Monday 1 February 2016

မြေအောက်ခန်းတွင် လက်နက်ခဲယမ်းများရှိသော နေအိမ်ကို ၀င်ရောက်စီးနင်း ဖမ်းဆီး

မော်လမြိုင်မြို့ရှိ နေအိမ် တစ်အိမ်၏ မြေအောက်ခန်းအ တွင်း လက်နက်ခဲယမ်းများသိမ်း ဆည်းထား၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပြီး အိမ်ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးစစ်ဆေးနေကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မော်လမြိုင်မြို့ ဇေယျာသီရိ ရပ်ကွက် သပြေလမ်းရှိ အိမ်တစ် အိမ်ကို ဇန်န၀ါရီ ၃၀ရက်ညက ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီးအ ဆိုပါအိမ်မှ AK-47ရိုင်ဖယ်သေ နတ်တစ်လက်အပါအ၀င် စုစု ပေါင်းသေနတ်ရှစ်လက် တွေ့ရှိ သောကြောင့် အိမ်ပိုင်ရှင်အမျိုး သားကို ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီးဘိုဘိုဦးက ပြောသည်။

‘‘ည ၁၁နာရီလောက်ဝင်ဖမ်း တာ။ အိမ်ထဲနဲ့ အိမ်မြေအောက် ထပ်မှာ သေနတ်တွေ တွေ့တယ် လေ။ အခုတော့ အိမ်ရှင်အမျိုး သားကို စစ်နေတယ်’’ဟု ရဲမှူးကြီး ဘိုဘိုဦးကပြောသည်။

ဖမ်းဆီးခံရသည့်အမျိုးသား သည် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ပတ်သက်မှုရှိနေပြီး လက်နက်များကိုလည်း ရှမ်းပြည်နယ်အခြေစိုက်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံရောင်းချရန်စီစဉ်ထားသည်ဟု ကြိုတင်သတင်းရထားသောကြောင့် ၀င်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှသတင်းရရှိသည်။ အဆိုပါအမှုကို လက်နက်မှု ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

7Day Daily

No comments:

Post a Comment