Thursday 4 February 2016

အယ်လ်နီညိုရာသီဥတုကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ အခက်အခဲမဖြစ်ရန် ပြင်ဆင်

ညောင်ကန်တိုက်နယ်မြို့မိကျေးရွာရှိ လက်ယက်တွင်းတွင် ရေလာခပ်သူများ(ဓာတ်ပုံ−မိုးကျော်)
အယ်လ်နီညိုရာသီဥတု ကျရောက်ချိန် မန္တလေးတိုင်းဒေသ ကြီးအတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေ အဆင်ပြေစွာ သုံးစွဲနိုင် ရေး တိုင်းဒေသကြီးအဆင့်ဦးစီးဌာ နငါးခုပါဝင်ဖွဲ့စည်းထားသော ကြီးကြပ်ရေးအဖွဲ့ဖြင့် ပူးပေါင်းလုပ် ဆောင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတုကျရောက် ချိန်တွင် ကျေးလက်ဒေသများ အပါအဝင် မန္တလေးတိုင်းဒေသကြီး အတွင်း သောက်သုံးရေနှင့် စိုက် ပျိုးရေအခက်အခဲမရှိစေရန်၊ အလေအလွင့်မရှိဘဲ စနစ်တကျသုံးစွဲ နိုင်ရန်နှင့် ကြုံတွေ့လာနိုင်သည့် ရေရှားပါးမှုပြဿနာများ ပူးပေါင်း ဖြေရှင်းနိုင်ရန် ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းကြီးကြပ်ရေးကော်မတီတွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်ဦးက ပြောသည်။

‘‘သောက်သုံးရေနဲ့ပတ်သက် လို့ ကျေးလက်က ရေတွင်းရေကန် တွေကို စာရင်းပြုစုပြီး သောက်သုံး ဖို့ကောင်းတယ်ဆိုရင် ကောင်းတဲ့ အကြောင်း၊ မကောင်းဘူးဆိုရင် လည်း မကောင်းတဲ့ အကြောင်း ပေါ့။ ကောင်းတဲ့ကန်တွေကို စနစ် တကျသုံးစွဲဖို့၊ မကောင်းရင်ပြင်ဖို့ စတာတွေ လုပ်မယ်။ ရေအခက်အ ခဲရှိတဲ့ ကျေးရွာတွေအတွက် ရေ ဖြည့်ဆည်းပေးနိုင်ဖို့ ကားတို့၊ ရေ တို့ အဆင်သင့်ဖြစ်အောင် ကြိုတင် ပြင်ဆင်ထားတာမျိုးတွေ လုပ်မှာ ဖြစ်ပါတယ်’’ဟု ဦးမြင့်ဦးက ပြော သည်။

စိုက်ပျိုးရေ အဆင်ပြေလုံလောက်စွာ သုံးစွဲနိုင်ရန် သက်တမ်းတို၊ အထွက်တိုး သီးနှံများစိုက်ပျိုးကြရန်၊ စုပေါင်းပျိုးထောင်ခြင်းနှင့် ပျိုးထောင်ချိန် ကွာခြားမှုမရှိဘဲ ပူးပေါင်းလုပ်ဆောင်ကြရန် စသည်တို့ကို တောင်သူလယ်သမားနှင့် တွေ့ဆုံညှိနှိုင်းလုပ်ဆောင်မည်ဟု ဦးမြင့်ဦးက ဆိုသည်။

‘‘ရပ်ကျေးတွေနဲ့ပေါင်းပြီး မြို့ နယ်တွေက အဓိကလုပ်ဆောင်မှာ ပေါ့။ ကော်မတီကတော့ လိုအပ် တာကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးမယ်။ အဓိကအကောင် အထည်ဖော်မှာကတော့ မြို့နယ် က လုပ်ကိုင်မှာပေါ့’’ဟု ဦးမြင့်ဦး က ပြောသည်။

ကြီးကြပ်ရေးကော်မတီတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ ရေအရင်းမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာန စသည့် ဦးစီးဌာနများ ပါဝင် ဖွဲ့စည်းထားသည်။

မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသတွင် ပါ ဝင်ပြီး မိတ္ထီလာ၊ မြင်းခြံနှင့် ညောင် ဦးခရိုင်များရှိ ကျေးရွာအချို့သည်နှစ် စဉ်နွေရာသီတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့ရမှုများရှိနေ သည်။

ညောင်ဦးမြို့နယ်ရှိ ကျေးရွာ အများစုတွင် စက်ရေတွင်းများတူး ဖော်ထားပြီးဖြစ်၍ သောက်သုံးရေ အတွက် များစွာစိတ်ပူရန် မလိုတော့သော်လည်း စက်ရေတွင်း များမောင်းနှင်နိုင်ရန် စက်သုံးဆီ အလှူရှင်များလိုအပ်နေကြောင်း ညောင်ဦးမြို့ခံတစ်ဦးက ပြောသည်။

ယခုနှစ်နွေရာသီသည် မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာတွင် ရာစုနှစ် တစ်ခုအတွင်း အားအကောင်းဆုံး အယ်လ်နီညိုရာသီဥတုကျရောက် မည်ဖြစ်ပြီး အလွန်ပူပြင်းခြောက် သွေ့မည်ဖြစ် ကြိုတင်ပြင်ဆင်ထားကြရန် မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက သတိပေးထား သည်။

7Day Daily

No comments:

Post a Comment