Monday 1 February 2016

ကိုယ်ဝန်ဖျက်ချရန် ဝန်ဆောင်မှုပေးမည့် လက်ကမ်းစာစောင်ဝေငှသူများကို ရဲတပ်ဖွဲ့စုံစမ်းနေ

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ကိုယ်ဝန်ဖျက်ချ ခြင်းနှင့် ပတ်သက်သည့် ဆေးကုသပေးမည့် လက်ကမ်းစာစောင်များ လိုက်လံဝေငှသူများကို စုံ စမ်းဖော်ထုတ်ရန် စီစဉ်လျက်ရှိ ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲမှူးဇော်ဝင်းက ပြောသည်။
‘‘မြန်မာပြည်မှာ ကိုယ်ဝန် ဖျက်ချဖို့အတွက် တရားဝင်ခွင့်ပြု ထားတဲ့ ဥပဒေမရှိပါဘူး။ ဒီလိုစာ စောင်တွေ ဝေနေတဲ့သူတွေကို လည်း လိုက်ပြီးရှာနေပါတယ်။ ဖမ်းဆီးရမိတဲ့အခါမှာလည်း တည်ဆဲဥပဒေပုဒ်မနဲ့ အရေးယူမယ်။ သူတို့ရေးထားတဲ့ ဖုန်းနံပါတ်တွေ ကိုလည်း စုံစမ်းနေပါတယ်’’ဟု ရဲမှူးဇော်ဝင်းက ပြောသည်။
ကိုယ်ဝန်ဖျက်ချရန် လက် ကမ်းစာစောင်များကို ၂၀၁၅ ဒီ ဇင်ဘာမှစတင်ကာ အမျိုးသားများအား လိုက်လံဝေငှပေးခြင်း ဖြစ်ကြောင်း မြောက်ဥက္ကလာပ မြို့နယ်နေ ကိုသားသားက ပြော သည်။
‘‘ဝေတာကတော့ နေ့စား ကောင်လေးတွေနဲ့ ဝေတာ။ အ သက်ကတော့ (၁၅)နှစ်၊ (၁၆) နှစ်အရွယ်တွေကို ဝေနေတာ။ ယောက်ျားလေးတွေကိုပဲပေးတာ သတိထားမိတယ်။ နေ့လယ်အ ချိန်တွေမှာ ဝေတယ်။ ကျွန်တော် တောင် နှစ်ခါရှိပြီရတာ။ တစ်ပတ် တစ်ခါလောက် လာဝေတာတော့ တွေ့တယ်’’ဟု ကိုသားသားက ပြောသည်။
လူအများကြား ဝေငှထား သည့် ယင်းစာရွက်တွေ့ရှိသူတစ် ဦးက ဓာတ်ပုံရိုက်ကာ လူမှုကွန် ရက်တွင် ဝေမျှခဲ့ရာ ဝေဖန်မှု အများအပြားဖြစ်ပေါ်ခဲ့သည်။ အဆို ပါ ကြော်ငြာစာရွက်ကို လူမှုကွန် ရက်တွင် တွေ့ရှိခဲ့ပြီးနောက် ရဲ တပ်ဖွဲ့က လိုက်လံစုံစမ်းလျက်ရှိ သည်။ ယင်းစာရွက်တွင် ကိုယ်ဝန် ဖျက်ချခြင်းအတွက် ဝန်ဆောင်မှု ပေးမည်ဟု ဖော်ပြထားခြင်း မ ဟုတ်သော်လည်း ရေးသားထား သည့် ကြော်ငြာစာသားမှာ ယင်း အဓိပ္ပာယ်ဖြင့် ကြော်ငြာထားခြင်း ဖြစ်သည်။
‘‘ဒီခေတ်မှာ လူငယ်တွေအ များစုက လိင်ကိစ္စကို အရေးကြီး တယ်လို့ မယူဆတော့ဘူး။ ဆေး ဝါးတွေကလည်း ပေါ်နေတာပါ သလို မိန်းကလေးတွေကလည်း မိမိကိုယ်ကိုယ် တန်ဖိုးထားတဲ့သူ တွေ အရင်ထက်နည်းလာတယ်။ ကိုယ်ဝန်ရလာမှ အပြင်မှာဖြစ် သလို ဖျက်ချတဲ့အခါ အသက်အန္တရာယ်ရှိတယ်။ သွေးထွက်လွန်တော့လည်း ဆေးခန်းမပြရဲတော့ မသေသင့်ဘဲ သေဆုံးရတဲ့ အမျိုး သမီးတွေရှိတယ်။ ကလေးမလို ချင်ရင် အတူမနေခင်ကတည်းက ကြိုတင်ကာကွယ်ပါလို့ ပြောချင် တယ်’’ဟု ဒေါက်တာကျော်စွာက ပြောသည်။
ကိုယ်ဝန်ပျက်ကျစေရန် ပြု လုပ်သူနှင့် မိခင်ကို ပြစ်မှုပုဒ်မ ၃၁၂၊ ၃၁၂ (က၊ ခ၊ ဂ၊ ဃ) ၃၁၃၊ ၃၁၄၊ ၃၁၅၊ ၃၁၆ တို့ဖြင့် အမှုဖွင့် အရေးယူနိုင်ကာ ထောင်ဒဏ်သုံး နှစ်မှ ခုနစ်နှစ်အထိ ချမှတ်နိုင်ပြီး ဒဏ်ငွေလည်း ချမှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ကြီးက ပြောသည်။
7Day Daily

No comments:

Post a Comment