Monday 1 February 2016

ပဲစင်းငုံအနီ လှောင်သူမရှိသော်လည်း အရောင်းအဝယ်ဖြစ်နေဟုဆို

ပဲစင်းငုံအနီဈေးနှုန်း များ ယခင်နှစ်ကထက် ဈေးမြင့်နေ၍ ဒေသတွင်းသီးနှံဝယ်စုသူ (ကုန်လှောင်သူ)မရှိ ဖြစ်နေခဲ့ သော်လည်း ပြင်ပအဝယ်လိုက် နေခဲ့ပြီး အရောင်းအဝယ် ဖြစ်နေ ကြောင်း အောင်လံပွဲရုံများမှ သ တင်းရရှိသည်။
‘‘ဒီဘက် ဈေးကွက်မှာတော့ ဈေးအေးတယ်ဆိုပေမယ့် ဈေးက မဖြစ်စဖူးအမြင့်ကြီးဖြစ်နေတော့ လှောင်သူမရှိဘူး။ ပွဲရုံတချို့ပဲ တစ်ရက်၊ နှစ်ရက်ထားတာရှိတယ်။ ခု မျိုးခုပြုတ်ပဲ(အခုဝယ် အခုရောင်း)လုပ်နေကြတာ။ ဒါပေမဲ့ ဝယ်လက်ကမပြတ်တော့ အရောင်းအဝယ် ဖြစ်နေတယ်’’ဟု အောင်လံကုန် သည်အသင်းဒုတိယဥက္ကဋ္ဌ ဦးစိန် ဝင်းက ပြောသည်။

ဇန်နဝါရီ ၃၁ ရက်တွင် ပဲစင်းငုံအနီ ပိဿာ နှစ်ဆယ်လျှင် လေးသောင်းခုနစ်ထောင်ကျော် ဖြစ်ပြီး ပဲစင်းငုံအနီ ပေါ်စ လွန်ခဲ့သည့် တစ်လခန့်က ငါးသောင်း ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

၂၀၁၄ ခန့်က ပဲစင်းငုံအနီ ပိဿာနှစ်ဆယ်လျှင် နှစ်သောင်း ငါးထောင်ကျပ်ခန့်သာ အမြင့်ဆုံး ဈေးဖြစ်ခဲ့ကြောင်း အောင်လံကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဦးစီးအရာရှိက ပြောသည်။

ထို့ကြောင့် ယခုနှစ် ပဲစင်းငုံ ရာသီတွင် သီးနှံဝယ်ယူစုထားသူ များအနေဖြင့် လှောင်မထားရဲကြ ခြင်းဖြစ်နိုင်ကြောင်း ကုန်သည်အ သင်းဒုဥက္ကဋ္ဌက ပြောသည်။

အောင်လံဈေးကွက်အတွင်း ပဲစင်းငုံလှောင်သူနည်းပါးခဲ့သော် လည်း ပြည်ပပို့မည့် ဝယ်လက်အ ဝယ်လိုက်၍ ပွဲရုံများသို့ ကုန်ဝင် ရောက်သလောက် ရောင်းချနေရ ကြောင်း ၎င်းက ဆက်လက်ပြော သည်။ ယခုနှစ်သီးနှံစိုက်ရာသီတွင် ပဲစင်းငုံအနီစိုက် တောင်သူများ သည် အခြားသီးနှံများထက် အထွက်နှုန်းကောင်းပြီး ဈေးရခဲ့သောကြောင့် တွက်ခြေကိုက်ခဲ့ကြသော် လည်း နှမ်းစိုက်တောင်သူအများ စုမှာမူ ရာသီဥတုကြောင့် အရှုံး ပေါ်ခဲ့ကြသည်။

7Day Daily

No comments:

Post a Comment