရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ငွေဆောင်ကမ်းခြေနှင့် ပေ ၁,၅၀၀ ကျော်ကွာဝေးသည့် နေရာ တွင် တည်ဆောက်မည့် တစ်ခန်း လျှင် ကျပ်သိန်း ၂,၆၀၀ မှ သိန်း ၄,၀၀၀ အထိ ကျသင့်မည့်အဆင့်မြင်အိမ်ရာအလုံးပေါင်း ၄၄၈ လုံးကို ရောင်းချမည်ဖြစ်သည်။

တစ်ခန်းလျှင် ကျပ် သိန်း ၂၆၀၀၊ သိန်း ၃၉၀၀ နှင့် သိန်း ၄၀၀၀ အထိ လက်ရှိဈေးဖွင့်ထား ပြီး ကမ်းခြေနှင့် နီးကပ်လေလေ ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းကို TSC Enterprise မှ အတိုင်ပင်ခံကုမ္ပဏီ အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာ ဝတီတိုင်းဒေသကြီးမှ ကုမ္ပဏီ ၂၀ နှင့် ပူးပေါင်းကာ Ayeyarwaddy Resort and Villa Development ကုမ္ပဏီအဖြစ် ရင်းနှီးမြှပ်နှံလုပ်ကိုင် မည့် စီမံကိန်းဖြစ်သည်။

အခန်းဝယ်ယူလိုသူများသည် ကုမ္ပဏီမှ သတ်မှတ်လိုက်သည့် ၂၄ လ အရစ်ကျငွေပေးချေမှုစနစ် ဖြင့် စတင် ပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။

အိမ်ခန်းဝယ်ယူထားသူများ မနေထိုင်ဖြစ်ပါက ငွေဆောင်ကမ်း ခြေရှိ အခန်းငှားရမ်းလိုသူများနှင့် ချိတ်ဆက်ပြီး ပြန်လည်ငှားရမ်းပေးမည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးမည်ဟုဆိုသည်။

7Day Daily

No comments:

Post a Comment