Monday 1 February 2016

မြန်မာများ ကွမ်းတံတွေးထွေးလျှင် ဒဏ်ငွေ ၀မ်တစ်သိန်းနှင့် အချုပ်ကျခံရမည်ဖြစ်ကြောင်း ကိုရီးယားရဲတပ်ဖွဲ့ သတိပေး

ကွမ်းစားသော မြန်မာအချို့ ကွမ်းတံတွေးထွေးထားသည့် နေရာတစ်နေရာ (ဓာတ်ပုံ − စိုးမိုးသူ)
ကိုရီးယားနိုင်ငံရောက် မြန်မာများ လမ်းမများပေါ်တွင် ကွမ်းတံတွေးမထွေးရန်နှင့် ယင်းသို့ထွေးပါက ၀မ်ငွေတစ်သိန်း ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး အချုပ်ကျခံရမည်ဖြစ်ကြောင်း ကိုရီးယားရဲတပ်ဖွဲ့က သတိပေး စာထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံရောက် မြန် မာများ ကွမ်းယာစားသုံးမှုများပြားလာပြီး လမ်းဘေးသစ်ပင်၊ ရေနုတ်မြောင်း၊ လူသွားလမ်း စသည့်နေရာများတွင် ကွမ်းတံတွေး များဖြင့် ညစ်ပတ်နေ၍ ကိုရီးယား လူမျိုးများနှင့် အခြားနိုင်ငံသား များက ရွံရှာမှုများဖြစ်ပေါ်လျက်ရှိ ကြောင်း သတိပေးစာတွင် ဖော် ပြထားသည်။

ကွမ်းတံတွေးထွေးခြင်းသည် ညစ်ညမ်းစေရုံသာမက ကိုရီးယားနိုင်ငံ၏ ဥပဒေကိုလည်းဆန့်ကျင်နေကြောင်းထပ်မံဖော်ပြထားသည်။ကွမ်းတံတွေးထွေးခြင်းပြုလုပ်ပါက ပြစ်မှုငယ်များ စီရင်ချက်ဥပဒေအခန်း(၃)အပုဒ်(၁)(၁၂)အရ ၀မ်ငွေတစ်သိန်းဒဏ်ငွေနှင့် အချုပ်ပြစ်ဒဏ်အပါအ၀င်ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အင်းချွန်းမြို့၊ ဘူ ဖြောင်းဒေသရှိ ဘူတာနှင့် အနီးဝန်းကျင် လမ်းမများပေါ်တွင် ကွမ်းတံတွေးများကြောင့် ညစ်ပတ်လျက်ရှိကြောင်း ဘူဖြောင်းရဲတပ်ဖွဲ့က ထုတ်ပြန်သော သတိပေးစာ၌ ဖော်ပြထားသည်။

‘‘ရဲတပ်ဖွဲ့က တောင်းဆိုလာ တာပေါ့။ ကွမ်းတံတွေးကိုစည်း ကမ်းမဲ့ထွေးနေရင် မီဒီယာက သိ သွားပြီးတော့ ဖြစ်လာပြီဆိုရင် အ ထက်လူကြီးတွေက သိမယ်ပေါ့။ အဲဒါဆိုရင် သူတို့လည်း အထောင်းခံရမှာဖြစ်သလို လူကြီး တွေကလည်း ပြင်းပြင်းထန်ထန် ကိုင်တွယ်ခိုင်းမှာပဲလေ။ အဲဒါ ကြောင့် အခြေအနေ အဆိုးထိမ ရောက်အောင် ရဲတွေက ကျွန် တော်တို့နဲ့ လာပြီး ဆွေးနွေးတယ်။ ဒါဟာ သူတို့ဆီမှာ ဥပဒေလည်း ရှိတယ်ပေါ့။ သူတို့ကလည်း ကွမ်း စားတာဟာ မြန်မာ့ယဉ်ကျေးမှုဆို ပြီး ယူဆတယ်။ အဲဒါကြောင့် ယဉ်ကျေးမှုကိုလည်း မပယ် ဖျောက်ချင်ဘူးပေါ့။ ကွမ်းကို စည်း ကမ်းတကျထွေးပေးဖို့ပေါ့။ ကိုယ့် ဘာသာကိုယ် ကိုယ့်အိတ်နဲ့ပဲထွေးပေါ့။ စည်းကမ်းတကျထွေးပေးဖို့ တောင်းဆိုတာပါ’’ဟု ဘူဖြောင်း ဒေသနှင့် ကိုရီးယားနိုင်ငံအတွင်း ကွမ်းတံတွေးပပျောက်ရေးကော် မတီဝင် ကိုစိုးမိုးသူကပြောသည်။

ဘူဖြောင်းဒေသတွင် ကွမ်း တံတွေးများဖြင့် ညစ်ပေလျက်ရှိ၍ ကိုရီး ယားရောက်မြန်မာများက ကွမ်း တံတွေးပပျောက်ရေးအဖွဲ့ ဖွဲ့ စည်း၍ သန့်ရှင်းရေးများလုပ် ဆောင်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ကိုရီးယားလို နိုင်ငံမျိုးမှာ တံတွေးတောင်မှ လူသွားလူလာ တို့၊ လမ်းမပေါ်တို့၊ လူအများသွားလာတဲ့ ပန်းခြံတို့လိုနေရာတွေမှာ ထွေးပိုင်ခွင့်မရှိဘူး။ ဥပဒေအရလည်း တားမြစ်ထားတာကိုး။ ကွမ်းဆိုတဲ့ဟာက တံတွေးလိုလည်းမဟုတ်ဘူးလေ။ ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ စွန်းထင်းကျန်ရစ်တယ်။ နောက်ပြီးတော့ ကိုယ်တွေ အချင်းချင်းက ကွမ်းမှန်းသိပေမယ့် တခြားနိုင်ငံခြားသားအနေနဲ့က ပါးစပ်ရဲနေတာဟာ သွေးပဲ အန်နေတာလားပေါ့’’ဟု ကိုစိုးမိုးသူကပြောသည်။

ဘူဖြောင်းဒေသ ဘူတာရုံ အနီးတွင် ကွမ်းယာ အပါအ၀င် မြန်မာနိုင်ငံထွက်ကုန်ပစ္စည်းများ ကို ၀ယ်ယူနိုင်သည့် မြန်မာဆိုင်တန်းများရှိကြောင်း သတင်းရရှိသည်။ ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသား နှစ်သောင်းကျော်သွားရောက် အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment